တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဇွန် ၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှသင့်တော်သောကြေညာချက်များ။
၂၀ မိ။ “ခရစ်တော်နည်းတူ ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းဝတ်ကို ကျင့်လော့။” အပိုဒ် ၁-၅၊ ၇၊ ၈ တို့ကိုဖတ်၍ မေးဖြေသုံးသပ်ပါ။ အပိုဒ် ၆ တွင်အကြံပြုထားသည့်အတိုင်း Mankind’s Search for God သို့မဟုတ် မည်သည့်စာအုပ်ကိုမဆို ဝေငှပုံကိုသရုပ်ပြပါ။
၁၅ မိ။ “မိုးရာသီစချိန်အတွင်း သီအိုကရက်တစ်ရေးရာဘက် အကျိုးအများဆုံးရရှိခြင်း။” ဟောပြော၍မိသားစုလိုက်ဆွေးနွေးခြင်း။
(၃ မိ) သဘာပတိသည် ပထမအပိုဒ်နှစ်ပိုဒ်ကိုဆွေးနွေး၍ မိသားစုဆွေးနွေးခန်းအတွက် နိဒါန်းပျိုး။ မိုးရာသီအတွင်း မိသားစု၏ဝိညာဉ်ရေးကို လျစ်လျူမရှုသင့်။ ဝိညာဏလိုအပ်ရာများကို အိမ်ထောင်ဦးစီးများ အချိန်တိုင်းဂရုပြုသင့်။—တရား၊ ၆:၆၊ ၇။
(၁၀ မိ) အပိုဒ် ၃-၆ ပါအချက်များကို မိသားစုလိုက်ဆွေးနွေး။ မိုးကာလအတွင်း ဝိညာဉ်ရေးလုပ်ငန်းများအတွက် မိသားစု၏အစီအစဉ်ကို အိမ်ထောင်ဦးစီးဆွေးနွေး။ လည်ပတ်ရောက်ရှိမည့်အရပ်ဒေသရှိ အသင်းတော်လိပ်စာနှင့် စည်းဝေးအချိန်များကို မိသားစုအဝင်တစ်ဦး ရရှိထား။ အသင်းတော်နှင့်ပူးပေါင်းအမှုဆောင်ထွက်ရန်နှင့် အလွတ်သဘောသက်သေခံရန်အတွက် စာပေစာတမ်းအလုံအလောက် မိသားစုယူထား။ သက်သေခံနိုင်ရန် အခွင့်အရေးပေးသည့်အခြေအနေအချို့ကို ဆွေးနွေးကြ။ “လွတ်လပ်မှုမြတ်နိုးသူများ” ခရိုင်စည်းဝေးပွဲကို တက်ရောက်ကြမည့် မိသားစုအစီအစဉ်ကိုအိမ်ထောင်ဦးစီးဆွေးနွေး။ စည်းဝေးပွဲအတွင်း တစ်နေ့တာအကုန်တွင် ထိုနေ့ရက်၌ကြားသိခဲ့ရသောအချက်များကို ဆွေးနွေးမည့်အကြောင်း သတိပေး။ ယင်းသို့ပြုခြင်း၏အကျိုးများကိုလည်း သူတင်ပြမည်။ စည်းဝေးပွဲတက်ရောက်ချိန်တွင် သင့်တော်သောကျင့်ကြံမှုများဆိုင်ရာ ဇန်နဝါရီနှင့်မေလနိုင်ငံတော်ဓမ္မအမှု ကြားညှပ်ပါ သက်ဆိုင်သောအချက်များကို မိသားစုတင်ပြ။ ဤအချိန်အတွင်း သီအိုကရက်တစ်ရေးရာဘက် အကျိုးအများဆုံးဖြစ်ထွန်းစေရန် အားလုံးမျှော်လင့်ကြောင်းပြောဆို။
(၂) အပိုဒ် ၇ ပါအကြောင်းနှင့် သဘာပတိနိဂုံးချုပ်။ မည်သည့်အစီအစဉ်များပင်ပြုလုပ်ထား မိသားစု၏ဝိညာဏလိုအပ်ချက်များကို လျစ်လျူမရှုမိစေရန် သတိပြု။
သီချင်း ၁၀၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေရရှိခြင်းကို အသင်းမ၏ကျေးဇူးတင်အကြောင်းကြားစာကိုဖတ်။ အသင်းတော်မှရရှိသောအလှူငွေအတွက်လည်း ကျေးဇူးတင်ကြောင်းပြော။
၂၀ မိ။ “သူတစ်ထူး၌ ကိုယ်တိုင်စိတ်ဝင်စားမှုပြခြင်း။” မေးဖြေပြုလုပ်။ သိရှိလာသည့်အကြောင်းကို မည်သို့ကျင့်သုံးနိုင်ရန် အသင်းတော်နှင့်ဆွေးနွေးသုံးသပ်ပါ။
၁၀ မိ။ ဒေသလိုအပ်ရာ။
၁၀ မိ။ မေးခွန်းသေတ္တာ။ ကျောင်းကြီးကြပ်မှူးဆွေးနွေးရန်။
သီချင်း ၁၇၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၁၇ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ နောက်ဆုံးမဂ္ဂဇင်းများမှ တစ်ချက်နှစ်ချက်ကို အထူးပေါ်လွင်စေပါ။ ဤအပတ်စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ ကြေညာသူများအပြည့်အဝပါဝင်ရန် အားပေးပါ။ အထူးစည်းဝေးပွဲအစီအစဉ်ကို ပေါ်လွင်စေပါ။ အထူးစည်းဝေးပွဲအကြောင်းကိုသာဆွေးနွေးပါ။ သက်သေခံထွက်ခြင်းငှာ အထူးအစီအစဉ်များအကြောင်း ဆွေးနွေးပါ။
၂၀ မိ။ “သတင်းကောင်းဝေငှခြင်း—မကြာခဏအမှုဆောင်သောရပ်ကွက်တွင် မဂ္ဂဇင်းများဖြင့်။” မေးဖြေပြုလုပ်ရန်။ အပိုဒ် ၃ ကိုဆွေးနွေးရာတွင် ကောင်းစွာပြင်ဆင်ထားသောလူငယ်အား နောက်ဆုံးထုတ်မဂ္ဂဇင်းကိုအသုံးပြုစေ၍ ငယ်ရွယ်သောကြေညာသူများ အိမ်ရှင်နှင့် စကားစမြီပြောဆိုပြီး စာပေမည်သို့ဝေငှနိုင်ကြောင်း သရုပ်ပြစေပါ။ ဤသို့ပြောဆိုနိုင်။ “နေကောင်းသလား။ အကျွန်ုပ်အမည်မှာ _______________။ [အကြောင်း သို့မဟုတ် ခေါင်းစဉ်တင်ပြ] အကြောင်း သိရှိအပ်သောအချက်အလက်များအကြောင်း လာပြောပြသည်။ ဤအချက်သည် အကျွန်ုပ်အတွက် စိတ်ဝင်စားစရာဖြစ်သည်။ [အချက်ကိုတင်ပြ သို့မဟုတ် ရုပ်ပုံကိုရှင်းပြ] ယင်းကဤသို့ [မည်သို့အကျိုးပြုကြောင်း ရှင်းပြ] အကူအညီပေးခဲ့သည်။ သင်လည်း စိတ်ဝင်စားမည်ထင်သည်။ ဤမဂ္ဂဇင်းကိုဖတ်လိုလျှင် အသင့်အားယူစေလိုသည်။”
၁၅ မိ။ “သင့်မိသားစုဘဝတွင် ဘုရားသခင်ကိုဦးထိပ်ထားလော့။” ၁၉၉၁၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် ကိုအခြေခံဟောရန်။ (ဤစာစောင်ကို အချိန်မီမရရှိပါက ထပ်တူခေါင်းစဉ်ရှိ ကိုယ်ပိုင်ဟောပြောချက်ပြင်ဆင်ပါ။)
သီချင်း ၂၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇွန် ၂၄ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်းများ။ စနေတနင်္ဂနွေလယ်ကွင်းလုပ်ငန်းအစီအစဉ်များကိုအားပေးကြရန် အသင်းတော်ကိုတိုက်တွန်း။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ တင်ပြနိုင်စရာအချက်အချို့ကို ပေါ်လွင်စေပါ။ ဇူလိုင်လအတွင်း ရုံးပိတ်ရက်များအတွက် လုပ်ငန်းတော်အစီအစဉ်များကို အကြမ်းဖျင်းဖေါ်ပြပါ။
၂၀ မိ။ “လယ်ကွင်းတွင် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုကို ထမ်းဆောင်ခြင်း။” မေးဖြေသုံးသပ်ရန်။ အပိုဒ် ၂-၆ ကိုမည်သို့လက်တွေ့ကျင့်သုံးနိုင်ကြောင်း ဖေါ်ပြပါ။ အပိုဒ် ၅ ကိုသုံးသပ်ရာတွင် ကျမ်းစာသင်အံမှုစရန် အခက်အခဲရှိသောကြေညာသူသည် လုပ်ငန်းတော်ကြီးကြပ်မှူးထံ၌အကူအညီတောင်းဆိုနေခြင်းကို သရုပ်ပြပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ကြေညာသူအားကူညီပေးရာတွင် Index စာအုပ်ကိုအသုံးပြုသည်။
၁၅ မိ။ ဒေသလိုအပ်ရာ သို့မဟုတ် အလွတ်သဘောသက်သေခံခြင်း၏ အရေးကြီးမှု။ အလွတ်သဘောသက်သေခံခြင်းကြောင့် အလင်းတရားရရှိခဲ့သော ကြေညာသူနှစ်ဦးသုံးဦးကို လူတွေ့ခေါ်မေးမြန်းပါ။ အလွတ်သဘောသက်သေခံရန်အခွင့်အရေးများကို တွေ့ရှိတတ်ရန် အသင်းတော်နိုးကြားနေဖို့အားပေးပါ။
သီချင်း ၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။