ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၁ စာ. ၂-၄
  • အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • စက်တင်ဘာ ၃၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • အောက်တိုဘာ ၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • အောက်တိုဘာ ၁၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • အောက်တိုဘာ ၂၁ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
  • အောက်တိုဘာ ၂၈ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နဓ ၁၀/၉၁ စာ. ၂-၄

အောက်တိုဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

စက်တင်ဘာ ၃၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၉၉

၁၀ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။

၂၀ မိ။ “လတ်တလောအဖြစ်အပျက်များ၏အဓိပ္ပာယ်ကို သဘောပေါက်ခြင်း။” မေးဖြေရန်။ အပိုဒ် ၆ ကိုသုံးသပ်ပြီးနောက် အပြန်အလှန်စကားအတွက်အကြောင်းအရာသစ်ကိုအသုံးပြု၍ သရုပ်ပြပါ။ နောက်ဆုံးထုတ်နိုးလော့ မှအချက်တစ်ခုကို ပေါ်လွင်စေပါ။

၂၀ မိ။ နိုးလော့ မဂ္ဂဇင်းမှကိုယ်တိုင်မည်သို့အကျိုးခံစားရ။ အရည်အချင်းရှိညီအစ်ကိုက ကြေညာသူနှစ်ဦးသုံးဦးကို လူတွေ့ခေါ်မေး။ ကျောင်းနေရွယ်သူငယ် အနည်းဆုံးတစ်ဦးပါဝင်ပါစေ။

သီချင်း ၁၇၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၂၇

၅ မိ။ ဒေသကြေညာချက်များ။

၂၀ မိ။ “လယ်ကွင်းဓမ္မအမှုတွင် စိုးလ်အပြည့်ရှိလေ။​—အပိုင်း ၄။” ဟောပြော။ အိမ်တွင်းရှိသူအားလုံး စည်းစနစ်ကျရန်နှင့် သင့်လျော်သောလုပ်ငန်းတော်ပန်းတိုင်များရှိကြရန် အိမ်ထောင်ဦးစီးများကူညီပေးဖို့တိုက်တွန်း။

၂၀ မိ။ “သတင်းကောင်းဝေငှခြင်း​—စာအုပ်စာတမ်းများကို ပညာရှိစွာအသုံးပြုခြင်းအားဖြင့်။” မေးဖြေပါ။ ဒေသခံအသင်းတော်နှင့်သက်ဆိုင်ပါစေ။

၁၀ မိ။ “နှိမ့်ချခြင်းကိုအဘယ်ကြောင့်ဝတ်ဆင်သင့်ကြောင်း။” ၁၉၉၁ ဇူလိုင် ၁၅ ကင်းမျှော်စင် စာမျက်နှာ ၂၇-၃၀ ပါဆောင်းပါးကိုအခြေခံ၍ အားရှိစေရန်ဟော။

သီချင်း ၉၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၁၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၆၄

၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ စာရင်းအင်းမှတ်တမ်းနှင့်အလှူငွေများကိုအသိအမှတ်ပြုခြင်း။ စက်တင်ဘာလအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းအကြောင်းတင်ပြ။

၁၂ မိ။ School and Jehovah’s Witnesses ဘရိုရှာ၏တန်ဖိုး။ မိဘဖြစ်သူအကြီးအကဲဟောပြောရန်။ ယေဟောဝါသက်သေတို့၏ယုံကြည်ချက်များကို ကျောင်းဆရာဆရာမများသိရှိရန်နှင့် ခရစ်ယာန်မိဘများနှင့်လူငယ်များပါ ကျောင်းလုပ်ငန်းဆိုင်ရာကိစ္စများကိုသိရှိရန် ဘရိုရှာ၏တန်ဖိုးကို အထူးပေါ်လွင်စေပါ။ လူငယ်များနှင့်ယင်းဘရိုရှာကို ရံဖန်ရံခါပြန်လေ့လာသင့်သည်။ နိဂုံးတွင် သားသမီးများကျောင်း၌ကြုံတွေ့နေရသောအရာများကို မိဘများစိတ်ဝင်စားဖို့၊ ကျောင်းဆရာဆရာမများနှင့်ဝိုင်းဝန်းကူညီမှုရှိဖို့လိုကြောင်း ပေါ်လွင်စေပါ။​—စာမျက်နှာ ၃၀-၁။ ဤဘရိုရှာမရှိလျှင်၊ အသုံးမပြုနိုင်လျှင် ကြိုက်ရာဘရိုရှာကိုအသုံးပြုပါ။ ထိုအခါ ၄င်းနှင့်ကျမ်းစာသင်အံမှုမည်သို့စနိုင်ကြောင်းဖော်ပြပါ။

၂၀ မိ။ “ခရစ်ယာန်လူငယ်များ​—ယုံကြည်ခြင်း၌ခိုင်ခံ့လော့။” ၁၉၉၁ စက်တင်ဘာ ၁ ကင်းမျှော်စင် ပါဆောင်းပါးကိုမိသားစုလိုက်ဆွေးနွေး။ ဖခင်ဦးစီး၍ ဇနီးနှင့်သားသမီးတို့ကိုပါဝင်ဖြေဆိုစေ။ ကျောင်း၌ယုံကြည်ခြင်းစမ်းသပ်ခံရမှုအမျိုးမျိုးကို လူငယ်များမည်သို့အောင်မြင်စွာရင်ဆိုင်နိုင်ကြောင်း ပေါ်လွင်စေပါ။

၈ မိ။ ဒေသလိုအပ်ရာများ။

သီချင်း ၁၈၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၂၁ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်

သီချင်း ၅၉

၁၀ မိ။ ဒေသကြေညာချက်များ။ ဤအပတ်စနေတနင်္ဂနွေနေ့သက်သေခံထွက်ချိန်တွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများမှအသုံးပြုနိုင်မည့် အချက်ကောင်းတစ်ချက်နှစ်ချက်ကိုပေါ်လွင်စေပါ။

၂၀ မိ။ “အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်။​—အပိုင်း ၄။” မေးဖြေ။ စာအုပ်ကြီးသင်တန်းအုပ်စုရှိသူတိုင်းကို အားလုံးစိတ်ဝင်စားကြရန်လိုကြောင်းပေါ်လွင်စေပါ။

၂၀ မိ။ “ကျွန်ုပ်တို့သားသမီးများ၌ ခရစ်ယာန်ဥပဓိရုပ်များတည်ဆောက်ပေးခြင်း။” ၁၉၉၁ ဇူလိုင် ၁ ကင်းမျှော်စင် စာမျက်နှာ ၂၄-၂၈ ကိုညီကိုနှစ်ဦးဆွေးနွေး။ မိဘများဖိကြိုးစားပေးရန်လိုကြောင်း ပေါ်လွင်စေပါ။ ဒေသခံအသင်းတော်နှင့်သက်ဆိုင်စေပါ။

သီချင်း ၁၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၂၈ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်

သီချင်း ၁၀၇

၁၀ မိ။ ဒေသကြေညာချက်များ။ နိုဝင်ဘာလတွင်ဝေငှရာကို အတိုချုပ်သုံးသပ်။

၂၀ မိ။ ထိုက်တန်သူများကိုရှာဖွေ၍သွန်သင်ပေးခြင်း။ ဟောပြော၍လူတွေ့ခေါ်မေး။ မဿဲ ၁၀:၁၁ ကိုပေါ်လွင်စေပါ။ အိမ်တွင်လူများတွေ့ရှိရန် မလွယ်တော့။ ကျွန်ုပ်တို့၏တိုးပွားမှုနှင့်ပျော်ရွှင်မှုကိုထိခိုက်နိုင်။ မည်သို့ပြုလုပ်နိုင်သနည်း။ ခြံထဲဆင်းသူတို့ထံချဉ်းကပ်ပါ။ အိမ်၌လူမရှိသောအိမ်လိပ်စာကိုရေးမှတ်ပြီး ချက်ချင်းပြန်လည်ပတ်ပါ။ ညနေချိန်တွင် ဤသူတို့ကိုတွေ့ရှိတတ်သည်။ ထိုကြောင့်ညနေသက်သေခံလုပ်ငန်း၌ပါဝင်ပါ။ လမ်းပေါ်သက်သေခံခြင်းသည် ထိရောက်။ စိတ်ဝင်စားသူများကို လမ်းပေါ်တွင်တွေ့ဆုံခဲ့ပါက နာမည်နှင့်လိပ်စာမှတ်သားထားပါ။ ပြန်လည်ပတ်ရန် စီစဉ်ပါ။ (ညနေ သို့မဟုတ် လမ်းပေါ်သက်သေခံခြင်းလုပ်ငန်း၌ အောင်မြင်မှုတွေ့သူ နှစ်ဦးသုံးဦးအား လူတွေ့ခေါ်မေး) ထိုက်တန်သူများကိုမတွေ့ရှိရန် စာတန်အတတ်နိုင်ဆုံးကြိုးစားမည်။ သူတို့ကိုတွေ့ရန် ရှာရမည်။ “သိုးများ” ကိုယေရှုပိုင်ဆိုင်။ သူတို့အားရှာ၍ကျွေးမွေးပေးရန် မိန့်မှာထား။ (ယော၊ ၂၁:၁၅-၁၇) ယင်းကြောင့် ဖြစ်နိုင်လျှင်အိမ်တိုင်းရှိသူတို့ထံရောက်သွားရမည်ဟု နားလည်စေသည်။

၂၀ မိ။ ယေဟောဝါသက်သေများ၏ဘဝအတ္ထုပ္ပတ္တိများမှ အကျိုးခံစားရခြင်း။ ညီကိုနှစ်ဦးဆွေးနွေး။ ရံဖန်ရံခါ မျက်မှောက်ခေတ်ဘုရားသခင့်ကျေးကျွန်များ၏အတ္ထုပ္ပတ္တိများ ကင်းမျှော်စင် နှင့် နိုးလော့ တို့တွင်ပါလာတတ်။ ၄င်းတို့ကို Watch Tower Publications Index တွင်တင်ပြထား။ (ဆောင်းပါးများကိုမည်သို့ရှာယူနိုင်ကြောင်းဖော်ပြ) ဤဆောင်းပါးများကိုအသေအချာဖတ်ပြီး ခွန်အားရယူရန်လို။ ညီကိုများ၊ ကျမ်းစာသင်အံသူများကိုတည်ဆောက်ပေးရန် ယင်းတို့ကိုအသုံးပြုပါ။ ၁၉၉၁ ဩဂုတ် ၁ ကင်းမျှော်စင် ပါ “ယေဟောဝါ၏စားပွဲ၌ထိုင်ရခြင်းသည် မည်မျှရွှင်လန်းဖွယ်ပါတကား” စာမျက်နှာ ၂၄-၂၉ ကိုအတိုချုပ်တင်ပြ။ (က) လယ်ကွင်းလုပ်ငန်း၊ (ခ) စုံစမ်းခြင်းများတွင်ခံနိုင်ရည်ရှိခြင်း၊ (ဂ) ယေဟောဝါနှင့်ကိုယ်တော်၏အဖွဲ့အစည်းကို ပိုတန်ဖိုးထားခြင်း၊ (ဃ) ကမ္ဘာချီညီကိုအသင်းအပင်းကိုတန်ဖိုးထားခြင်းအတွက် ဆောင်းပါးမှအကူအညီဖြစ်သောအချက်များကို ပေါ်လွင်စေပါ။ “ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကိုအမွေခံရသောသူတို့နည်းတူကျင့်” မှများစွာအကျိုးခံစားရသည်။​—ဟေ၊ ၆:၁၁၊ ၁၂။

သီချင်း ၁၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ