မာတိကာ
နိုဝင်ဘာ ၁၅၊ ၂၀၁၁
လေ့လာရန်စာစောင်
သင်တန်းဆောင်းပါးများ-
ဒီဇင်ဘာ ၂၆၊ ၂၀၁၁–ဇန်နဝါရီ ၁၊ ၂၀၁၂
စာမျက်နှာ ၆
ဇန်နဝါရီ ၂-၈၊ ၂၀၁၂
ငြိမ်သက်ခြင်းရှိဖို့၊ အသက်ရဖို့ စွမ်းအားတော်အတိုင်း လိုက်လျှောက်ပါ
စာမျက်နှာ ၁၀
ဇန်နဝါရီ ၉-၁၅၊ ၂၀၁၂
ဆိုးညစ်တဲ့လောကအလယ်မှာ “ခေတ္တနေထိုင်သူများ”
စာမျက်နှာ ၁၆
ဇန်နဝါရီ ၁၆-၂၂၊ ၂၀၁၂
အမှန်တရားမှာတိုးတက်ဖို့ အမျိုးသားများကို ကူညီပါ
စာမျက်နှာ ၂၃
ဇန်နဝါရီ ၂၃-၂၉၊ ၂၀၁၂
ကြိုးစားတက်လှမ်းဖို့ ညီအစ်ကိုတွေကို ကူညီပေးပါ
စာမျက်နှာ ၂၈
သင်တန်းဆောင်းပါးများ၏ရည်ရွယ်ချက်
သင်တန်းဆောင်းပါး ၁ စာမျက်နှာ ၆-၁၀
ဘုရားသခင့်ပြင်ဆင်ပေးချက်တစ်ခုဖြစ်တဲ့ ဆုတောင်းခြင်းကနေ သင် အကျိုးအပြည့်အဝရယူနေပါသလား။ စိုးရိမ်ပူပန်စရာအခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ၊ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါ ဒါမှမဟုတ် သွေးဆောင်မှုတွေကို တွန်းလှန်ရတဲ့အခါတွေမှာ ဆုတောင်းခြင်းက သင့်ကို ဘယ်လိုကူညီပေးတယ်ဆိုတာကို လေ့လာပါ။
သင်တန်းဆောင်းပါး ၂ စာမျက်နှာ ၁၀-၁၄
တမန်တော်ပေါလုက ရောမမှာရှိတဲ့ခရစ်ယာန်တွေကို အသက်ရှင်ခြင်းနဲ့ ငြိမ်သက်ခြင်းရဖို့ ဘယ်အရာအပေါ်စိတ်စွဲလမ်းရမယ်ဆိုတာကို ပြောခဲ့တယ်။ သူ့ရဲ့သွန်သင်ဆုံးမမှုကနေ သင် ဘယ်လိုအကျိုးခံစားရနိုင်တယ်ဆိုတာ သင်ယူပါ။
သင်တန်းဆောင်းပါး ၃ စာမျက်နှာ ၁၆-၂၀
ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့အတိုင်း ရှေးခေတ်သစ္စာရှိအမျိုးသားတွေဟာ “ခေတ္တနေထိုင်သူများ” အဖြစ် အသက်ရှင်နေထိုင်ခဲ့ကြတယ်။ ပထမရာစုအချိန်က ယေရှုရဲ့နောက်လိုက်တွေလည်း အလားတူ အသက်ရှင်နေထိုင်ခဲ့ကြတယ်။ ဒါဆိုရင် မျက်မှောက်ခေတ် ခရစ်ယာန်စစ်တွေကော။ ဒီဆိုးညစ်တဲ့လောကမှာ ခေတ္တနေထိုင်သူတွေအဖြစ် အသက်ရှင်ခြင်းဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ သုံးသပ်ကြည့်ကြစို့။
သင်တန်းဆောင်းပါး ၄၊ ၅ စာမျက်နှာ ၂၃-၃၂
အသင်းတော်မှာ ဦးဆောင်နိုင်တဲ့ အမျိုးသားတွေ လိုအပ်နေတယ်။ ယေရှုက အမျိုးသားများစွာ သတင်းကောင်းလက်ခံပြီး အဲဒီနောက် အသင်းတော်တာဝန်တွေကို ထမ်းဆောင်နိုင်တဲ့အရည်အချင်းရှိဖို့ သူတို့ကို ကူညီပေးခဲ့တယ်။ ကျွန်ုပ်တို့ ဟောပြောတဲ့ရပ်ကွက်မှာတွေ့ရတဲ့အမျိုးသားတွေကို ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်တယ်၊ နှစ်ခြင်းခံပြီးသားအမျိုးသားတွေ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ တာဝန်တွေကိုလက်ခံဖို့ ကြိုးစားတက်လှမ်းရာမှာ ကျွန်ုပ်တို့ ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာကို ကိုယ်တော်အသုံးပြုခဲ့တဲ့ နည်းလမ်းတွေကို လေ့လာခြင်းအားဖြင့် သိရမှာဖြစ်တယ်။
အရန်ဆောင်းပါးများ
၃ ယေဟု စစ်မှန်တဲ့ဝတ်ပြုရေးကို ကာကွယ်သူ
၁၅ “မသန်မစွမ်းဖြစ်နေပေမဲ့ ထာဝရမဟုတ်”
၂၁ စာရှုသူများထံမှ မေးခွန်းလွှာ
၂၂ သင် “ထောက်ပံ့နိုင်ခွင့်” ရှိပြီး ရွှင်လန်းမှုခံစားရနိုင်