ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၂ စာ. ၂-၄
  • ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဇန်နဝါရီ ၆ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဇန်နဝါရီ ၁၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဇန်နဝါရီ ၂၀ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
  • ဇန်နဝါရီ ၂၇ ရက်အစပြုမည့်အပတ်အတွက်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁/၉၂ စာ. ၂-၄

ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီဇင်ဘာ ၃၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၂၀၁

၅ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။

၂၅ မိ– “လွတ်လပ်မှုချစ်မြတ်နိုးသူများ” ခရိုင်စည်းဝေးပွဲကြီးအကြောင်းပြန်လည်ဆွေးနွေး။ အသင်မိဘများ၊ ကလေးများ၊ အကြီးအကဲများ၊ ကြေညာသူများ ကြားခဲ့ကြရသည်များကိုလက်တွေ့ကျင့်သုံးနေကြပြီလော။

၁၅ မိ– “အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား” မေးဖြေဆွေးနွေး။ အပိုဒ် ၄ ရောက်လျှင်သရုပ်ပြတိုတစ်ခုတင်ပြရန်စီစဉ်ပါ။

သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၆ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၂၆

၅ မိ– ဒေသကြေညာချက်များ။

၂၅ မိ– “လယ်ကွင်းလုပ်ငန်းအတွက်. . .ခြေလှမ်း” ပရိသတ်နှင့်ဆွေးနွေးရန်။ ဤခြေလှမ်းများမှမိမိတို့မည်သို့အကျိုးရရှိကြောင်းကိုတိတိကျကျပြောပြရန်ကြေညာသူ ၃၊ ၄ ဦးကိုကြိုတင်တာဝန်ပေးထားပါ။ ဥပမာအားဖြင့်၊ တင်ပြနည်းအမျိုးမျိုး၊ ဒေသခံရပ်ကွက်နှင့်ဆီလျော်အောင်အကြောင်းအရာကိုမည်သို့ပြုပြင်တင်ပြနိုင်ပုံ၊ ကြေညာသူများအတွက်တင်ပြရာတွင်အဆင်ပြေနိုင်သည့်အကြောင်းအရာအမျိုးမျိုးကိုရွေးချယ်နိုင်ပုံတို့ဖြစ်သည်။ လယ်ကွင်းလုပ်ငန်းအစည်းအဝေးတွင် “ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု” စာစောင်ကိုယူလာကြရန်ကြေညာသူများကိုအားပေးပါ။

၁၅ မိ– “အိမ်ရှင်များ၏နားထောင်မှုကိုရစေသည့်နိဒါန်းများ” မိမိရပ်ကွက်နှင့်ကိုက်ညီသောအချက်များကိုထည့်သွင်းသုံးသပ်ပါ။ အဘယ်အကြောင်းအရာသည်အိမ်ရှင်များအတွက်အရေးကြီးသနည်း။ မိမိရပ်ကွက်တွင်အများဆုံးအောင်မြင်မှုရရှိသည့်နိဒါန်းနှင့်တင်ပြပုံများကိုအာရုံပြုစေပါ။ ဤတင်ပြနည်းနှင့် Worldwide Security စာအုပ်ဝေငှပုံကို ကောင်းစွာပြင်ဆင်ထားသောကြေညာသူအားသရုပ်ပြစေပါ။

၁၂ မိ– ဒီဇင်ဘာနှင့်ဇန်နဝါရီလများတွင်အရန်ရှေ့ဆောင်ကြရန်အားပေးသည့်ဟောပြောချက်။

သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၇၆

၁၀ မိ– ဒေသကြေညာချက်များနှင့်သီအိုကရက်တစ်သတင်းများ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများကိုအသိအမှတ်ပြုခြင်း။

၁၅ မိ– “ရှေ့ဆောင်လုပ်ငန်းသည်ကျွန်ုပ်အတွက်လော” မကြာမီကျောင်းပြီးတော့မည့်ကျောင်းသားလူငယ်များအပါအဝင် ကျွန်ုပ်တို့အများစုသည် အချိန်ပြည့်အမှုဆောင်ရန်စီစဉ်နိုင်မည်လော။ လူငယ်၊ အိမ်ထောင်ရှင်မ၊ အငြိမ်းစားသူများထဲမှ မှန်မှန်ရှေ့ဆောင်နေကြသူအချို့ကိုခေါ်မေး။ (မှန်မှန်ရှေ့ဆောင်မရှိလျှင် အရန်ရှေ့ဆောင်သို့မဟုတ် ရှေ့ဆောင်ဖူးသောကြေညာသူကိုသုံးနိုင်) ငွေရေးကြေးရေးအခြေအနေကိုသုံးသပ်ပါ။ သင့်ဒေသတွင်မည်သည့်အချိန်ပိုင်းအလုပ်မျိုးရနိုင်သနည်း။ တစ်ယောက်စီသည်ဝင်ငွေထွက်ငွေမျှတအောင်မည်သို့ပြုကြသနည်း။ မည်သည့်သုံးဖြုန်းတတ်သောအကျင့်များကိုသူတို့စွန့်လွတ်ခဲ့ကြရသနည်း။ သပ်မှတ်နာရီပြည့်အောင်ဇယားဆွဲခြင်းအကြောင်းသုံးသပ်ပါ။ သူတို့မည်သို့ပြုကြသနည်း။ အခြားမည်သည့်စိမ်ခေါ်မှုများကိုသူတို့အောင်မြင်ခဲ့ကြသနည်း။ မေးမြန်းခြင်း သည်အပြုသဘောပါပြီးအားပေးမှုဖြစ်စေပါ။ အချိန်ပြည့်လုပ်ငန်းတွင်ပါနိုင်မပါနိုင်ဆုံးဖြတ်နိုင်ရန် မိမိတို့အခြေအနေကိုသုံးသပ်ကြည့်ဖို့ပရိသတ်ကိုလှိုက်လှဲစွာအားပေးပါ။

၂၀ မိ– ဖော်မစုံမိဘများမိမိတို့၏သားသမီးများကိုမည်သို့ကူညီနိုင်သနည်း။ နိဒါန်းတိုဖြင့်စပြီး ကလေးနှစ်ယေက်မိခင် အမှုဆောင်ထွက်ရန်ပြင်ဆင်ပုံကိုသရုပ်ပြပါ။ ယနေ့ အဖွဲ့အစည်းအတွင်းဖော်မစုံမိဘများ မကြုံဖူးအောင်ပိုများလာ။ တိမောသေ၏မိခင်နှင့်အဖွားတို့သည် သူ့ကိုသမ္မာတရားစိမ့်ဝင်အောင်ပြုလုပ်နည်းသည် မိဘတိုင်းအတွက်ကောင်းသောပုံသက်သေဖြစ်။ (၂ တိ၊ ၁: ၅။ ၃: ၁၄၊ ၁၅) သရုပ်ပြ။ မိခင်၊ ဆယ်ကျော်သက်သမီးနှင့်အငယ်ဆုံးသမီးတို့ မီးဖိုခန်းရှိစားပွဲတွင်ညစာစားအပြီးထိုင်နေကြ။ မိခင်က ပန်းကန်များမသိမ်းခင်လယ်ကွင်းလုပ်ငန်းအတွက်ပြင်ဆင်ကြပြီး သူမကအိမ်ရှင်လုပ်မည်အကြောင်းပြော။ သမီးငယ်က ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်မှနိဒါန်းတစ်ခုကိုသုံးပြီးမိခင်အားပြော။ မိခင်ကသူမကိုချီးမွမ်းပြီး အသင်းမပေးထားသည့်ကျမ်းချက်ကိုဖတ်ခိုင်း။ ဟေရှာယ ၉:၆၊ ၇ ကိုသမီးငယ်ဖတ်။ စာအုပ်မည်သို့ဝေငှမည်ကို မိခင်ကသမီးကြီးအားမေး။ သမီးကြီးက ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါအချက်တစ်ခုကိုသုံး၍စာအုပ်ဝေငှပြ။ မိခင်ကသမီးနှစ်ယောက်လုံးကိုချီးမွမ်းပြီး ယင်းအချက်တို့ကိုလယ်ကွင်းလုပ်ငန်းတွင်သုံးရန်အားပေး။ မိသားစုအားလုံး မိမိတို့၏သားသမီးများကိုမေတ္တာပါသောအကူအညီပေးကြရန်အားပေးခြင်းဖြင့်နိဂုံးချုပ်။

သီချင်း ၁၈၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၀ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်

သီချင်း ၁၉၂

၁၅ မိ– ဒေသကြေညာချက်များကိုအကြီးအကဲတင်ပြပြီး နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ စကားစနိုင်သည့်အချက်များကိုဆွေးနွေးပါ။ ဤစာစောင်ပါအကြံပေးထားသောနိဒါန်းနှင့်ဆက်သွယ်မှုရှိသည့်မဂ္ဂဇင်းတစ်စောင်ကိုရွေးချယ်ပြီး ကောင်းစွာပြင်ဆင်ထားသောကြေညာသူတစ်ဦးအား နိဒါန်းနှင့်ပြောင်းလဲတင်ပြပုံအားဖြင့် စိတ်ဝင်စားသူအားမဂ္ဂဇင်းဝေငှပုံကိုတင်ဆက်စေပါ။ လူများပါဝင်ပြောဆိုလာအောင်ပြုရန်နှင့် အကြံပြုထားသည့်တင်ပြနည်းများကိုသုံးရန်ထောက်ပြပါ။ စိတ်ဝင်စားသူကိုရှာဖွေတွေ့ရှိရန်မခက်ပါ။

၁၈ မိ– “ပြန်လည်ပတ်မှုများပြုရန်တာဝန်ကိုလက်ခံခြင်း” မေးဖြေ။ ပြန်လည်ပတ်မှုလုပ်ငန်းတွင်အပြည့်အဝပါဝင်ရန် အားလုံးကိုလှိုက်လှဲစွာအားပေး။ နောက်အပတ်တွင် လုပ်ငန်းတော်အစည်းအဝေးတွင် ပြန်လည်ပတ်မှု၌ပြောမည့်စကားများအကြောင်းကိုဆွေးနွေးမည်ဖြစ်၍ စည်းဝေးတက်ကြရန်အားပေး။

၁၂ မိ– ဒေသလိုအပ်ရာ။

သီချင်း ၁၆၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၇ ရက်အစပြုမည့်အပတ်အတွက်

သီချင်း ၉၂

၁၀ မိ– ဒေသကြေညာချက်။ မတ်လနှင့်ဧပြီလတို့တွင်အရန်ရှေ့ဆောင်ကြဖို့ ယခုကတည်းကအစီအစဉ်ဆွဲထားကြရန် ကြေညာသူများကိုအားပေး။ မတ်လ သို့မဟုတ်ဧပြီလတွင် ရက်အားရှိမည့်မိသားစုများ သို့မဟုတ်လူငယ်ကြေညာသူများ၊ လယ်ကွင်းလုပ်ငန်းတွင်မိမိတို့ပိုမိုပါဝင်နိုင်ရန် မည်သို့စီစဉ်နိုင်ကြောင်းစစ်ဆေးကြည့်ရန်အားပေး။

၂၀ မိ– “ပြန်လည်ပတ်သောအခါသင်ဘာပြောမည်နည်း” ပရိသတ်နှင့်ဆွေးနွေးပြီး အပိုဒ်များပါအကြံပေးချက်များကို ကြေညာသူအချို့သရုပ်ပြစေပါ။ သတ်မှတ်ချိန်အတွင်းပြီးရမည်။

၁၅ မိ– “ခရစ်ယာန်ချင်းတို့အားငွေချေးငှားခြင်း” ၁၉၉၁ ခုအောက်တိုဘာ ၁၅ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) စာမျက်နှာ ၂၅-၂၈၊ ကိုအကြီးအကဲတစ်ဦးဟော။

သီချင်း ၁၄၇ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ