မတ်လအတွက် သင့်တင်ပြချက်ကို ပြင်ဆင်ပါ
၁ မတ်လအတွင်း ၁၉၈၃ ခုနှစ် သို့မဟုတ် ထိုထက်အစောပိုင်းတွင်ထုတ်ဝေခဲ့သော ၁၉၂ - မျက်နှာရှိစာအုပ်များ သို့မဟုတ် Worldwide Security စာအုပ်ကိုအသားပေး ဝေငှကြမည်။ အဆိုပါမည်သည့်စာအုပ်ကိုမဆို နည်းအမျိုးမျိုးဖြင့် သတင်းကောင်းတင်ပြရန် အသုံးပြုနိုင်သည်။ အောက်ပါအကြံပြုထားသည့် တင်ပြနည်းတစ်ခု သို့မဟုတ် အားလုံးကို သင်အသုံးပြုနိုင်ကောင်း အသုံးပြုနိုင်ပေမည်။
၂ ကမ္ဘာမြေကြီး—လူ့တည်မြဲသောနေအိမ်။ ကမ္ဘာနှင့်ကမ္ဘာ့ဝန်းကျင်အတွက် စိုးရိမ်မကင်းဖြစ်နေသူများနှင့် စကားစမြည်စတင်လိုလျှင် ဤအဓိကအချက်ကို စမ်းကြည့်ပါ။ “လူ့နေအိမ်အဖြစ် ကမ္ဘာသည် အမြဲတည်ရှိရန်ဖြစ်။” ဤအဓိကအချက်သည် မိသားစုကိုမြတ်နိုးသူ၊ သဘာဝအလှကို တန်ဖိုးထားတတ်သူ၊ ဝန်းကျင်တည်တံ့ရေးအတွက် စိုးရိမ်သူများ၏အာရုံကိုဆွဲနိုင်ရန်အတွက် ပြုပြင်အသုံးပြုဖို့ လွယ်ကူပေမည်။ အသုံးပြုကြမည့်ကျမ်းချက်မှာ ဒေသနာ ၁:၄ ဖြစ်သည်။ အဓိကအချက်နှင့်ကျမ်းချက်ကို Worldwide Security စာအုပ် စာမျက်နှာ ၉၈-၉ အပိုဒ် ၂ နှင့် ၃ တွင်ရှင်းပြထားပါသည်။
၃ မိမိကိုယ်ကိုမိတ်ဆက်ပြီးသော် ဤသို့ပြောဆိုနိုင်မည်။
▪ “ကျွန်ုပ်တို့အများစုအတွက် စိုးရိမ်ဖွယ်ဖြစ်နေသည့်အကြောင်းကို ဆွေးနွေးတင်ပြရန် ယခုလည်ပတ်ရောက်ရှိလာသည်။ ကမ္ဘာမြေကြီးသည် ကျွန်ုပ်တို့၏နေအိမ်ဖြစ်သည်။ ယခုယင်းကိုဖျက်ဆီးနေပုံကြောင့် အသင်စိုးရိမ်မကင်းဖြစ်နေမည်။ ဝန်းကျင်ကို ဆက်ညစ်ညမ်းနေမည်ဆိုလျှင် ကမ္ဘာပေါ်သက်ရှိများ နေနိုင်တော့မည်မဟုတ်ကြောင်း သိပ္ပံပညာရှင်များနှင့် ဝန်းကျင်ပါရဂူများက ဆက်သတိပေးနေသည်။ ဤပြဿနာကိုဖြေရှင်းနည်း အသင်တွေ့မြင်ပါသလော။ [အိမ်ရှင်ပြောဆိုလိုသည့်စကားရှိမရှိ ခေတ္တစောင့်ပေး။] ကမ္ဘာမြေကြီး၏အနာဂတ်အကြောင်း ဒေသနာ ၁:၄ တွင် သမ္မာကျမ်းစာက မည်သို့ဆိုထားသည်ကို ခေတ္တပြပါရစေ။ ကျမ်းချက်ကိုဖတ်။ Worldwide Security စာမျက်နှာ ၉၈-၉၊ အပိုဒ် ၂ နှင့် ၃ ပါမှတ်ချက်များကို ပြပါ။
၄ ဆိုးသွမ်းမှု ဖျောက်ဖျက်ခံရမည်။ ရာဇဝတ်မှု၊ အဓမ္မမှု၊ စစ်မှုတို့ကြောင့် စိုးရိမ်သူများအား “ဘုရားသခင်ကိုမြတ်နိုးသူများ အသက်ရှင်ခြင်း၊ ငြိမ်သက်ခြင်း၌ ပျော်မွေ့နိုင်ရန် ဆိုးသွမ်းမှု ဖျောက်ဖျက်ခံရမည်” ခေါင်းစဉ်ကို သူတို့နှင့်ဆွေးနွေးလိုမည်။ ဤအချက်ကို ဆာလံ ၃၇:၉-၁၁ ကတင်ပြ၍ သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်မည် စာအုပ်၊ စာမျက်နှာ ၁၅၅-၁၆၅ တွင်ရှင်းပြထားပါသည်။
၅ ထုံးစံရှိသည်အတိုင်း နှုတ်ခွန်းဆက်ပြီးနောက် သင်ပြောဆိုနိုင်သည်ကား၊
▪ “ရာဇဝတ်မှုနှင့်အဓမ္မမှုကို မရင်ဆိုင်ရတော့မည့်အချိန်ကို ကြုံတွေ့မည်ထင်သလား။ [အိမ်ရှင်ဖြေဆိုပါစေ။] ဖြေရှင်းချက်ကို သမ္မာကျမ်းစာက ဤကျမ်းချက်တွင် (ဆာလံ ၃၇:၉-၁၁) ရှင်းပြထားပေးသည်။” ကျမ်းချက်ကိုဖတ်ပြ၍ သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်မည် စာအုပ်၊ စာမျက်နှာ ၁၅၆–၁၅၈၊ ၁၆၁၊ ၁၆၂ တို့မှ အပိုင်းအချို့ကိုရွေးချယ်ဖတ်ရှုပါ။
၆ ဆိုးသွမ်းမိုက်မဲမှုကို ဤအချိန်တိုင် ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားရသနည်း၊ ဆင်းရဲဒုက္ခများ အဘယ်ကြောင့်ကြုံရကြသနည်းဟု လူအများသိလိုကြသည်။ ထိုသို့ဆိုလျှင် ကင်းမျှော်စင် မဂ္ဂဇင်းပါ သက်ဆိုင်ရာဆောင်းပါးတစ်ခုခုကိုဖွင့်ပြနိုင်ပါသည်။ ဖော်ပြပါ တင်ပြချက်တစ်ခု သို့မဟုတ် အားလုံးကို ဤလအတွင်းအသုံးပြုပါ။ သင်အသုံးပြုလိုသော မည်သည့်စာပေ၌မဆို သက်ဆိုင်၍သင့်တော်သောကိုးကားချက်များနှင့် ရုပ်ပုံများကို တွေ့ရှိရန် မခဲယဉ်းလှပါ။ စိတ်ဝင်စားမှုနည်းလျှင် မိမိတင်ပြချက်နှင့်ဆိုင်သောဝေစာတစ်ခုခုကို ဝေငှထားခဲ့နိုင်သည်။