ဤစနစ်၏ဆုံးခန်းနီးပြီဟု လူတိုင်းအားပေးသိပါ
၁ မကြာမီ “ဘုရင်တကာတို့၏ဘုရင်” သည် မြေကြီးတဝန်းတွင် စစ်မှန်သောငြိမ်သက်ခြင်းနှင့် လုံခြုံမှုတည်ထောင်ပေးပါတော့မည်။ ဤကျမ်းစာကတိပြုချက်ကို ယုံကြည်အားထားခြင်းက သူတစ်ပါးအား ဤအကြောင်းများတင်ပြပြောဆိုရန် တိုက်တွန်းပေးသင့်သည်။ (ဟေရှာ၊ ၉:၆၊ ၇။ မိ၊ ၄:၃၊ ၄) ဖေဖော်ဝါရီလအတွင်း ၁၉၈၃ သို့မဟုတ် ထိုထက်အစောပိုင်းက ပုံနှိပ်ထုတ်ဝေခဲ့သော ၁၉၂ - မျက်နှာရှိစာအုပ်တစ်ခုခုကို ဝေငှကြပါမည်။ ယင်းစာအုပ်များမရှိကြလျှင် Worldwide Security Under the “Prince of Peace” စာအုပ်ကို ဝေငှနိုင်ကြပါသည်။
၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ဤလထုတ်တွင် ဖေဖော်ဝါရီလအတွင်းအသုံးပြုလိုမည့် နိဒါန်းများကို တင်ပြထားပါသည်။ ၁၉၂ - မျက်နှာစာအုပ်များကို အာရုံစူးစိုက်စေရန် လွှဲပြောင်းပြောဆိုသည့်စကားအချို့ကိုလည်း အောက်ပါအပိုဒ်များတွင် ဖော်ပြပေးထားပါသည်။
၃ လွှဲပြောင်းနည်း ၁။ နိဒါန်းပျိုးပြီးနောက် စာမျက်နှာ ၁၃ သို့လှန်၍ “ဤပထမအပိုဒ်တွင် ဟေရှာယ ၉:၆၊ ၇ ကိုကိုးကားထားသည်။ ဤတွင်ညွှန်းထားသည့် ‘ငြိမ်းချမ်းရေးမင်းသား’ ကားမည်သူနည်း။” ဖြေပါလေစေ။ နောက်ဆက်၍ “ဤစာအုပ်က ‘ငြိမ်းချမ်းရေးမင်းသား’ သည်မည်သူဖြစ်ကြောင်း အတိအလင်းဖော်ပြပြီး ကျွန်ုပ်တို့ခေတ်တွင် ကမ္ဘာချီငြိမ်သက်မှု မည်သို့ဖြစ်ပေါ်စေမည်အကြောင်း ရှင်းပြထားသည်။ ယင်းကိုစိတ်ဝင်စားပြီး ကတိတော်တည်ရာ ဤကမ္ဘာသစ်အကြောင်း ပိုသိလိုပါသလော။”
၄ လွှဲပြောင်းနည်း ၂။ ဟေရှာယ ၉:၆၊ ၇ ကို ဖတ်ရှုပြီးနောက် အခန်း ၁၊ စာမျက်နှာ ၄ နှင့် ၅ ပါရုပ်ပုံသည် သင်တင်ဆက်ရာတွင်အသုံးပြုရန် အထောက်အကူဖြစ်ကြောင်း သတိပြုမိမည်။ သင်ဤသို့ မေးနိုင်သည် “ဤကဲ့သို့သော ပရိသုတွင် သင်နေလိုပါသလော။ ဘုရားသခင့်နိုင်ငံတော်သည် ဤကမ္ဘာကို ပရဒိသုအဖြစ်သို့ ရောက်လာစေပါမည်။ ဘုရားသခင့်နိုင်ငံတော်နှင့် လူသားအတွက် ယင်း၏အကျိုးဆောင်ချက်ကို ဤစာအုပ်က နားလည်စေပါမည်။ ယင်းအမှု အဘယ်အချိန်တွင်ဖြစ်ပျက်မည်အကြောင်း သင်သိပါသလော။” အဖြေရပြီးနောက် “အဖြေများကို ဤစာအုပ်တွင်ဖတ်ရှုနိုင်ပါမည်။ ယင်းကို ၁၅ ကျပ် ဖြင့်ရယူနိုင်ပါသည်။ ထိုနောက် Let Your Kingdom Come စာအုပ်ကို ဝေငှပါ။
၅ လွှဲပြောင်းနည်း ၃။ မိမိတို့အိမ်ထောင်တွင် ပြဿနာများရင်ဆိုင်နေရသူ များစွာရှိသည်။ ဤသူတို့သည် ကျမ်းစာပညာမရှိ၊ ယင်းကိုမည်သို့ကျင့်သုံးရမည်အကြောင်းကိုလည်း သိချင်မှသိကြမည်။ ဘဝပြဿနာများကိုရင်ဆိုင်၍ ဖြေရှင်းနိုင်ရန် Family Life စာအုပ်ကို ကျပ် ၁၅ ဖြင့်ဝေငှလိုပေမည်။
၆ ဤလက်ဟောင်းစာအုပ်များမရှိလျှင် ရှိသည့်စာအုပ်များကိုပင် ဝေငှပေးပါ။ မည်သည့်စာအုပ်မျှမရှိလျှင် ကင်းမျှော်စင် နှင့် နိုးလော့ မဂ္ဂဇင်းများကို အစုံလိုက်ဝေငှပါ။