ရှေးဟောင်းကျမ်းလက်ရေးစာမူမှာတွေ့ရတဲ့ ဘုရားသခင့်နာမည် (ဝိုင်းပြထား)
သမ္မာကျမ်းစာ သွန်သင်ရာ
ဘုရားသခင်မှာ နာမည်ရှိသလား
လူတချို့ ပြောဆိုရာ ဘုရားသခင်မှာ နာမည်မရှိဘူးလို့ ပြောသူတွေရှိသလို ကိုယ်တော့်နာမည်က “ဘုရား၊” “သခင်” ဖြစ်တယ်လို့ ပြောသူတွေလည်းရှိတယ်။ တချို့ကတော့ ကိုယ်တော်မှာ နာမည်အများကြီးရှိတယ်လို့ ပြောကြပြန်တယ်။ သင်ကော ဘယ်လိုထင်ပါသလဲ။
သမ္မာကျမ်းစာ သွန်သင်ရာ
“ဤအမှုကိုပြုသောဘုရား၊ ဤအမှုကို ဖန်ဆင်းစီရင်သောဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားမိန့်တော်မူသည်ကား။” —ယေရမိ ၃၃:၂။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
- ဘုရားသခင်မှာ ဘွဲ့နာမတွေအများကြီးရှိပေမဲ့ ကိုယ်တော်က မိမိအတွက် နာမည်တစ်ခုတည်းပဲ ပေးထားတယ်။ —ထွက်မြောက်ရာ ၃:၁၅။ 
- ဘုရားသခင်ဟာ လျှို့ဝှက်နက်နဲသူ မဟုတ်ပါဘူး။ ကိုယ်တော်က မိမိအကြောင်း ကျွန်ုပ်တို့ကို သိစေချင်ပါတယ်။—တမန်တော် ၁၇:၂၇။ 
- ဘုရားသခင်နဲ့ ရင်နှီးကျွမ်းဝင်ဖို့ ဦးဆုံးလုပ်ရမယ့်အရာက ကိုယ်တော့်နာမည်ကို သိခြင်းဖြစ်ပါတယ်။—ယာကုပ် ၄:၈။ 
ဘုရားသခင့်နာမည်ကို အသံထွက်ခေါ်တာ မှားသလား
သင် ဘယ်လိုထင်သလဲ
- မှားတယ် 
- မမှားဘူး 
- အခြေအနေပေါ်မူတည်တယ် 
သမ္မာကျမ်းစာ သွန်သင်ရာ
“သင်၏ဘုရားသခင် ထာဝရဘုရား၏နာမကို အလွဲသုံးစားမပြုရ။” (ထွက်မြောက်ရာ ၂၀:၇၊ ခမ) ဘုရားသခင်ရဲ့နာမည်ကို မရိုမသေမလေးမစား အသုံးပြုခြင်းကသာ မှားတယ်။—ယေရမိ ၂၉:၉။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
- ယေရှုက ဘုရားသခင့်နာမည်ကိုသိပြီး အသုံးပြုခဲ့တယ်။ —ယောဟန် ၁၇:၂၅၊ ၂၆။ 
- ဘုရားသခင်က မိမိရဲ့နာမည်ကို အသုံးပြုစေချင်ပါတယ်။ —ဆာလံ ၁၀၅:၁။ 
- ဘုရားသခင့်နာမည်ကို လူတွေမေ့သွားအောင် ကိုယ်တော့်ရန်သူတွေ ကြိုးစားကြတယ်။—ယေရမိ ၂၃:၂၇။