ကြေညာချက်များ
▪ စက်တင်ဘာလတွင်ဝေငှမည့်စာအုပ်များ။ မည်သည့်စာအုပ်ကိုမဆို။
▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ခန့်အပ်သောသူသည် အသင်းတော်စာရင်းအင်းများကို စက်တင်ဘာ ၁ သို့မဟုတ် အစောနိုင်ဆုံးစာရင်းယူရမည်။ ယင်းကိုပြုပြီးလျှင် အသင်းတော်အားကြေညာပါ။
▪ အောက်တိုဘာလတွင် အရန်ရှေ့ဆောင်ဖို့ကြံစည်နေသူများ လျှောက်လွှာများကို စောစောတင်သွင်းသင့်သည်။ ဤသို့ပြုပါက စာအုပ်စာတမ်းနှင့်ရပ်ကွက်များအတွက် အကြီးအကဲများ ကြိုတင်စီစဉ်ပေးနိုင်ပါလိမ့်မည်။
▪ အသင်းတော်ထဲ ပြန်ဝင်လာလိုစိတ်ရှိကောင်းရှိနေမည့် အသင်းမှနှင်ထုတ်ခံရသူ၊ သို့မဟုတ် ပေါင်းသင်းမှုရပ်စဲသူများနှင့်စပ်လျဉ်း၍ ဧပြီ ၁၅၊ ၁၉၉၁ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၂ ပါသြဝါဒအတိုင်း အကြီးအကဲများလုပ်ကိုင်ရန် သတိပေးလိုပါသည်။
▪ မိမိတို့ဓမ္မအမှုကိုကျေပွန်ရန်အဖွဲ့အစည်း စာမျက်နှာ ၁၂၉-၁၃၀ တွင်လယ်ကွင်းလုပ်ငန်းနာရီသွင်းခြင်းနှင့်စပ်လျဉ်း၍ အဘယ်အချိန်ကိုသွင်းနိုင်ကြောင်း ညွှန်ကြားထားသည်။ လူထုဟောပြောချက်ပေးသူအတွက် စကားပြန်ဆိုသောကြေညာသူသည် နာရီယူနိုင်မနိုင်သိချင်နေကြပါသည်။ ဟောပြောသူနှင့်စကားပြန်ပါ လယ်ကွင်းလုပ်ငန်းမှတ်တမ်း၌ အချိန်ကိုထည့်သွင်းနိုင်ပါသည်။
▪ အသင်းတော်နှင့်ပူးပေါင်းနေသောသူတိုင်းသည် အသင်းတော်မှတစ်ဆင့် ကင်းမျှော်စင် နှင့် နိုးလော့ အတွက်နှစ်စဉ်ကြေးများကို နောက်နှစ်အတွက် ပြန်စာရင်းသွင်းယူသင့်သည်။
▪ အသင်းမသည် တစ်ဦးချင်းစီတောင်းခံသည့်စာပေများကို ဖြည့်စွက်ပေးတော့မည်မဟုတ်ပါ။ တစ်စုံတစ်ခုအလိုရှိပါက စာတိုစာတမ်းအမှုထမ်းကို အကြောင်းကြားလျှင် သူသည် အသင်းတော်၏လစဉ် စာတိုစာတမ်းတောင်းခံလွှာတွင် ချက်ချင်းထည့်သွင်းတောင်းခံပေးပါလိမ့်မည်။
▪ စက်တင်ဘာလစာတိုစာတမ်းတောင်းခံလွှာတွင် 1993 Calendar of Jehovah’s Witnesses ကိုစတင်တောင်းဆိုနိုင်ပါသည်။
▪ ၁၉၉၂၊ အောက်တိုဘာ ၁၂ အပတ်မှစတင်၍ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား ကိုအသင်းတော်စာအုပ်ကြီးသင်တန်းတွင် စတင်လေ့လာကြပါမည်။