မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
မတ် ၂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ– ဒေသခံကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြေညာချက်များမှ ရွေးချယ်တင်ပြရန်။ နောက်ဆုံးထုတ်စာစောင်များမှ မဂ္ဂဇင်းတင်ပြချက်အချို့ကိုဖော်ပြပါ။
၂၀ မိ– “မတ်လအတွက် သင်၏တင်ပြချက်ကို ပြင်ဆင်ပါ။” (၁၀ မိ) မေးဖြေရန် (၈ မိ) ဒေသခံရပ်ကွက်အတွက် အသင့်တော်ဆုံးဖြစ်သော အကြံပြုထားသည့်တင်ပြချက် နှစ်ခုသုံးခုကို ကောင်းစွာပြင်ဆင်၍သရုပ်ပြခြင်း။ (၂ မိ) အကြံပြုထားသည့်တင်ပြချက် တစ်ခုသို့မဟုတ်ထိုထက်မကကိုအသုံးပြုတတ်ရန်ကြိုးစားဖို့ တိုက်တွန်းပါ။
၁၅ မိ– “အာဒံနှင့်ဧဝ။” Reasoning စာအုပ်စာမျက်နှာ ၂၇-၉။ (၅ မိ) “အာဒံနှင့်ဧဝတို့သည် ပုံပြင်မှပုဂ္ဂိုလ်များသာဖြစ်သလော” ဟူသည့်ခေါင်းစဉ်အောက်အကြောင်းကိုအခြေခံ၍ နိဒါန်းပျိုးပြောဆို။ (၆ မိ) “အာဒံ၏အပြစ်သည် ဘုရားသခင့်အလိုတော်၊ ဘုရားသခင့်အစီအစဉ်အတိုင်းလော” ဟူ၍မေးခွန်းထုတ်ထားခဲ့သောကြေညာသူ အိမ်ရှင်ထံပြန်လည်ပတ်ပုံသရုပ်ပြပါ။ (၄ မိ) “တစ်ဦးဦးမေးလာသည်ရှိသော်—” ဟူသည့် Reasoning စာအုပ်ပါအပိုင်းရှိအကြောင်းများကို ပြန်လည်ပတ်မှုပြုချိန်များတွင် ဆွေးနွေးရန်အကြောင်းများအဖြစ် အသုံးပြုရန်အားပေး။
သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်
မတ် ၉ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ– ဒေသကြေညာချက်များ။ တစ်ပတ်အတွင်း လုပ်ငန်းတော်အစီအစဉ်များနှင့် ရုံးပိတ်ရက်အတွက် အထူးအစီအစဉ်ကိုပါ ထည့်ကြေညာပါ။ ဤလအတွင်း ပြန်လည်ပတ်မှုများပြုလုပ်ရန် အထူးကြိုးစားကြဖို့တိုက်တွန်းပါ။ ဤလုပ်ငန်းတော်စည်းဝေးတွင် စိတ်ဝင်စားသူများထံပြန်လည်ပတ်သည့်အခါအသုံးပြုရန် လက်တွေ့ကျတင်ပြချက်လေးခုကို ရှင်းပြ၍ သရုပ်ပြပါမည်။ ဤအပတ်အတွင်းအသုံးပြုရန် တစ်ခု သို့မဟုတ် ထိုထက်မကကိုရွေးချယ်ထားပါ။
၂၀ မိ– “ပြန်လည်ပတ်ချိန်တွင် စကားစမြည်စတင်ပြောဆိုခြင်း။” (၃ မိ) အပိုဒ် ၁ နှင့် ၂ ပါအချက်များပါဝင်သည့် နိဒါန်းစကား။ (၁၅ မိ) အပိုဒ် ၃-၅ ပါတင်ပြချက်တစ်ခုစီကို ကောင်းစွာပြင်ဆင်၍သရုပ်ပြ။ အချိန်ရရှိလျှင် သရုပ်ပြတစ်ခုစီပြီးနောက် တင်ပြချက်တို့၏လက်တွေ့ကျမှုကို ဖော်ပြပြောဆိုနိုင်။ (၂ မိ) အပိုဒ် ၆ ပါအချက်များကိုအခြေခံပြီး စိတ်ဝင်စားမှုပြသောသူတို့နှင့် စကားစမြည်စဖို့ အကြံပြုထားသည့်တင်ပြနည်း အနည်းဆုံးတစ်ခုကို ကြိုတင်ပြင်ဆင်အသုံးပြုရန် အားပေးပါ။
၁၅ မိ– “သင်အရန်ရှေ့ဆောင်နိုင်သလော။” အကြီးအကဲတစ်ဦးနှင့် အရန်ရှေ့ဆောင်ခဲ့ဖူး၍ ဧပြီလတွင် အရန်ရှေ့ဆောင်ရန် စာရင်းပေးထားသောကြေညာသူ များဆွေးနွေးခြင်း။ ဆောင်းပါးပါအချက်များကိုတင်ပြရာတွင် အဘယ်ကြောင့်အရန်ရှေ့ဆောင်လိုကြောင်း ကြေညာသူများရှင်းပြကြ။ ခံစားခဲ့ရသောကောင်းချီးများကို သူတို့ဖော်ပြပြီး နာရီကိုတာမီရန် ပြုလုပ်ခဲ့ရသောအစီအစဉ်များကို ရှင်းပြ။ ဆွေးနွေးရာတွင် အရန်ရှေ့ဆောင်ခြင်း၏ပျော်ရွှင်မှုများကို အလေးအနက်ဖော်ပြပြီး အခြေအနေခွင့်ပြုလျှင် ဤလုပ်ငန်းတော်အခွင့်အရေးကိုယူကြရန် အားပေး။
သီချင်း ၁၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၆ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း နှင့် အသင်းမထံလှူဒါန်းခြင်းအတွက် ကျေးဇူးတင်ချက်များ။ နိုင်ငံတော်မှုရေးအတွက် ညီအစ်ကိုတို့၏ ငွေရေးကြေးရေးထောက်ပံ့မှုများအတွက် ညီအစ်ကိုများကို ချီးမွမ်းပါ။ ဤအပတ်စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် ကြေညာသူများကိုအားပေးပါ။
၂၀ မိ– “မလွဲမရှောင် ပြန်လည်ပတ်ပါ။” မေးဖြေ၍သရုပ်ပြပါ။ အပိုဒ် ၅ ကိုသုံးသပ်ပြီးနောက် ဝေစာထားရစ်ခဲ့သောသူထံ ပြန်လည်ပတ်ခြင်းကို သရုပ်ပြ။ ဆွေးနွေးခန်းက ထာဝစဉ်အသက်ရှင် စာအုပ်ဖြင့်ကျမ်းစာသင်အံမှုသို့ ဦးတည်သွား။ အပိုဒ် ၆ ကိုသုံးသပ်ပြီးနောက် ယခင်ကစာပေလက်မခံခဲ့သူထံ ပြန်လည်ပတ်ခြင်းကို သရုပ်ပြ။ သရုပ်ပြခန်းပြီးနောက် ဤသူထံပြန်လည်ပတ်သွားရန် ကြေညာသူအဘယ်ကြောင့်ဆုံးဖြတ်ခဲ့ရကြောင်း မေးမြန်းပါ။
၁၅ မိ– ဒေသလိုအပ်ရာ။
သီချင်း ၁၃၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ– ဒေသကြေညာချက်များ။ တစ်ပတ်အတွက် လယ်ကွင်းလုပ်ငန်းအစီအစဉ်များအပါအဝင်။ သီအိုကရက်တစ်သတင်းများကို အထူးပေါ်လွင်စေ။
၁၅ မိ– “ရှေ့ဆောင်များကို အားပေးထောက်ခံကြောင်း တင်ပြခြင်း။” မေးဖြေ၍ လူတွေ့ခေါ်မေးခြင်း။ ရှေ့ဆောင်များကို လိုအပ်သလိုအားပေးသည့်အခါ အသင်းတော်တစ်ခုလုံး မည်သို့အကျိုးရရှိကြောင်း အလေးအနက်ဖော်ပြပါ။ ရှေ့ဆောင်များကို လူတွေ့ခေါ်မေး။ သူတို့၏ရှေ့ဆောင်ခြင်းဓမ္မအမှုတွင် အကြီးအကဲများနှင့် အခြားသူများ၏ကူညီမစမှုကို မည်သို့ရရှိခဲ့ကြောင်း ပေါ်လွင်စေပါ။
၂၀ မိ– ဧပြီလတွင် လုပ်ငန်းတော်ကိုတိုး၍ဆောင်ရွက်ရန် အားပေးသည့်ဟောပြောချက်။ မြန်မာပြည်အတွက် ၁၉၉၂ ဇန်နဝါရီလုပ်ငန်းတော်မှတ်တမ်းကို အသင်းတော်၏ ဇန်နဝါရီနှင့်ဖေဖော်ဝါရီလမှတ်တမ်းများနှင့် နှိုင်းယှဉ်ပါ။
သီချင်း ၄၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၃၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ– နှုတ်ခွန်းဆက်စကား။ ဒေသကြေညာချက်များ။ မိသားစု နံနက်ဝတ်ပြုမှုကို သရုပ်ပြ။
၁၅ မိ– “သင်အရန်ရှေ့ဆောင်နိုင်သလော” ဆောင်းပါးမှ အချက်အချို့ကိုယူ၍ အရန်ရှေ့ဆောင်များအား ဆက်ရှေ့ဆောင်ရန် အားပေး။ ကောင်းမွန်သည့်အချက်များအဖြစ် တွေ့ကြုံမှုအချို့ကို အသုံးပြုနိုင်သည်။
၂၀ မိ– ကျွန်ုပ်တို့၏ကျမ်းစာသင်အံမှုလုပ်ငန်းကို အောင်မြင်စေရန်၊ ကျမ်းစာသင်အံမှုအသစ်များ စကျင်းပပေးရန် အကြီးအကဲတစ်ဦးဟောပြော။ ဒီဇင်ဘာလတွင် သင်အံမှု ၁,၈၅၄ ခုကျင်းပသည်။ ဩဂုတ်လ၌ လုပ်ငန်းတော်နှစ်မကုန်မီ ကျွန်ုပ်တို့ကျမ်းစာသင်အံမှုများသည် သမ္မာတရားဘက်ရပ်တည်သူများ ဖြစ်ပါလေစေ။ တိုက်နယ်စည်းဝေးမတက်ရသေးလျှင် တက်ရောက်ကြရန် အားပေးပါ။ တိုက်နယ်အစည်းအဝေးကို တက်ပြီးသည့်အသင်းတော်များတွင် ၁၀ မိနစ်ခန့် တိုက်နယ်စည်းဝေးကို ပြန်လည်စစ်ဆေးပါ။
သီချင်း ၉၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။