လူငယ်များ—ကျွမ်းကျင်စွာ သင့်ခြေလှမ်းများကို လမ်းညွှန်
၁ ကျွန်ုပ်တို့ခမည်းတော်ယေဟောဝါရှင်သည် လူငယ်များ၏ ဝိညာဏတိုးတက်မှုကို အလွန်စိတ်ဝင်စားပါသည်။ ကိုယ်တော်၏ မေတ္တာပါသောမိန့်မှာချက်များကို ပညာရှိရှိနာခံခြင်းအားဖြင့် လူငယ်များသည် ကိုယ်တော့်နှလုံးကို ရွှင်လန်းစေမည်သာမက ကိုယ်ကိုယ်တိုင် စိတ်လန်းဆန်းမှု ရရှိနိုင်ပါလိမ့်မည်။ (သု၊ ၂၇:၁၁။ မ၊ ၁၁:၂၈-၃၀) သူတို့ခြေလှမ်းများကို ယေဟောဝါကျွမ်းကျင်စွာညွှန်ကြားပေးရန် ခွင့်ပြုပါသည်။—သု၊ ၁၆:၉။
၂ ဘုရားသခင်နှင့်လူတို့၏ အလိုနှင့်တွေ့သူအဖြစ် ငယ်စဉ်အချိန်က ခရစ်တော်ယေရှုသည် ပုံသက်သေကောင်း တင်ပြခဲ့ပါသည်။ (လု၊ ၂:၅၂) ယနေ့ လူငယ်များ ဤသို့ဖြစ်စေသင့်သည်။ ဝိညာဉ်ရေးရာများကို လိုက်လျှောက်ရာတွင် လူငယ်၏ခြေလှမ်းများသည် ကျွမ်းကျင်သောလမ်းပြမှုကို ခံယူနေကြောင်း ထင်ရှားသင့်သည်။ ၁၂ အရွယ်တွင်ပင် ယေရှုသည် အခြားသူတို့အား ယေဟောဝါအကြောင်း ပြောဆိုလိုစိတ်ရှိသူအဖြစ် နာမည်ကျော်ကြားခဲ့သည်။ (လု၊ ၂:၄၆၊ ၄၇) ယနေ့လူငယ်များသည် မိမိတို့ယုံကြည်ခြင်းအကြောင်းကို သူတစ်ပါးအား ထပ်တူပင် ပြောဆိုလိုစိတ်ရှိကြောင်း တင်ပြကြပါသည်။—w 90 7/1 pp. 29–30; w 87 12/1 p.21.
၃ ယခုသော်လည်းကောင်း၊ အထူးသဖြင့် မေလနှင့်ဇွန်လအတွင်း ‘သင်၏ တန်ဖိုးရှိရာများနှင့် ယေဟောဝါကို ဂုဏ်တင်ရန်’ အသင်လူငယ်များ ဘာလုပ်နိုင်သနည်း။ (သု၊ ၃:၉) သင်သည် အရန်ရှေ့ဆောင်တစ်ဦးဖြစ်နေသည့်တိုင် အသင်ခါတိုင်းဆောင်ရွက်သည့် သတင်းကောင်းဟောပြောသွန်သင်ခြင်းအချိန်ကို တိုးများစေပါ။ ဓမ္မအမှုတွင် တိုး၍ပါဝင်ခြင်းမှ အသင်သည် ပျော်ရွှင်မှုနှင့် အခြားအကျိုးကျေးဇူး တိုးများလာသည်ကို တွေ့ရှိပေမည်။ ဤသို့ပြုခြင်းအားဖြင့် ကြေညာသူအသီးအသီးတို့နှင့် လယ်ကွင်းလုပ်ငန်း၌ တွဲ၍ပါဝင်ခွင့်ကိုလည်း ရရှိပေမည်။ ဤအပတ် စနေတနင်္ဂနွေနေ့တွင်ပင် အတွေ့အကြုံများသော ကြေညာသူ တစ်ဦးနှစ်ဦးနှင့် တွဲအမှုဆောင်ရန် ဖိတ်ခေါ်လိုက်နိုင်မည်။
၄ ဓမ္မအမှုတွင် အတူပါဝင်ခြင်းအပြင် သားသမီးများနှင့် ကြိုတင်လေ့ကျင့်မှုပြုခြင်းအားဖြင့် မိဘများသည် ကလေးများအား အားပေးကူညီမှု များစွာပေးနိုင်သည်။ အသင်းတော်ရှိ အခြားပါရမီရင့်ကျက်သောသူများကလည်း လူငယ်များကို မိမိတို့နှင့်အတူ တခါးတစ်ခုမှတစ်ခုသို့ဓမ္မအမှုဆောင်ခြင်း၊ ပြန်လည်ပတ်မှုနှင့် ကျမ်းစာသင်အံမှုသွားရာတွင် ခေါ်ဖိတ်နိုင်ပါသည်။ ဝိညာဉ်ရေးဘက် အားသန်သောကြေညာသူများနှင့် ရင်းနှီးစွာပေါင်းသင်းခြင်းအားဖြင့် လူငယ်များသည် တည်ဆောက်မှုရရှိကြပြီး ‘ပါရမီရင့်ကျက်သောအဖြစ်သို့ တိုးတက်ကြ’ ရန် အကူအညီရရှိကြမည်။—ဟေဗြဲ ၆:၁။
၅ ခရစ်ယာန်တိုင်းသည် သွန်သင်ခြင်းစွမ်းရည် တိုးတက်လာစေရန် လိုပါသည်။ လူငယ်များသာမဟုတ်ပါ။ သီအိုကရက်ဓမ္မအမှုကျောင်းတွင် ကျောင်းသားတာဝန်များအတွက် အသင်လူငယ်များ ကောင်းစွာပြင်ဆင်ပါသလော။ ဖတ်ရှုလေ့လာခြင်းနှင့် ကိုယ်ပိုင်လေ့လာမှုအပြင် ဆင်ခြင်သုံးသပ်ခြင်းအတွက် မှန်မှန်ပြုလုပ်ရန် အစီအစဉ်ရှိပါသလော။ သင်သုံးသပ်နေသည့်အကြောင်းကို လွယ်လင့်တကူ ကိုယ်တိုင်ကျင့်သုံးပါသလော။ လေ့လာသည့်အကြောင်းကို အပြည့်အဝအဓိပ္ပာယ်ပေါက်၍ အဖြေများပေးနိုင်ရန် စည်းဝေးများအတွက် ကောင်းစွာပြင်ဆင်ပါသလော။ စည်းဝေးတွင်ကြားလိုက်သော အကူအညီဖြစ်မည့်အချက်များကို မှတ်ချက်ယူကာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင်ပါသည့် အကြံပြုချက်များကို အသုံးပြုရန် ကြိုးစားပါသလော။
၆ နိုင်ငံတော်ခန်းမသန့်ရှင်းရေးနှင့် အသင်းတော်ရှိ အသက်ကြီးရင့်သူများ၊ မသန်မစွမ်းသော ညီအစ်ကိုညီအစ်မများ၏ ဝေယျာဝစ္စများ၊ သို့မဟုတ် အခြားလက်တွေ့ကျနည်းမျိုးဖြင့် အကူအညီပေးရန် အခွင့်အရေးများ ရှာယူပါ။ နိုင်ငံတော်ခန်းမ၏ ကုန်ကျစရိတ်နှင့် အသင်းမကြီး၏ ကမ္ဘာချီလုပ်ငန်းတွင် မှန်မှန်အလှူငွေပေး ပါဝင်ခွင့်ကိုလည်း လျစ်လျူမရှုပါနှင့်။
၇ ‘ယေဟောဝါ၏နှုတ်ကပါဌ်တော်အတိုင်း သတိပြု’ ကြမည်၊ ကျွန်ုပ်တို့ခြေလှမ်းကို ကိုယ်တော်အား ညွှန်ကြားစေမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့အား ပျော်ရွှင်မှုများစွာပေးရုံမက လုပ်ငန်းတော်အခွင့်အရေးများ တိုးပွားစေပါလိမ့်မည်။—ဆာ၊ ၁၁၉:၉။