ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
ဒီဇင်ဘာ ၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှသက်ဆိုင်ရာ ကြေညာချက်များ။ ဤအပတ် စနေ၊ တနင်္ဂနွေနေ့များတွင်အသုံးပြုမည့် မဂ္ဂဇင်းများ၌ စိတ်ဝင်စားမှုနှိုးဆွပေးနိုင်မည့်နည်းများကို အကြံပြုပါ။
၁၅ မိ– “ယေရှုအားရှုမှတ်ရန် သူတစ်ပါးကိုလှုံ့ဆော်ပေးပါ။” စစ်မှန်သောဝတ်ပြုရေးကို လိုက်စားနိုင်ကြရန် လူတို့အားကူညီပေးရာတွင် အကြီးမြတ်ဆုံးလူသား စာအုပ်၏တန်ဖိုးကိုဖော်ပြသည့် အားတက်ဖွယ်ဟောပြော။
၂၀ မိ– “ယေရှုခရစ်နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာကိုဝေမျှ။” မေးဖြေရန်။ အပိုဒ် ၂ နှင့် ၃ တွင်အကြံပြုထားသည့်အတိုင်း ဝေစာအသစ်အသုံးပြုပုံကိုသရုပ်ပြပါ။
သီချင်း ၂၀၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများအတွက်ကျေးဇူးတင်စကားပါ တင်ပြ။ ဒေသခံအသင်းတော်လိုအပ်ရာများအတွက် ရက်ရောစွာထောက်ပံ့ကူညီပေးသည့်အတွက် အသင်းတော်ကိုချီးမွမ်း။ အချိန်ရလျှင် စစ်မှန်သောဝတ်ပြုရေးထမ်းဆောင်ရန် ကူညီပေးရာတွင် ဝေစာများအသုံးပြုခဲ့ခြင်း၊ အကြီးမြတ်ဆုံးလူသား စာအုပ်ဝေငှခြင်းဆိုင်ရာ တွေ့ကြုံမှုများကို ရွေးချယ်ဖော်ပြပါ။ ဒီဇင်ဘာ ၂၅ ရက်နေ့အတွက် သက်သေခံထွက်ခြင်းငှာ အထူးအစီအစဉ်များအကြောင်း ကြေညာပါ။
၁၀ မိ– “တွေ့ဖူး၊ ကြားဖူးသမျှအကြောင်းအစဉ်ပြောဆိုနေခြင်း။” ဟောပြောချက်။ အလွတ်သဘောသက်သေခံခြင်းဆိုင်ရာ ဒေသခံတွေ့ကြုံမှုများကို ရွေးချယ်တင်ပြပါ။
၁၅ မိ– “အကျိုးပြုသောရလဒ်များရရှိရန်ဝေစာများကို အသုံးပြုခြင်း။”—အပိုင်း ၁။ ကြားညှပ်စာရွက်၏အပိုဒ် ၁-၈ တို့ကို မေးဖြေသုံးသပ်ရန်။ အပိုဒ် ၅ ပြီးနောက် မိသားစုဘဝကို မွေ့လျော်ခြင်း ဝေစာအသုံးပြု၍ စကားစမြည်စတင်ပုံကို သရုပ်ပြပါ။ အပိုဒ် ၈ ပြီးနောက် ဝေစာနှင့် အလွတ်သဘောသက်သေခံပုံကို သရုပ်ပြပါ။
၁၀ မိ– မေးခွန်းသေတ္တာ။ အကြီးအကဲ ဟောပြောရန်။
သီချင်း ၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၁ တွင် စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။ ဇန်နဝါရီ ၁ ရက်နေ့တွင် အထူးသက်သေခံထွက်ခြင်းအကြောင်း ကြေညာပေးပါ။ လယ်ကွင်းလုပ်ငန်း၌ ဤအပတ်စနေ၊ တနင်္ဂနွေနေ့များတွင် နိဒါန်းစကား၌ အသုံးပြုနိုင်မည့် ပြောဆိုစရာ အချက်တစ်ချက်နှစ်ချက်ကို အကြံပြုပါ။
၁၅ မိ– “စိတ်ဝင်စားသူထံ ပိုင်းခြားသိမြင်ခြင်းအသုံးပြု၍ ပြန်လည်ပတ်။” ပရိသတ်နှင့်ဆွေးနွေးရန်။ အပိုဒ် ၃ နှင့် ၄ ပါအချက်များကို သရုပ်ပြပါ။
၂၂ မိ– “အကျိုးပြုသောရလဒ်များရရှိရန်ဝေစာများကို အသုံးပြုခြင်း။”—အပိုင်း ၂။ ကြားညှပ်စာရွက်၏ အပိုဒ် ၉-၁၆ တို့ကို မေးဖြေဆွေးနွေးရန်။ အပိုဒ် ၁၀ ပြီးနောက် ဝေစာနှင့် အိမ်တွင်းကျမ်းစာသင်အံမှု မည်သို့စတင်နိုင်ကြောင်း သရုပ်ပြပါ။ အပိုဒ် ၁၃ ပြီးနောက် ဤလောက ဆက်လက်တည်ရှိမည်လော ဝေစာကိုအသုံးပြုကာ သင်အံမှုမည်သို့စတင်နိုင်ကြောင်း သရုပ်ပြပါ။
သီချင်း ၁၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ ဇန်န်ဝါရီလတွင် ဒေသခံရပ်ကွက်၌ စာပေကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြပါ။
၁၀ မိ– “ဘုရားဝတ်၌မွေ့လျော်ခြင်းကို ပန်းတိုင်ထားပြီး ကိုယ့်ကိုယ်ကိုလေ့ကျင့်ပေးခြင်း။” သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူး အားတက်သရောဟောပြောရန်။ ဟောပြောချက်နံပါတ် ၂ ကို မည်သို့ပေးရမည့်အကြောင်း ရှင်းပြပါ။ ဟောပြောချက်နံပါတ် ၂ အတွက် တာဝန်ချထားသည့် ကျမ်းပိုဒ်ကို အကျယ်တဝင့်မရှင်းပြသင့်ကြောင်း ကျမ်းစာပေါ်လွင်ချက်များကိုဖော်ပြရန် တာဝန်ကျသူများအား သတိပေးပါ။
၁၃ မိ– “စိတ်ဒုက္ခရောက်ချိန်တွင် သက်သာမှုရှာတွေ့နိုင်။” (က၉၂ ၇/၁၅ ၁၉-၂၂) အကြီးအကဲ အားတက်သရောဟောရန်။
၁၂ မိ– ဒေသလိုအပ်ရာများ။
သီချင်း ၁၀၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။