တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
မတ်လ ၁၉ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ ဧပြီလတွင် အရံရှေ့ဆောင်ရန် ယခုကတည်းက စီစဉ်ပါ။ ဧပြီနှင့်မေလများအတွက် သင်လိုအပ်မည့် မဂ္ဂဇင်းများကို မှာယူထားပါ။ အသင်းတော်တွင် အဘယ်လက်ဟောင်းစာအုပ်များရှိကြောင်း ပေးသိပါ။
၂၀ မိ။ “ဘုရားသခင့်နှုတ်ကပတ်တော်ကို ကျွမ်းကျင်စွာ အသုံးပြုသော အမှုဆောင်များ။” မေးဖြေ။ အချိန်ရသ၍ ကျမ်းချက်များ ဖတ်ရှုပါ။ ကျွန်ုပ်တို့သည် ဦးဦးဆုံး ဓမ္မအမှုဆောင်များဖြစ်ကြောင်း အလေးအနက်ဖေါ်ပြပါ။ ကျမ်းစာအသုံးပြုရာတွင် ကျွမ်းကျင်ကြရန် ကြိုးစားရမည်။ စာပေများဝေငှနိုင်ရုံနှင့် မကျေနပ်နေသင့်။ ကျောင်း သို့မဟုတ် လုပ်ငန်းတော်ကြီးကြပ်မှူးသည် New World Translation (၁၉၈၄ ခုနှစ်ထုတ်) ပါထူးခြားသောလက္ခဏာများကို ကြေညာသူသစ်အသုံးပြုတတ်ရန် ကူညီပေးနေပုံကို သရုပ်ပြပါ။
၁၅ မိ။ မေးခွန်းသေတ္တာ။ အကြီးအကဲဟောပြောပါ။ လိုအပ်သလို ဒေသခံအခြေအနေနှင့် ကိုက်ညီစွာ လိမ္မာပါးနပ်တိကျစွာ ကျင့်သုံးနိုင်ပုံကို တင်ပြပါ။ ပရိသတ်ကိုပါ ဆွေးနွေးတင်ပြစေနိုင်သည်။
သီချင်း ၁၉၀ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
မတ်လ ၂၆ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသဆိုင်ရာကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ကြေညာချက်များ။ ဤအပတ် စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ ပါဝင်ကြရန် အသင်းတော်ကို အားပေးပါ။ ဒေသခံရပ်ကွက်တွင် ထိရောက်စွာအသုံးပြုနိုင်မည့် နောက်ဆုံးထုတ်မဂ္ဂဇင်းများပါ ဆောင်းပါးများကို ပြန်သုံးသပ်ပါ။ စာရင်းအင်းမှတ်တမ်း။ အသင်းတော်ကို ထောက်ပံ့ရန် အလှူငွေပေးခြင်းအတွက် ညီအစ်ကိုများကို ချီးမွမ်းပါ။
၁၅ မိ။ “ထူးခြားသော မဂ္ဂဇင်းများကို အထူးဖေါ်ပြခြင်း။” မေးခွန်းအချို့မေး၍ ဟောပြောဆွေးနွေးပါ။ လမ်းသွားသူများ၊ အလွတ်သဘောသက်သေခံခြင်း သို့မဟုတ် မဂ္ဂဇင်းလမ်းကြောင်းတွင် မဂ္ဂဇင်းများဝေငှပုံနှင့်စပ်လျဉ်းသည့် တွေ့ကြုံမှုအနည်းငယ် တင်ပြပါ။
၂၀ မိ။ မဂ္ဂဇင်းများဝေငှရန် လက်တွေ့ကျ အကြံပေးချက်များ။ အောက်ပါအကြံပြုချက်များကိုဆွေးနွေးပြီး ယင်းတို့ကိုကျင့်သုံးခြင်းမှ ရခဲ့သည့် အောင်မြင်မှုအကြောင်း ကြေညာသူဖေါ်ပြပါစေ။ (၁) မဂ္ဂဇင်းကိုဖတ်ပြီး ဆောင်းပါးများကို ကောင်းစွာသိရှိနားလည်ထား။ (၂) ရပ်ကွက်တွင် အထူးစိတ်ဝင်စားမှုဖြစ်မည့် ဆောင်းပါးများကို ရွေးချယ်ထား။ (၃) မဂ္ဂဇင်းများကို အသုံးပြုကါ ညနေချိန်တွင် သက်သေခံထွက်စမ်းကြည့်။ (၄) အကြောင်းတစ်ခုတည်းကို ဖေါ်ပြပြောဆို။ မဂ္ဂဇင်းတစ်အုပ်ကိုသာ အထူးပေါ်လွင်စေ၍ အခြားတစ်အုပ်ကိုမူ တွဲဘက်မဂ္ဂဇင်းအဖြစ် ဝေငှ။ (၅) ဖြေးဖြေးနှင့် ပြတ်သားရှင်းလင်းစွာ ခင်မင်သံဖြင့် ဟောပြောပါ။ ရပ်ကွက်တွင် မဂ္ဂဇင်းများဝေငှရန် ကြိုးစားကြရာတွင် ဤလက်တွေ့ကျ အကြံပြုချက်များကို အသုံးပြုကြရန် အားပေးပါ။
သီချင်း ၆ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဧပြီ ၂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၈ မိ။ ဒေသခံကြေညာချက်များ။ စနေတနင်္ဂနွေနေ့ လယ်ကွင်းလုပ်ငန်းတော် အစီအစဉ်များပါ အပါအဝင်။ သီအိုကရက်တစ် သတင်းများ။
၇ မိ။ မိသားစု ကျမ်းစာသင်အံမှု မှန်မှန်ပြုလုပ်ခြင်း အကျိုးကျေးဇူး။ ဟောပြောရန်။ ယေဟောဝါ၏အဖွဲ့အစည်းသည် ဆယ်စုနှစ်များစွာ အိမ်ထောင်ဦးစီးများအား မိမိတို့အိမ်ထောင်နှင့် ကျမ်းစာသင်အံမှု မှန်မှန်ပြုလုပ်ရန် အားပေးခဲ့ပေပြီ။ ယင်းသို့ပြုလုပ်ခဲ့သော အိမ်ထောင်များတွင် အကျိုးများစွာ ဖြစ်ထွန်းခဲ့ပြီ။ ယင်းသို့ပြုလုပ်ခဲ့၍ မိသားစုတွင် ချစ်ခင်ရင်းနှီး အေးချမ်းသာယာမှုရှိပေသည်။ သားသမီးများ ယေဟောဝါ၏ ဆက်ကပ်အပ်နှံ ကျေးကျွန်များဖြစ်လာသည်ထိ တိုးတက်ခဲ့ပြီ။ အသင်းတော်တွင်လည်း အပြုသဘောဖြင့် ဩဇာလွှမ်းခဲ့ပေပြီ။ အများအားဖြင့် အချိန်ပြည့် လုပ်ငန်းတော် ထမ်းဆောင်သူများ ဖြစ်လာကြသည်။ ယင်းကြောင့် ခရစ်ယာန်မိဘများနှင့် သူတို့၏တိုးတက်မှုကို ဂရုပြုသူများအား ရွှင်လန်းမှုများစွာပေးခဲ့ပြီ။
၁၇ မိ။ လူငယ်တို့၏ နှလုံးကို ထိမိခြင်း။ လူငယ်များကို ကူညီပေးရန် အထူးထုတ်ဝေထားသည့် စာပေများမှ အချက်များကို အကြီးအကဲ အကျဉ်းချုပ် ဆွေးနွေး။ မိသားစုသင်အံမှု မှန်မှန်လုပ်သည့်အပြင် အခွင့်အခါကြုံတိုင်း ဝိညာဏတရားဆွေးနွေးခြင်းမှ မိသားစု အကျိုးခံစားရ။ ဖခင်နှင့်သားသမီး ရင်းနှီးစွာ ဆက်ဆံမှုရှိသည့် မိသားစုဆွေးနွေးခန်းတစ်ခုကို သရုပ်ပြပါ။ သူတို့ဆွေးနွေးခန်းသည် မေးဖြေခြင်းမျှမဟုတ်၊ အလွတ်သဘော အပြန်အလှန်စကားပြောဆိုခြင်းဖြစ်။ မိသားစုရှိသားတစ်ဦးက ရပ်ကွက်လူငယ်များနှင့်အတူ ဘောလုံးကစားနိုင်မည်လောဟု မေးမြန်းထား၏။ အင်္ဂလိပ်စာဖတ်နိုင်လျှင် Young People Ask မှစာမျက် ၆၄-၇ ပါအကြောင်းကို တင်ပြပါ။ ကျမ်းစာမူများကို ကလေးနားလည်ပြီး သဘောတူမတူ မိဘလုပ်သူ အသေးစိတ်မေးမြန်း။ ရင်းနှီးသောမိတ်ဆွေများသည် ရွယ်တူချင်းဖြစ်စရာမလိုကြောင်း ဖေါ်ပြ။ ယင်းစာအုပ်ကို အနည်းအကျဉ်းဖတ်ရှုပြီးသား လူငယ်များကို ရွေး၍ သူတို့၏ထင်မြင်ချက်များကို တောင်းဆိုပါ။ ဆောင်းပါးများ အဘယ်ကြောင့် အကူအညီဖြစ်ကြောင်း တင်ပြပါလေစေ။ လူငယ်များ ထိုစာအုပ်ကို ဖတ်ကြရန်အားပေး။ မိဘများလည်း ယင်း၌ပါရှိသည့်အကြောင်းများကို သိထားရန် လိုအပ်။ သို့မှ မိသားစုဆွေးနွေးချိန်တွင် သင့်လျော်သောအချက်များကို ထည့်သွင်းတင်ပြပေးနိုင်။
၁၃ မိ။ အလင်းတရား၌ သားသမီးများကို အောင်မြင်စွာ မွေးမြူပေးခဲ့သော မိဘများကို အကြီးအကဲခေါ်မေး။ ရရှိသောပျော်ရွှင်မှု နှင့် မိသားစုသင်အံမှု နှင့် ဆွေးနွေးခန်းများကို အဓိပ္ပာယ်ရှိရှိ မှန်မှန်ပြုလုပ်သွားရန် အဘယ်အရာက သူတို့အတွက် အထောက်အကူဖြစ်ကြောင်း အလေးအနက်ပေါ်လွင်စေပါ။ မိသားစုသင်အံမှုကို မိဘများ မှန်မှန်ပြုလုပ်ကြရန်၊ လူငယ်များလည်း အားပေးကြရန် လှိုက်လှိုက်လှဲလှဲ တိုက်တွန်းပါ။ အခြေအနေများက ခါတိုင်းပင် ပြောဆိုစရာမရှိ ဖြစ်နေမည်မဟုတ်။ မိသားစုရှိသူတိုင်း စုပေါင်းကူညီရမည်။ သို့ပြုခြင်းဖြင့် အသက်လမ်းပေါ် တည်ရှိနေရန် တစ်ဦးကိုတစ်ဦး ကူညီပေးနိုင်ပါလိမ့်မည်။—၁ တိ၊ ၄:၁၆။
သီချင်း ၁၂၃ နှင့် နိဂုံးချုပ် ဆုတောင်းချက်
ဧပြီလ ၉ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များ။ နေ့စဉ်ကျမ်းချက်။ ဤအပတ် စနေတနင်္ဂနွေနေ့များတွင် အားလုံးအမှုဆောင်ထွက်ကြရန် တိုက်တွန်း။
၂၂ မိ။ “သတင်းကောင်း ဝေငှခြင်း—ကျမ်းစာသင်အံမှုများစရန် တစ်ဦးကိုတစ်ဦး ကူညီပေးခြင်းအားဖြင့်။” မေးဖြေရန်။ ပထမအကြိမ် ရောက်သွားချိန်တွင် ကျမ်းစာသင်အံမှုစပုံ နှစ်မျိုးကို သရုပ်ပြပါ။ Reasoning စာမျက်နှာ ၁၂ ပါ “Home Bible Study” ရှိဥပမာများကို အသုံးပြုပါ။
၁၈ မိ။ “ရှေ့ဆောင်ခြင်းအားဖြင့် ယေဟောဝါကို အားကိုးကြောင်း တင်ပြခြင်း။” လုပ်ငန်းတော်ကြီးကြပ်မှူး ရင်းနှီးတက်ကြွစွာ မေးဖြေပြုလုပ်။ အခက်အခဲများ ကျော်လွှားရာတွင် ရရှိသောရွှင်လန်းမှုများ ပေါ်လွင်စေကါ ရှေ့ဆောင် တစ်ဦးနှစ်ဦးကို ခေါ်မေးမြန်း။ ရှေ့ဆောင်များကို မည်သို့လက်တွေ့ကျ ကူညီမှုပေးနေကြောင်း တင်ပြပါ။
သီချင်း ၁၄ နှင့် နိဂုံးချုပ် ဆုတောင်းချက်။