သမ္မာသတိနှင့်ဖြောင့်မတ်ခြင်းဖြင့် အသက်ရှင်ခြင်း
၁ မတရားမှုပြုရန် ဩဇာလွှမ်းမိုးသည့်လောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြပါသည်။ ဤစနစ်၏စံထားရာများလည်း ဆက်ကျဆင်းနေသည်။ (၂ တိ၊ ၃:၃) ခရစ်ယာန်များအနေနှင့် မှန်ကန်ရာဘက်ရပ်တည်ကာ ထိုသို့အဘယ်ကြောင့်လုပ်သင့်ကြောင်း သဘောပေါက်ဖို့လိုသည်။ သို့သော် အဘယ်ညွှန်ကြားလမ်းပြမှုရှိသနည်း။ အဘယ်စံချိန်များထားရမည်။ “သမ္မာသတိနှင့်ဖြောင့်မတ်ခြင်းဖြင့် အသက်ရှင်ခြင်း” ကား ၁၉၉၃ လုပ်ငန်းတော်နှစ်အထူးအစည်းအဝေးနေ့အစီအစဉ်အတွက် ရွေးချယ်ထားသော အားတက်ဖွယ်ခေါင်းစဉ်ဖြစ်ပါသည်။—တိ၊ ၂:၁၂။
၂ ဟောပြောချက်များ၊ သရုပ်ပြများ၊ တွေ့ကြုံမှုများအားဖြင့် မတရားမှုကို မည်သို့တွန်းလှန်နိုင်ရန်၊ လောကီစိတ်ဆန္ဒများကို ချိုးနှိမ်ရန် မည်သို့ခွန်အားရှိစေနိုင်မည်အကြောင်း သင်ယူကြပါမည်။ ဤစနစ်ဆိုးကြီးအတွင်း သမ္မာသတိနှင့်ဖြောင့်မတ်ခြင်းဖြင့် မည်သို့အသက်ရှင်နိုင်မည်ကိုလည်း သဘောပေါက်သိရှိလာကြမည်။ ကျွန်ုပ်တို့၏စိတ်နေသဘောထားကို စောင့်ရှောက်ပေးရန်အကူအညီများအကြောင်း သိရှိလာမည်။ (၁ ပေ၊ ၄:၇) မိဘနှင့်လူငယ်များသည် မွန်းလွဲပိုင်းအစီအစဉ်တွင် ဟောပြောချက်များနှင့်လူတွေ့ခေါ်မေးမြန်းခြင်းတို့ကို အထူးအာရုံပြုကြလျှင် ကောင်းမည်။ ယင်းတို့က ဘုရားတရားနှင့်ဆိုင်သောဉာဏ်ပညာနှင့်အတွေ့အကြုံရရှိရေးနှင့် သာယာသောသီအိုကရက်တစ်အနာဂတ်အတွက် အတူတကွတည်ဆောက်ပျိုးထောင်ပေးရန်လိုကြောင်းကို အလေးအနက်ဖော်ပြပါမည်။
၃ မတရားသောလောကအလယ်ရှိသော်လည်း ဘုရားသခင့်နှုတ်ကပါဌ်တော်သည် လိုက်လျှောက်သင့်သည့် အကောင်းဆုံးလမ်းစဉ်ကို သွန်သင်ပေးပါသည်။ “ပျော်ရွှင်မှုကင်းမဲ့သောလောကတွင် သင်ခံစားနေရသောကောင်းချီးများကို တန်ဖိုးထားခြင်း” အကြောင်းတွင် ကျမ်းစာသြဝါဒကိုလိုက်လျှောက်ခြင်း၏အကျိုးများကို ပေါ်လွင်စေမည်။ တက်ရောက်နိုင်ရန် ပြင်ဆင်ကြရာတွင် အစီအစဉ်ကိုဂရုစိုက်နားထောင်ခြင်း၊ ဩဝါဒကိုကျင့်သုံးခြင်းဖြင့် ယေဟောဝါအမှုတော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်လာမည်အကြောင်းကို စိတ်စွဲလမ်းထားသင့်သည်။—ဖိ၊ ၃:၁၅၊ ၁၆။