ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၂ စာ. ၂
  • ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဩဂုတ် ၁၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဩဂုတ် ၁၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဩဂုတ် ၂၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • ဩဂုတ် ၃၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၈/၉၂ စာ. ၂

ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဩဂုတ် ၁၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၂၃

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ ကင်းမျှော်စင်ကိုဝေငှာရာတွင် ပြောဆိုနိုင်သည့်အကြောင်းနှစ်ခုကို အထူးပေါ်လွင်စေပါ။

၂၀ မိ– “သင့်နိုင်ငံတော်မျှော်လင့်ချက်ကို ဝေမျှရန် ဘရိုရှာများတင်ပြ။” မေးဖြေဆွေးနွေးရန်။ သရုပ်ပြချက်များ။ အသင်းတော်၌ရှိသောဘရိုရှာများအကြောင်း အသင်းတော်ကိုအသိပေးပါ။ ဒေသခံရပ်ကွက်အတွက် အထူးသင့်တော်မည့်ဘရိုရှာများအကြောင်း ပရိသတ်မှထောက်ပြချက်များ တောင်းဆိုပါ။ အပိုဒ် ၉ ကိုသုံးသပ်သည့်အခါ အိမ်နီးချင်းတစ်ဦး၊ လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် အခြားနေရာမှသူတစ်ဦးအား အလွတ်သဘောသက်သေခံရာတွင် သင့်တော်သောဘရိုရှာကို မည်သို့ဝေငှနိုင်မည်အကြောင်းသရုပ်ပြပါ။ အချိန်ရလျှင်ရသလို ဘရိုရှာများအသုံးပြုခဲ့၍ တွေ့ခဲ့သည့်အတွေ့အကြုံများအကြောင်း တာဝန်ကြိုပေးထားသည့်ကြေညာသူတို့အား ပြောစေပါ။ ဩဂုတ်လအတွင်း ဘရိုရှာများကို များများအသုံးပြုကြရန် အားပေးတိုက်တွန်းပါ။

၁၅ မိ– အချိန်အခါမရွေး အချိန်ကိုပညာရှိရှိအသုံးပြုပါ။ မိမိအချိန်ကို သီအိုကရက်တစ်ရေးရာများတိုးတက်ဖို့အသုံးပြုကြရန် ကြေညာသူတို့အား ယခုပင်ကြံရွယ်ဖို့အားပေးပါ။ လမ်းထွက်သည့်အခါ အလွတ်သဘောသက်သေခံနိုင်သည့်နည်းလမ်းများကို တင်ပြပါ။ ပတ်စဉ်ကျမ်းစာဖတ်ခြင်း၊ အသင်းမစာပေများကိုလေ့လာခြင်း၊ အစရှိသည့် ကိုယ်ပိုင်ပန်းတိုင်များကိုလျစ်လျူမရှုကြခြင်းနှင့် ခရီးထွက်စဉ်အချိန်ကိုပညာရှိရှိအသုံးပြုရန် အားပေးပါ။

သီချင်း ၁၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၁၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၉၃

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ သီအိုကရက်တစ်သတင်း။ လယ်ကွင်းလုပ်ငန်းအတွက်အစီအစဉ်များအကြောင်း အသင်းတော်ကိုသတိပေးပါ။

၂၀ မိ– “ကျွန်ုပ်တို့နိဒါန်းကို စာပေစာတမ်းနှင့်ဆက်နွယ်ပေးခြင်း။” အတိုချုပ်ဟော၍သရုပ်ပြချက်များ။ အပိုဒ် ၂ ပါအကြံပေးချက်များကို ကြေညာသူငယ်အသုံးပြု၍သရုပ်ပြဖို့စီစဉ်။ ဟေရှာယ ၆၅:၂၁-၂၃ ကိုနိဒါန်းပျိုးရာတွင် အပိုဒ် ၅ ပါချဉ်းကပ်ပုံကိုအသုံးပြုပါ။ အခြားကြေညာသူတစ်ဦးက “ကြည့်ရှုလော့” ဘရိုရှာဝေငှပုံကို အပိုဒ် ၃ နှင့် ၄ ပါအကြံပြုချက်များထည့်၍သရုပ်ပြနိုင်မည်။ သရုပ်ပြနှစ်ခုစလုံးအတွက် ဝေငှသည့်စာပေနှင့်တင်ဆက်ပုံကို မည်သို့ဆက်သွယ်ပေးကြောင်း သဘာပတိအထူးပေါ်လွင်စေမည်။ သရုပ်ပြတစ်ခုတွင် စိတ်ဝင်စားမှုမပြသောအိမ်ရှင်နှင့် မည်သို့ဆက်စကားပြောဆိုမည့်အကြောင်း တင်ပြပါ။ စည်းဝေးပြီးနောက်တွင် ဘရိုရှာနှင့်မဂ္ဂဇင်းများကိုထုတ်ယူကြရန် အသင်းတော်အားသတိပေးပါ။

၁၅ မိ– အာမဂေဒုန်အကြောင်းမေးခွန်းများ။ ဆွေးနွေးရန်ကျမ်းစာအကြောင်းများ သို့မဟုတ် Reasoning စာအုပ်၊ စာမျက်နှာ ၄၄-၉ ပါအကြောင်းကိုဟောပြော။

သီချင်း ၁၃၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၈

၁၅ မိ– ဒေသကြေညာချက်များ။ အသင်းတော်၏ ဇူလိုင်လလယ်ကွင်းလုပ်ငန်းမှတ်တမ်းကိုဆွေးနွေး၍ ချီးမွမ်းတန်ချီးမွမ်းပြီး တိုးတက်ဖို့လိုလျှင် လိုအပ်သလိုအားပေးပါ။ နှစ်ချုပ်ကျမ်းချက်ကို ယင်း၏ရှေ့နောက်စကားနှင့်အတူသုံးသပ်ခြင်းအားဖြင့် လယ်ကွင်းလုပ်ငန်း၌ပါဝင်၍ အသင်းတော်နှင့်ပေါင်းသင်းရာတွင် ပျော်ရွှင်မှုမည်သို့ရနိုင်ကြောင်း တင်ပြပါ။ (ရော၊ ၁၂:၉-၁၆) အချိန်ရလျှင် ဤအပတ်စနေတနင်္ဂနွေနေ့များတွင်အသုံးပြုဖို့ သင့်တော်သောပြောဆိုချက်တစ်ခုနှစ်ခုကို အကြံပြုပေးပါ။

၁၅ မိ– “ကျမ်းစာသင်အံမှုများကို သင်ကမ်းလှမ်းနေသလော။” မေးဖြေဆွေးနွေးပြီးနောက် ပထမအကြိမ်သွားသည့်အခါ သို့မဟုတ် ပြန်လည်ပတ်မှုပြုချိန်တွင် ကျမ်းစာသင်အံမှုများကို မည်သို့စပေးနိုင်ကြောင်း တွေ့ကြုံမှုများနှင့်တင်ပြပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် သမ္မာတရားကိုအဘယ်ကြောင့်စသဘောကျခဲ့ကြောင်း ကြေညာသူသုံးလေးဦးအား လူတွေ့ခေါ်မေးမြန်းပါ။ သူတို့ကြုံခဲ့ရသောအတားအဆီးများပါ ထည့်ပြောဆိုနိုင်။

သီချင်း ၁၈၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၃၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၈၀

၁၀ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာ။ လုပ်ငန်းတော်ကြီးကြပ်မှူး ဤအပိုင်းကိုတာဝန်ယူမည်။

၂၀ မိ– “နိုင်ငံတော်သတင်းကိုစိတ်ဝင်စားရန် ပြုစုပျိုးထောင်ပေးခြင်း။” နိဒါန်းတိုကလေးပြီးနောက် (၁) နောက်ဆုံးထုတ်မဂ္ဂဇင်းများကို လက်ခံယူထားသောသူထံ (၂) စာပေများလက်မခံခဲ့သော်လည်း စိတ်ဝင်စားမှုတင်ပြခဲ့သူထံ နှင့် (၃) “ကြည့်ရှုလော့” ဘရိုရှာကိုယူခဲ့သူထံ ပြန်လည်ပတ်မှုပြုလုပ်ခြင်းကိုတင်ပြပါ။ သရုပ်ပြတစ်ခုစီတွင် နောင်တစ်ကြိမ်ပြန်လာမည်ကို လမ်းခင်းထားပုံဖော်ပြစေပါ။

၁၅ မိ– “ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလက်ခံ၍ကျင့်သုံးခြင်းအားဖြင့် အကျိုးခံစားရခြင်း။” တိုက်နယ်အစည်းအဝေးများအတွက် ကြိုတင်ပြင်ဆင်ထားသောကျေးဇူးတင်စကားများပြောဆိုစေပါ။ ပြီးခဲ့သောတိုက်နယ်အစည်းအဝေး၌ ကြားခဲ့ရသည့် တန်ဖိုးရှိအချက်အလက်များကို ပေါ်လွင်စေနိုင်သည်။ ထိုနောက် စာမျက်နှာ ၁ ပါဆောင်းပါးကိုမေးဖြေဆွေးနွေးပါ။ သိထားပြီဆိုလျှင် နောက်ကျင်းပမည့်တိုက်နယ်အစည်းအဝေးနေ့စွဲကိုကြေညာ၍ တက်ရောက်ရန်အားလုံးကိုတိုက်တွန်းပါ။

သီချင်း ၁၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ