ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၂ စာ. ၂-၅
  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • စက်တင်ဘာ ၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • စက်တင်ဘာ ၁၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • စက်တင်ဘာ ၂၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • စက်တင်ဘာ ၂၈ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
  • အောက်တိုဘာ ၅ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၉/၉၂ စာ. ၂-၅

စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

စက်တင်ဘာ ၇ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၆၂

၁၀ မိ-။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အချက်ကောင်းများကို ဖော်ပြပါ။ ဤအပတ်စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ အားလုံးပါဝင်ရန် အားပေးပါ။

၁၅ မိ။ “စိတ်ဝင်စားမှုနှိုးဆွပေးသည့် နိဒါန်းများ။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၅ တွင်အကြမ်းဖော်ပြထားသည့်အချက်များကို သရုပ်ပြပါ။

၂၀ မိ– “ထပ်၍တိုးတက်ခြင်းငှာ အပြုသဘောပါပါလုပ်ကိုင်ခြင်း။” ကြားညှပ်၏ပထမအပိုဒ်နှစ်ပိုဒ်ကို ဟောပြောချက်အနေဖြင့်တင်ပြပါ။ ကျန်အပိုဒ်များကို မေးဖြေဆွေးနွေးကာ သုံးသပ်သွားပါ။ ဒေသခံအသင်းတော်လိုက် ကျင့်သုံးရမည့်အချက်များကို အလေးအနက်ပေါ်လွင်စေပါ။ တိုရင်းလိုရှင်းနည်းဖြင့် ပြန်သုံးသပ်၍ နိဂုံးချုပ်ပါ။

သီချင်း ၁၅၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၁၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၃၃

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် ဒေသခံအသင်းတော်၊ အသင်းမ၏ကမ္ဘာချီလုပ်ငန်းကိုပါ ငွေအင်အားဖြင့် အသင်းတော်၏ထောက်ပံ့မှုကို ချီးမွမ်းပါ။

၂၀ မိ– ပြန်လည်ပတ်မှုပြုရာတွင် စိတ်ဝင်စားမှုပျိုးထောင်ပေးခြင်း။ လုပ်ငန်းတော်ကြီးကြပ်မှူးဆွေးနွေးရန်။ လူတို့အားသက်သေခံပြီး စာပေများဝေငှထားနိုင်ခဲ့သဖြင့် ဝမ်းမြောက်ကြသူများသည်။ (ဓအ စစ၊ ၁၁၀-၂) ကျွန်ုပ်တို့တရားကိုနားထောင်သူတို့နှလုံး၌ စိတ်ဝင်စားမှုပျိုးထောင်ပေးရန် ကျွန်ုပ်တို့မှာ တာဝန်ရှိပါသည်။ စစချင်းတွင်စာအုပ်မဝေရဘဲ ပြန်လည်ပတ်သွားရာတွင် ဝေစာအသုံးပြု၍ စိတ်ဝင်စားမှုကိုမည်သို့နှိုးဆွပေးနိုင်ကြောင်း သရုပ်ပြတိုကလေးတင်ပြပါ။ တစ်ချက်နှစ်ချက်သာပေါ်လွင်စေပါ။ Reasoning စာအုပ်၏အညွှန်းတွင်ပါသည့်အကြောင်းကိုပါ မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြတိုဖြင့်တင်ပြပါ။ သမ္မာကျမ်းစာကိုစိတ်ဝင်စားမှုတိုးများလာစေရန် စာအုပ်ပါတိုတုတ်၍တိုက်ရိုက်ဖြစ်သည့်အချက်များကို အလေးအနက်ဖော်ပြပါ။ နောက်ပြန်လည်ပတ်လာရန်အတွက် မည်သို့စီစဉ်နိုင်ကြောင်း တင်ပြပါ။

၁၅ မိ– “မဟာဗာဗုလုန်။” Reasoning စာအုပ်စာမျက်နှာ ၄၉-၅၃ ကိုဆွေးနွေးခြင်း။ သရုပ်ပြ။ ကျမ်းစာသင်သား၏တိုးတက်မှုကို ကြေညာသူသည် သူနှင့်ဆွေးနွေးနေ။ ယေဟောဝါက သန့်ရှင်းသူဟုသတ်မှတ်ခံရဖို့၊ သို့မှသာ ကိုယ်တော်၏အကူအညီ၊ ကောင်းချီးများရရန် အရေးကြီးသည်ကို ပေါ်လွင်စေပါ။ (၁ ပေ၊ ၁:၁၅၊ ၁၆) ယခုပင် ဗာဗုလုန်မှထွက်လာပြီး ယေဟောဝါ၏သန့်ရှင်းသောအဖွဲ့အစည်းနှင့်ပေါင်းသင်းရန် အရေးကြီးကြောင်းကို အလေးအနက်ဖော်ပြပါ။ အဖွဲ့အစည်းသို့ညွှန်ပြသည့် အသင်းမစာပေများကို အသုံးပြုရန် ညီအစ်ကိုများကိုအားပေး၍ အကြီးအကဲများကမ်းလှမ်းသည့်အကူအညီကို လက်ခံယူကြရန်နှင့် သဘာပတိနိဂုံးချုပ်။

သီချင်း ၁၂၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၁၁၃

၁၅ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ “ကျန်းခံ့သောစိတ်ထားနှင့်ဖြောင့်မတ်ခြင်းဖြင့် အသက်ရှင်ခြင်း။” ၁၉၉၃ လုပ်ငန်းတော်နှစ်အတွင်း အထူးအစည်းအဝေးနေ့အစီအစဉ်ကိုတက်ရောက်ကြရန် ကြိုတင်စီစဉ်ထားဖို့ ညီအစ်ကိုများအား တိုက်တွန်းပေးပါ။ သိထားလျှင် ကျင်းပမည့်နေ့စွဲနှင့်နေရာကိုကြေညာပါ။ စနေ၊ တနင်္ဂနွေလယ်ကွင်းလုပ်ငန်း၌ပါဝင်ကြရန်လည်း အားပေးပါ။

၂၀ မိ– “အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား ကိုလေ့လာခြင်း။” မေးဖြေရန်။ အောက်တိုဘာ ၁၂ မှစ၍ ဤစာအုပ်ကိုသင်အံလေ့လာခြင်းကို အားတက်သရောရှိကြရန် အားပေးပါ။

၁၀ မိ– ၁၉၉၂၊ ဧပြီ ၁၅ ကင်းမျှော်စင်ပါ “သင်မှတ်မိသလော” ဆောင်းပါးကို ဆွေးနွေးရန်။ မဂ္ဂဇင်းများကိုဖတ်ရှုရန် အစီအစဉ်ကောင်းစွာရှိကြဖို့ အားလုံးကိုတိုက်တွန်းပါ။ လက်တွေ့ကျအကြံပေးချက်များကိုတင်ပြပါ။

သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၈ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၇၂

၅ မိ– ဒေသကြေညာချက်များ။

၁၅ မိ– “တစ်အိမ်မှတစ်အိမ် ထိရောက်စွာအမှုဆောင်ခြင်း။” မေးဖြေဆွေးနွေးရန်။ အောက်တိုဘာလတွင် အရန်ရှေ့ဆောင်ကြရန် တိုက်တွန်းပါ။ အရန်ရှေ့ဆောင်သူများသည် နောက်ပိုင်းလများတွင် တက်ကြွလှုပ်ရှားသူများဖြစ်တတ်ကြကြောင်း ဖော်ပြပါ။

၁၅ မိ– သင့်သားသမီးများစိတ်နှလုံးထဲ ဘုရားသခင့်အကြံအစည်များနှင့် ကျောင်းသို့စေလွှတ်လိုက်ပါ။ အကြီးအကဲဟောပြော။ ပုံစံသွင်းဖို့အာရုံပြုသောလောကတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသည်။ လူငယ်များအတွက် အထူးစိုးရိမ်စရာရှိ။ သူတို့၏လိုအပ်ရာ၊ ပြဿနာများကို မိဘများသိရှိနေဖို့လို။ (သု၊ ၂၀:၅) သားသမီးများစိတ်ထဲ ဘုရားသခင့်ပညတ်တော်နှင့်မေတ္တာတော်အပြင် မိဘများ၏မေတ္တာခံစားနေရကြောင်း နားလည်စေပါ။ သရုပ်ပြ။ ကျောင်းဘရိုရှာကို မည်သို့အသုံးပြုနိုင်ကြောင်း မိသားစုဆွေးနွေး။ ကလေးငယ်တစ်ဦး ကျောင်းစနေ၏။ အခြားနှစ်ဦး ကျောင်းတက်နေသည်မှာ နှစ်အနည်းငယ်ရှိပြီ။ တစ်ဦးစီ၏အခြေအနေနှင့်သက်ဆိုင်မည့်အချက်ကို ရွေးချယ်ပါ။ ကျောင်းဆရာအဖြစ်သရုပ်ဆောင်သည့်မိဘအား ကိုယ်ပိုင်စကားဖြင့် သားသမီးများတင်ပြပြောဆိုစေပါ။ ပတ်သက်နေသည့်မူများကို သားသမီးများသဘောပေါက်မပေါက် အသေအချာသိရန်ကြိုးစားပါ။ တာဝန်ယူသူညီအစ်ကိုသည် မိသားစုကျမ်းစာသင်အံမှုကိုအားပေးသည်။ မိဘနှင့်သားသမီး ရင်းနှီးအကျွမ်းတဝင်ရှိကြရန်လိုကြောင်း အလေးအနက်ဖော်ပြ။

၁၀ မိ– “ပြန်လည်ပတ်မှုများတွင် ထာဝစဉ်အသက်ရှင်စာအုပ်ကိုအသုံးပြုခြင်း။” ပထမအပိုဒ်နှစ်ပိုဒ်ပါအချက်များကို အတိုချုပ်ဆွေးနွေး။ ထိုနောက်ကျမ်းစာသင်အံမှုစရန် တိုက်ရိုက်ချဉ်းကပ်နည်းကိုအသုံးပြုသည့် ပြန်လည်ပတ်မှုတစ်ခု သရုပ်ပြပါ။

သီချင်း ၁၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

အောက်တိုဘာ ၅ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်

သီချင်း ၃၀

၅ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဝိညာဉ်ရေးဘက် သင်တိုးတက်နေသလော။ အကြီးအကဲဆွေးနွေး။ လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွင်း အသင်းတော်ရှိသူများသည် ရည်မှန်းချက်ပန်းတိုင်များသို့ ရောက်ခဲ့ကြပြီလော။ မရောက်လျှင် အဘယ်ကြောင့်နည်း။ ထားနိုင်ရန်ကောင်းသည့် ပန်းတိုင်များကိုအကြံပြုပါ။ ဝိညာဉ်ရေးကိုကာကွယ်ပေးရန် တိုးတက်မှုရှိရန်လိုအပ်နေ။ (ဖိ၊ ၃:၁၆) မိသားစုသင်အံမှုပြုလုပ်နေသည့် မိသားစုသရုပ်ပြခန်းတစ်ခုတွင် မည်သည့်နေရာများ၌ ဝိညာဏတိုးတက်မှုရှိရန် ကြိုးစားဖို့လိုနေကြောင်း မိမိတို့၏ဓမ္မအမှုကိုပြန်သုံးသပ်နေကြသည်။

၁၀ မိ– ဒေသခံလိုအပ်ရာများ သို့မဟုတ် အသင်းတော်၏လယ်ကွင်းလုပ်ငန်းကို အကြီးအကဲဆွေးနွေး။

၁၅ မိ– အောက်တိုဘာလတွင် Creation စာအုပ်ကိုအထူးဖော်ပြပါ။ သရုပ်ပြပါသည့် ဟောပြောချက်။ Creation စာအုပ်ဝေငှသည့်အခါ ပြောဆိုရန်ကောင်းသည့်အချက်များနှင့် အသုံးပြုနိုင်သောရုပ်ပုံများကို ဆွေးနွေးပါ။ သက်ဆိုင်လျှင် Reasoning စာအုပ်ရှိ “ဖန်ဆင်းခြင်း” ခေါင်းစဉ်အောက်အချက်များကို အသုံးပြုနိုင်ပါသည်။ “ဘုရားသခင်သည် ဒုက္ခဆင်းရဲကို အဘယ်ကြောင့်ခွင့်ပြုရကြောင်း” နှင့် “မကြာမီရောက်လာတော့မည့် မြေကြီးပရဒိသု” ခေါင်းစဉ်များပါ အခန်း ၁၆ နှင့် ၁၉ ပါအချက်အလက်များကို အိမ်ရှင်စိတ်ဝင်စားကောင်းစိတ်ဝင်စားမည်။ သုတ္တံ ၂:၂၁၊ ၂၂ နှင့် စာမျက်နှာ ၁၉၇ ပါရုပ်ပုံကိုအသုံးပြုကာ အရည်အချင်းရှိကြေညာသူတစ်ဦး ကမ္ဘာကိုဖန်ဆင်းခဲ့ရသည့် ဘုရားသခင်၏အကြောင်းရင်းကိုဖော်ပြစေပါ။

သီချင်း ၁၀၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ