သီအိုကရက်တစ်သတင်း
ဖရန့်ချ်ဂီယာနာ– အောက်တိုဘာမှတ်တမ်းက ကြေညာသူ ၉၄၈ ယောက်မှတ်တမ်းသွင်းသည့်အတွက် ၁၅ ကြိမ်မြောက် ဆက်တိုက်ကြေညာသူအမြင့်ဆုံးရရှိကြောင်းတင်ပြ။ အသင်းတော်ကြေညာသူများသည် လယ်ကွင်းလုပ်ငန်း၌ ပျမ်းမျှ ၁၅.၁ နာရီသွင်းခဲ့ကြသည်။
ဟောင်ကောင်– အောက်တိုဘာလတွင် ကြေညာသူနှုန်းသစ် ၂,၇၀၄ ယောက်ရခဲ့သည်။ သူတို့သည် ကျမ်းစာသင်အံမှု ၄,၀၄၃ ခုကျင်းပခဲ့သည်ကိုတွေ့ရှိရပါသည်။
ဂျမေကာ– ဂျမေကာနိုင်ငံ၏ ပထမစည်းဝေးပွဲခန်းမကို ၁၉၉၂၊ နိုဝင်ဘာ ၇ ရက်နေ့တွင် အပ်နှံခဲ့၍ တက်ရောက်သူပေါင်း ၄,၄၆၉ ယောက်ရှိခဲ့ပါသည်။
မာဒါဂတ်စ်ကာ– “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲငါးခုကို ၁၀,၆၉၄ ယောက်တက်ခဲ့၍ ၂၄၁ ယောက်နှစ်ခြင်းယူခဲ့ပါသည်။ တက်ရောက်သူအရေအတွက်မှာ သူတို့၏အများဆုံးကြေညာသူအရေအတွက် ၄,၅၄၂ ယောက်ထက် နှစ်ဆမက များပါသည်။