ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၂ စာ. ၄
  • ရှေ့ဆောင်ကျောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှေ့ဆောင်ကျောင်း
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၂/၉၂ စာ. ၄

ရှေ့ဆောင်ကျောင်း

၁ ယေဟောဝါရှင်သည် ကြီးမြတ်တော်မူသောသွန်သင်ပို့ချသူဖြစ်တော်မူ၏။ ယင်းကြောင့်လည်း ကိုယ်တော်၏သားတော် ယေရှုခရစ်သည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးဆရာဖြစ်ရပေသည်တကား။ ကိုယ်တော်ရှင်နှစ်ပါး၏ သွန်သင်ပို့ချမှုကို ကျွန်ုပ်တို့ခံယူရခြင်းသည် အခွင့်ထူးမြတ်လှပေသည်။ ကျွန်ုပ်တို့တက်ရောက်သည့် ပတ်စဉ်အစည်းအဝေးတိုင်း၊ စည်းဝေးပွဲကြီးတိုင်းသည် ကျွန်ုပ်တို့အားသွန်သင်ပို့ချပေးရန် စီစဉ်ရေးဆွဲထားပေးပါသည်။ ဤသီအိုကရက်တစ်အစည်းအဝေးများကို တက်ရောက်နိုင်ခြင်းကား ဘုရားသခင့်ကျေးကျွန်များအတွက် ကြီးမြတ်လှသောအခွင့်ထူးဖြစ်သည်။

၂ ရှေ့ဆောင်ကျောင်းသည် မှန်မှန်ရှေ့ဆောင်နှင့်အထူးရှေ့ဆောင်များအတွက်သာဖြစ်သည့် အခွင့်ထူးဖြစ်ပေသည်။ ဤနှစ်မေလ၌ ရန်ကုန်မြို့တွင် (ရက်စွဲများကို နောက်မှကြေညာမည်) ရှေ့ဆောင်ကျောင်းကျင်းပပါမည်။ အသင်တက်ရောက်ခွင့်ရှိမည်လော။ ဤကျောင်းကိုမတက်ဖူးသေးသော အထူးရှေ့ဆောင်အားလုံး မေလတွင်တက်ခွင့်ရကြမည်။ ၁၉၉၁ နိုဝင်ဘာ ၁ ရက်ကတည်းက မှန်မှန်ရှေ့ဆောင်ခဲ့သောသူများကိုလည်း ဖိတ်ခေါ်ပါမည်။

၃ သင်တို့အားဇွဲလုံ့လရှိစေပြီး လယ်ကွင်း၌ထိမိသောဓမ္မအမှုဆောင်များဖြစ်စေရန် များစွာအကူအညီပေးမည့်ကျောင်းဖြစ်မည်။ ဤကျောင်းကိုတက်ခွင့်ရှိသူများအား ရှေ့ဆောင်ဖြစ်ရန် လေ့ကျင့်ပေးဖို့မဟုတ်ပါ။ အကြောင်းမှာ သူတို့သည် လွန်ခဲ့သောခြောက်လ သို့မဟုတ် ထိုထက်မကအချိန်ပိုင်းတွင် ရှေ့ဆောင်များဖြစ်ပြီးနှင့်ကြပြီ။ သိုးကဲ့သို့သူများကိုရှာဖွေရာ၌ ပိုထိရောက်စေရန်နှင့် လူတို့အား ဆက်ကပ်အပ်နှံသည့်ခြေလှမ်းကိုယူနိုင်ရန် ကူညီပေးဖို့ သာ၍ထိရောက်လာစေရန်အတွက်ဖြစ်သည်။

၄ ရှေ့ဆောင်ကျောင်း ကျောင်းသုံးစာအုပ်အသစ်တစ်ခုကို ကျောင်းသားတိုင်းအား ပေးပါမည်။ ပြန်သွားကြသည့်အခါ အပိုင်ယူသွားနိုင်မည်။ အသင်းတော်ထံ တိုက်နယ်ရောက်လာသည့်အခါ ၄င်းကို မကြာခဏပြန်လေ့လာသုံးသပ်နိုင်ပါမည်။ ကြေညာသူများစွာတို့သည်လည်း ရှေ့ဆောင်ကျောင်းသင်တန်းမှ အကျိုးခံစားရရန် မှန်မှန်ရှေ့ဆောင်နိုင်ကြပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ