အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်
အပိုင်း ၃။ လယ်ကွင်းဓမ္မအမှုအတွက် စုဝေးရာဌာန
၁ အုပ်စုလိုက်လေ့လာမှုပြုရာအရပ်ဖြစ်သည့်အပြင် အသင်းတော်စာအုပ်ကြီးသင်တန်းကျင်းပရာနေရာသည် လယ်ကွင်းလုပ်ငန်းအတွက်တွေ့ဆုံရာအရပ်လည်းဖြစ်နိုင်ပါသည်။ ကြေညာသူအများစုအတွက် ဤစည်းဝေးများပြုလုပ်ရာအချိန်သည် အဆင်ပြေသင့်သည်။ လယ်ကွင်းလုပ်ငန်းအတွက် ကြေညာသူများကိုလက်တွေ့ကျအကူအညီပေးခြင်းအတွက်လည်းဖြစ်သင့်သည်။
၂ လေ့လာမှုနှင့်လုပ်ငန်းတော်အတွက် စည်းစနစ်ကျကျစီစဉ်မှုရှိသည့်အုပ်စုများသည် ဝိညာဉ်ရေးဘက်သန်မာသည်။ အားပေးမှု၊ ကန့်ကွက်ချက်များကို မည်သို့ဖြေဆိုမည်၊ မည်သို့စကားစမြည်စမည်၊ ကျမ်းစာသင်အံမှုမည်သို့စမည် အစရှိသည်တို့အတွက် အကြံပေးချက်များမှ အကျိုးမခံစားရသူ မည်သူရှိပါသနည်း။ စာအုပ်ကြီးသင်တန်းကျင်းပရာနေရာတွင် တွေ့ဆုံကြသောကြေညာသူနှင့်ရှေ့ဆောင်များသည် ဤကဲ့သို့သောအကူအညီများပေးကြသည်။—ဂလ၊ ၆:၉၊ ၁၀။
၃ သင်းတန်းမှူး၏တာဝန်။ အသင်းတော်စာအုပ်ကြီးသင်တန်းမှူးသည် ဦးစီးရန်တာဝန်ရှိပြီး အုပ်စု၏လုပ်ငန်းကိုစီစဉ်ပေးရမည်ဖြစ်သည်။ လယ်ကွင်းတွင် ကြေညာသူများနှင့်အတူ တွဲဖက်အမှုဆောင်ပါမည်။ (၁ ပေ၊ ၅:၂၊ ၃) လုပ်ငန်းအတွက်တွေ့ဆုံမှုများကို ကောင်းစွာပြင်ဆင်ခြင်းက လယ်ကွင်းအတွက်အုပ်စုအသင့်ရှိစေရန် လက်တွေ့ကျသည့်ကျမ်းစာညွှန်ကြားချက်များ ရရှိစေသည်။ အုပ်စုအားလုံး တစ်နေရာတည်းတွင်တွေ့ဆုံမည့်အစား စာအုပ်ကြီးသင်တန်းအုပ်စုအသီးသီးတို့သည် လယ်ကွင်းလုပ်ငန်းအတွက်တွေ့ဆုံရာနေရာ သီးခြားစီရှိခြင်းကား ပို၍သင့်တော်ပေသည်။ သို့ရာတွင် လိုအပ်ပါက အုပ်စုငယ်နှစ်ခုကိုစုပေါင်းစုဝေးစေနိုင်သည်။ ကင်းမျှော်စင် သင်တန်းပြီးနောက် လယ်ကွင်းလုပ်ငန်းထွက်ကြပါက လယ်ကွင်းလုပ်ငန်းအတွက်တွေ့ဆုံမှုသည် လိုရင်းသာဖြစ်သင့်သည်။ ထိုနောက် စာအုပ်ကြီးသင်တန်းမှူးတစ်ဦးစီသည် မိမိအုပ်စုကိုတာဝန်ယူ စီစဉ်ပေးပါလိမ့်မည်။
၄ လယ်ကွင်းလုပ်ငန်းအစီအစဉ်များသည် ကိုက်ညီမည်ဆိုလျှင် ဓမ္မအမှု၌မှန်မှန်ပါဝင်ရန် အားပေးမှုဖြစ်သည်။ စီစဉ်ထားသည့်နေရာနှင့်အချိန်တွင် တွေ့ဆုံမှုများကိုပြုလုပ်လျှင် ကြေညာသူများအနေနှင့် လိုအပ်သလိုစီစဉ်နိုင်ပြီး အမှုဆောင်ရာရပ်ကွက်ရှိမည်၊ တွဲဖက်အမှုဆောင်မည့်သူများရှိမည်ကို စိတ်ချနိုင်ကြမည်။ (လု၊ ၁၀:၁ နှိုင်းယှဉ်) သင်တန်းမှူးကိုယ်တိုင်မရှိဦးတော့ အုပ်စုအတွက် ရပ်ကွက်အလုံအလောက်စီစဉ်ပေးထားမည်။ (ဓအ စာမျက်နှာ ၅၅-၅၇) လုပ်ငန်းတော်အတွက်တွေ့ဆုံမှုကိုဦးစီးရန် အရည်အချင်းရှိညီကိုမရှိလျှင် ယင်းတာဝန်ကိုညီမတစ်ဦးအား သင်တန်းမှူးကလွှဲအပ်ပေးနိုင်သည်။ ( နဓ ၃/၈၈ စာမျက်နှာ ) လုပ်ငန်းတော်အတွက်တွေ့ဆုံနေကျနေရာနှင့်အချိန်တွင် တွေ့ဆုံကြမည်ဆိုလျှင် ရှုပ်ထွေးမှုကိုရှောင်ကြဉ်နိုင်သည်။ ဖြစ်နိုင်မည်ဆိုလျှင် အပြောင်းအလဲများရှိပါက တစ်ပတ်ကြိုတင်ကြေညာထားသင့်သည်။
၅ ဝိုင်းဝန်းကူညီမှုလိုအပ်။ လယ်ကွင်းဓမ္မအမှုကဏ္ဍအသီးသီးတွင် အားလုံးထိရောက်စွာပါဝင်သင့်သည်။ ဒေသဆိုင်ရာရပ်ကွက်တွင် တွေ့ကြုံလေ့ရှိသောအခြေအနေမျိုးနှင့်ကြားရတတ်သောကန့်ကွက်ချက်များကိုအသုံးပြုကာ ကြေညာသူများသည် အတူတကွလေ့ကျင့်မှုပြုလုပ်သင့်သည်။—သု၊ ၂၇:၁၇။
၆ တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် အတွေ့အကြုံများသောကြေညာသူတစ်ဦး၏အကူအညီကို သင်ရလိုပါသလော။ ရလိုလျှင် အသင်းတော်စာအုပ်ကြီးသင်တန်းမှူးကိုအကြောင်းကြားပါ။ သင့်ကိုကူညီပေးရန် အရည်အချင်းရှိကြေညာသူတစ်ဦးအားတာဝန်ပေးပါလိမ့်မည်။ အကျိုးရရှိရန် ရရှိသောအကြံပြုချက်တို့ကို ဝီရိယရှိရှိကျင့်သုံးပြီး ချိန်းချက်ထားလေသမျှအတိုင်း ပြုလုပ်ပါလေ။
၇ ကူညီပေးရန် စာအုပ်ကြီးသင်တန်းမှူးတာဝန်ချထားခံသူတို့သည် ကူညီပေးချင်စိတ်ရှိပြီး သူတို့၏တောင်းဆိုချက်များသည် အလွန်အမင်းမဖြစ်သင့်ပါ။ လယ်ကွင်းလုပ်ငန်းအပေါ် အပြုသဘောထား၍ မျှတသောအမြင်ရှိသူ၊ လက်တွေ့ကျချဉ်းကပ်နည်းအသုံးပြုသူတို့သည် သူတစ်ထူးကို အောင်မြင်စွာလေ့ကျင်းပေးနိုင်ကြောင်းတွေ့ရှိခဲ့ရပြီ။ တိုးတက်သည်ကိုတွေ့မြင်တိုင်း ချီးမွမ်းသင့်သည်။ ထိုနောက် အခြားပန်းတိုင်များဆက်ထားသင့်သည်။—လု၊ ၁၉:၁၇-၁၉ နှင့်နှိုင်းယှဉ်။
၈ သတင်းကောင်းဟောပြောခြင်းနှင့်တပည့်ဖြစ်စေခြင်းတွင်ထိရောက်ဖို့ တစ်ဦးကိုတစ်ဦးကူညီပေးလိုသည်။ ဤလုပ်ငန်းသည်အရေးကြီးကြောင်း ဆိုးရွားလာနေသောကမ္ဘာ့အခြေအနေများက သက်သေထူသည်။ သေရေးရှင်ရေးနှင့်ပတ်သက်ပြီး စုသိမ်းခြင်းလုပ်ငန်းကို ယေဟောဝါအလျင်အမြန်ပြုနေတော်မူသည်။ (ဟေရှာ၊ ၆၀:၂၂) ကျွန်ုပ်တို့အားအပ်နှင်းထားသည့်ဓမ္မအမှုကိုစိတ်စွဲလမ်းထားပြီး အသင်းတော်စာအုပ်ကြီးသင်တန်းအုပ်စုနှင့်အတူ တစ်ဦးကိုတစ်ဦးဆုံးမအားပေးပြီး တာဝန်ကျေပွန်စွာဆောင်ရွက်ကြပါစို့။ —ရော၊ ၁၂:၆-၈။ ၂ တိ၊ ၄:၁၊ ၂၊ ၅။
)