ကြေညာချက်များ
◼ မတ်လတွင်ဝေငှမည့်စာအုပ်များ။ Revelation—Its Grand Climax At Hand. ၁၉၈၃ သို့မဟုတ် ထိုထက်အစောက ပုံနှိပ်ထုတ်ဝေခဲ့သော ၁၉၂ - မျက်နှာရှိစာအုပ်တစ်ခုခုကို ဝေငှကြပါမည်။ ဧပြီနှင့်မေ။ ကင်းမျှော်စင် နှစ်စဉ်ကြေး။
▪ အတွင်းရေးမှူးနှင့်လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်အားလုံး၏လုပ်ငန်းကို ပြန်ဆွေးနွေးသုံးသပ်သင့်သည်။ နာရီပြည့်မီရန် တစ်ဦးဦးအခက်အခဲတွေ့နေလျှင် အကူအညီပေးရန် အကြီးအကဲများစီစဉ်သင့်သည်။
▪ ၁၉၉၂ ဧပြီ ၂၅ ရက်၊ စနေနေ့တွင် ရန်ကုန်ဗေသလအိမ်အဆောက်အဦများကို နွေဦးကာလသန့်ရှင်းရေးအတွက် ပိတ်ထားမည်ဖြစ်ရာ ထိုနေ့ရက်တွင် အလည်အပတ်လာရောက်ခြင်း၊ အသင်းတော်များအတွက် စာအုပ်စာတမ်းများလာရောက်ယူခြင်းအစီအစဉ်များမရှိပါ။
▪ ၁၉၉၂ ဧပြီလ ၁၇ ရက်၊ သောကြာနေ့တွင် သတိရအောက်မေ့ပွဲကျင်းပကြမည်။ ဟောပြောချက်ကို စောစောစနိုင်သော်လည်း သတိရအောက်မေ့ပွဲမုန့်နှင့်စပျစ်ရည်ကို လက်ဆင့်ကမ်းခြင်းကိုကား နေဝင်ပြီးချိန်မှစတင်ရပါမည်။ သင့်အရပ်ဒေသတွင် နေဝင်ချိန်ကား အဘယ်အချိန်ဖြစ်မည်အကြောင်း ဒေသခံများနှင့်စစ်ဆေးကြည့်ပါ။ ထိုနေ့ရက်တွင် လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးခြင်းမှအပ အခြားအစည်းအဝေးများ လုံးဝမရှိပါ။
▪ ၁၉၉၂ ခုနှစ်တွင် အထူးလူထုဟောပြောချက်အစီအစဉ်သည် သတိရအောက်မေ့ပွဲအရင်ဖြစ်၍ ၁၉၉၂ ဧပြီ ၅ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပပါမည်။ ဟောပြောချက်ခေါင်းစဉ်မှာ “ကမ္ဘာ့ရေးရာများတွင် ဘာသာရေး၏ကဏ္ဍ” ဖြစ်သည်။ ဤနေ့ရက်တွင် တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်၊ တစ်ရက်အထူးစည်းဝေး၊ သို့မဟုတ် တိုက်နယ်စည်းဝေးပွဲကျင်းပချိန်ဖြစ်နေပါက အထူးလူထုဟောပြောချက်ကို နောက်အပတ် တနင်္ဂနွေ၊ ၁၉၉၂ ဧပြီ ၁၂ ရက်တွင်ကျင်းပမည်။
▪ ဧပြီလတွင်အရန်ရှေ့ဆောင်လိုသောကြေညာသူများသည် ယခုကတည်းကစီစဉ်ပြီး လျှောက်လွှာကို စောစောတင်သင့်သည်။ ယင်းကလယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ရန်နှင့် စာအုပ်စာတမ်းအလုံအလောက်ယူထားရန် အကြီးအကဲများအတွက်အထောက်အကူပြုမည်။