ကြေညာချက်များ
▪ ဩဂုတ်၊ လတွင်ဝေငှမည့်စာအုပ်များ။ ကမ္ဘာသားဘဝထာဝရစံစားကြ။ “ကြည့်ရှုလော့”၊ Should You Believe in the Trinity? ထာဝစဉ်တည်တံ့သွားမည့်ဘုရားသခင့်နာမတော်မြတ် နှင့် ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ ။
▪ ဇူလိုင်လကကြေညာခဲ့သည့် ဒေါက်ချင်းမ်တိုက်နယ်စည်းဝေးတွင် နှစ်ခြင်းခံသူနှစ်ဦးမဟုတ်ဘဲ ခုနစ်ဦးနှစ်ခြင်းယူခဲ့ကြောင်း။
▪ စက်တင်ဘာလမှစ၍ တိုက်နယ်ကြီးကြပ်မှူးများသည် “လောကီအညစ်အကြေးများမှ ကင်းစင်စေခြင်း” လူထုဟောပြောချက်ကိုပေးကြမည်။
▪ ၁၉၉၂၊ အောက်တိုဘာ ၁၂ တွင် အစပြုမည့်အပတ်မှစ၍ အသင်းတော်စာအုပ်ကြီးသင်တန်း၌ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား ကိုလေ့လာသွားကြမည်။
▪ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကြီးများရန်ကုန်—အောက်တိုဘာ ၁၆-၁၈၊ ၁၉၉၂တာဟန်း—နိုဝင်ဘာ ၂၇-၂၉၊ ၁၉၉၂စူရ်ခွား—ဒီဇင်ဘာ ၁၁-၁၃၊ ၁၉၉၂ပြင်ဦးလွင်—ဒီဇင်ဘာ ၂၅-၂၇၊ ၁၉၉၂
▪ ဩဂုတ်လ ၂၈ မှ စက်တင်ဘာ ၂ အထိဌာနခွဲရှိစာပေစာတမ်းအားလုံးကို စာရင်းယူမည်ဖြစ်သဖြင့် ဤနေ့ရက်များအတွင်း အသင်းတော်များတောင်းခံသည့်စာပေများကို ပို့ပေးခြင်းမပြု၊ ဌာနခွဲသို့လာယူခြင်းလည်း မပြုပါ။
▪ အသင်းတော်တိုင်း စာအုပ်စာတမ်းစာရင်းအင်းပုံစံသုံးစောင်စီ ရရှိပါလိမ့်မည်။ ထုတ်ဝေမည့်စာအုပ်စာတမ်းများစာရင်း အတိအကျယူသင့်သည်။ ယင်းပုံစံများကို အပြည့်အစုံဖြည့်စွက်ပြီး စက်တင်ဘာ ၂ ၁၉၉၂ ကိုနောက်ဆုံးရက်အဖြစ်သတ်မှတ်၍ မူရင်းပုံစံကို ကျွန်ုပ်တို့ထံပို့ပေးပါ။ မိတ္တူတစ်စောင်ကို သင့်ဖိုင်တွဲများတွင် သိမ်းဆည်းထားပါ။ တတိယတစ်စောင်ကို စာရင်းပြုလုပ်စဉ်အသုံးပြုရန်အတွက် ပို့ထားခြင်းဖြစ်သည်။
▪ ၁၉၉၃ လုပ်ငန်းတော်နှစ်အတွက်အသုံးပြုရန် ပုံစံစာရွက်အလုံအလောက်ကို အသင်းတော်တိုင်းထံ ပို့ပေးနေပါသည်။ ဤပုံစံစာရွက်များကို မဖြုန်းတီးပါနှင့်။ ရည်မှန်းထားသည့်အတိုင်းသာ ယင်းတို့ကိုအသုံးပြုပါ။