ဖေဖော်ဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဖေဖော်ဝါရီ ၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၅ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။
၂၅ မိ– အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား စာအုပ်ကိုအသုံးပြုနေသည့် မိသားစုလေ့လာမှုတွေ့ရှိရ။ (ဇန်နဝါရီ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား ဆောင်းပါးမှ အချက်အလက်အချို့ကိုအသုံးပြု။ စာအုပ်ကို မည်သို့အသုံးပြုနိုင်ကြောင်း တင်ပြပါ။ ဆောင်းပါးပါ ကျမ်းချက်များကို ဖတ်ရှုနိုင်သည်။)
၁၅ မိ– “ဤစနစ်၏ဆုံးခန်းနီးပြီဟု လူတိုင်းအားပေးသိပါ။” နိဒါန်းပျိုးစကား လိုရင်းတိုရှင်းပြောဆိုပြီးနောက် စကားလွှဲပြောင်းနည်း တစ်ခုစီကိုသုံးသပ်၍ အချိန်ရသ၍ ကြေညာသူအသီးသီးအား အသုံးပြုပုံကိုတင်ပြစေပါ။ ဖြစ်နိုင်မည်ဆိုလျှင် လွှဲပြောင်းနည်း ၂ ကို လူငယ်တစ်ဦးအားတင်ပြပါစေ။ လွှဲပြောင်းနည်း ၃ က အိမ်ရှင်အားစွဲလမ်းစေမည့် ကျမ်းချက်အနည်းဆုံးတစ်ခုကို ကြေညာသူပြောဆိုခဲ့ခြင်းကိုတင်ပြစေသည်။ စာမျက်နှာ ၆ နိဒါန်းများနှင့် လွှဲပြောင်းနည်းများအနက် အနည်းဆုံးတစ်ခုကို အသုံးပြုရန် အားပေးပါ။
သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၅ မိ– ဒေသကြေညာချက်များ။
၁၀ မိ– “ရှေ့ဆောင်ကျောင်း။” ပရိသတ်နှင့် ဆောင်းပါးကိုဆွေးနွေး။ ထိုနောက်ဤကျောင်းကိုတက်ဖူးသူများအား တွေ့ဆုံမေးမြန်းခြင်းပြုလုပ်ပါ။
၁၈ မိ– “ထိရောက်သော နိဒါန်းများ။” ဒေသခံရပ်ကွက်အခြေအနေကို အကျဉ်းချုပ်ဖော်ပြ။ အိမ်ရှင်များ ဘာကိုအရေးယူကြသနည်း။ အောင်မြင်မှုရရှိနိုင်မည့် နိဒါန်းနှင့်တင်ဆက်ပုံကို အာရုံပြုပါလေစေ။ ဤတင်ဆက်ပုံကို ကောင်းစွာပြင်ဆင်ထားသောကြေညာသူအား တင်ပြစေပါ။ ထိုနောက်စာအုပ်ဝေငှ။ ဆောင်းပါးတွင်ပါသည်အတိုင်း ကြေညာသူ တင်ဆက်ပြောဆိုသင့်သည်။ ၄င်းနောက် ကျောင်းနေရွယ်လူငယ်တစ်ဦးသည် ယင်းတင်ဆက်ပုံကိုသရုပ်ပြကာ စိတ်ဝင်စားသူအား မဂ္ဂဇင်းများဝေငှပေးခြင်းဖြင့် နိဂုံးချုပ်စေပါ။ လယ်ကွင်းလုပ်ငန်း၌ ယင်းကိုအသုံးပြုဖို့ကြိုးစားရန် တိုက်တွန်းပေးပါ။
၁၂ မိ– ဒေသလိုအပ်ချက်များ။
သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ– ဒေသကြေညာချက်များနှင့်သီအိုကရက်တစ်သတင်းများ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများကိုအသိအမှတ်ပြုခြင်း။
၁၅ မိ– ရှေ့ဆောင်လုပ်ငန်းသည်ကျွန်ုပ်အတွက်လော မကြာမီကျောင်းပြီးတော့မည့်ကျောင်းသားလူငယ်များအပါအဝင် ကျွန်ုပ်တို့အများစုသည် အချိန်ပြည့်အမှုဆောင်ရန်စီစဉ်နိုင်မည်လော။ လူငယ်၊ အိမ်ထောင်ရှင်မ၊ အငြိမ်းစားသူများထဲမှ မှန်မှန်ရှေ့ဆောင်နေကြသူအချို့ကိုခေါ်မေး။ (မှန်မှန်ရှေ့ဆောင်မရှိလျှင် အရန်ရှေ့ဆောင်သို့မဟုတ် ရှေ့ဆောင်ဖူးသောကြေညာသူကိုသုံးနိုင်) ငွေရေးကြေးရေးအခြေအနေကိုသုံးသပ်ပါ။ သင့်ဒေသတွင်မည်သည့်အချိန်ပိုင်းအလုပ်မျိုးရနိုင်သနည်း။ တစ်ယောက်စီသည်ဝင်ငွေထွက်ငွေမျှတအောင်မည်သို့ပြုကြသနည်း။ မည်သည့်သုံးဖြုန်းတတ်သောအကျင့်များကိုသူတို့စွန့်လွှတ်ခဲ့ကြရသနည်း။ သတ်မှတ်နာရီပြည့်အောင်ဇယားဆွဲခြင်းအကြောင်းသုံးသပ်ပါ။ သူတို့မည်သို့ပြုကြသနည်း။ အခြားမည်သည့်စိမ်ခေါ်မှုများကိုသူတို့အောင်မြင်ခဲ့ကြသနည်း။ မေးမြန်းခြင်း သည်အပြုသဘောပါပြီးအားပေးမှုဖြစ်စေပါ။ အချိန်ပြည့်လုပ်ငန်းတွင်ပါနိုင်မပါနိုင်ဆုံးဖြတ်နိုင်ရန် မိမိတို့အခြေအနေကိုသုံးသပ်ကြည့်ဖို့ပရိသတ်ကိုလှိုက်လှဲစွာအားပေးပါ။
၂၀ မိ– ကလေးငယ်များအား ကြေညာသူဖြစ်ရန် မည်သို့ကူညီပေးနိုင်ခြင်း။
သီချင်း ၁၈၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၅ မိ– ဒေသကြေညာချက်များကိုအကြီးအကဲတင်ပြပြီး နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ စကားစနိုင်သည့်အချက်များကိုဆွေးနွေးပါ။ ဤစာစောင်ပါအကြံပေးထားသောနိဒါန်းနှင့်ဆက်သွယ်မှုရှိသည့်မဂ္ဂဇင်းတစ်စောင်ကိုရွေးချယ်ပြီး ကောင်းစွာပြင်ဆင်ထားသောကြေညာသူတစ်ဦးအား နိဒါန်းနှင့်ပြောင်းလဲတင်ပြပုံအားဖြင့် စိတ်ဝင်စားသူအားမဂ္ဂဇင်းဝေငှပုံကိုတင်ဆက်စေပါ။ လူများပါဝင်ပြောဆိုလာအောင်ပြုရန်နှင့် အကြံပြုထားသည့်တင်ပြနည်းများကိုသုံးရန်ထောက်ပြပါ။ စိတ်ဝင်စားသူကိုရှာဖွေတွေ့ရှိရန်မခက်ပါ။
၁၈ မိ– “ထိရောက်သောကျမ်းစာသင်အံမှုများအားဖြင့် နှလုံးထိမိစေခြင်း။” မေးဖြေ။ အပိုဒ် ၃ နှင့် ၅ ကိုသုံးသပ်ရာတွင် ဒေသအခြေအနေနှင့်အညီ ပြုပြင်ရန် သရုပ်ပြ။ သင့်တော်သောအချက်များကို အလေးအနက်ဖော်ပြပါ။
၁၂ မိ– “သတင်းကောင်းဝေငှခြင်း—ကျမ်းစာသင်အံမှုများအားဖြင့်။” မေးဖြေဆွေးနွေးရန်။ ကျမ်းစာသင်အံမှုများကျင်းပနေသူများကို ချီးမွမ်းပေးပါ။ သင်အံမှုမရှိသူများကို ကြင်နာစွာအားပေး။ အခြေအနေတိုးတက်လာရန် မည်သို့ပြုနိုင်ကြောင်းဆွေးနွေးတင်ပြ။ အပိုဒ် ၄ နှင့် ၅ ပါအကြံပေးချက်များကို တိုတုတ်စွာသရုပ်ပြ။
သီချင်း ၁၆၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။