မေအတွက်လုပ်ငန်းတော်စည်းဝေးများ
မေ ၃ ရက်တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်နှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။
၂၀ မိ– “ကျွန်ုပ်တို့၏အသက်ကယ်ဆယ်ရေး ဓမ္မအမှုတွင် အောင်မြင်စွာ ပါဝင်ခြင်း။” ဟောပြော၍ သရုပ်ပြခန်းများ။ အတိုချုပ်နိဒါန်းပျိုးပြီးနောက် အပိုဒ် ၂-၅ ကိုအခြေခံသည့် သရုပ်ပြခန်းသုံးခုကို တင်ဆက်ပါ။ သရုပ်ပြတစ်ခုစီပြီးနောက် ဒေသခံရပ်ကွက်ရှိ အခြေအနေအသီးသီးတွင် တင်ဆက်ပုံကို သင့်တော်စွာ မည်သို့ ပြုပြင်ပြောင်းလဲပေးနိုင်ကြောင်း ပရိသတ်အား မေးမြန်းပါ။ ဤအပတ်စနေ၊ တနင်္ဂနွေနေ့ ဓမ္မအမှုတွင် အပြည့်အဝပါဝင်ရန် အားပေး၍နိဂုံးချုပ်ပါ
၁၅ မိ– မိသားစုလိုက် ဝိညာဉ်ရေးကောင်းခြင်း၏ အရေးကြီးမှု။ အကြီးအကဲဟောပြော။ အခြေအနေအမျိုးမျိုးနှင့် မိသားစုအစီအစဉ်အရ နေ့စဉ်ကျမ်းချက်ကို မိသားစုလိုက် ဆွေးနွေးရန် အရေးကြီးကြောင်း တင်ပြ။ မိသားစုလိုက် အနည်းဆုံးတစ်နေ့တစ်ကြိမ်ဆုတောင်းဖို့လိုအပ်ကြောင်းကို အလေးအနက်ဖော်ပြ။ ယင်းကို အိပ်ရာဝင်ချိန်တွင် ပြုလုပ်နိုင်။ ထပ်တူမူအတိုင်း ကွဲခြားသောအိမ်ထောင်များ၊ ကြင်ဖော်မဲ့မိဘရှိ မိသားစုများနှင့် သားသမီးမရှိသောမိသားစုတွင် ကျင့်သုံးနိုင်။ မိသားစုလိုက် ပြင်ဆင်ခြင်းသည်လည်း ပတ်စဉ် အသင်းတော်အစည်အဝေးများမှ အကျိုးအများဆုံးရရန်၊ အခြားသူတို့၏ယုံကြည်ခြင်းကို ခိုင်ခံ့စေရန် အကျိုးပြု။—ဟေဗြဲ ၁၀:၂၃-၂၅။
သီချင်း ၁၀၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၁၀ ရက်တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ မဂ္ဂဇင်းနှင့်ဘရိုရှာများအသုံးပြုရာတွင် မကြာမီကတွေ့ရှိခဲ့သော တွေ့ကြုံမှုများ။ နှစ်စဉ်ကြေးကမ်းလှမ်းရန် စိတ်ဝင်စားသူများကို ကြေညာသူများ တွေ့ဆုံခဲ့ပြီလော။ (အသင်းတော်တွင် နှစ်စဉ်ကြေးများကိုင်တွယ်သောညီအစ်ကိုအကူအညီဖြင့် ကြိုတင်ပြင်ဆင်သင့်။)
၁၅ မိ– “တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၏ စိန်ခေါ်ချက်ကို ရင်ဆိုင်ခြင်း။” မေးဖြေရန်။ ကိုးကားထားသော ကျမ်းချက်များကို ဖတ်ရှု၍ ကျင့်သုံး။
၂၀ မိ– “၁၉၉၃ ‘မြင့်မြတ်သောသွန်သင်ခြင်း’ ခရိုင်စည်းဝေးပွဲမှ အကျိုးအပြည့်အဝ ခံစား” —အပိုင်း ၁။ အပိုဒ် ၁-၁၆ ကိုပရိသတ်ဆွေးနွေး။ ကြေညာသူများသည် သင့်လျော်သောအချက်များကို စည်းဝေးပွဲတက်ရောက်မည့် သူတို့ကျမ်းစာသင်သားများနှင့် ဆွေးနွေးသင့်။
သီချင်း ၁၃၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၁၇ ရက်တွင် စမည့်အပတ်
၁၀ မိ– ဒေသကျေညာချက်များနှင့် စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများအတွက် အသင်းမ၏ကျေးဇူးတင်စကားများပါပါဝင်။ ဒေသခံ အသင်းတော်လိုအပ်ရာများနှင့် အသင်းမ၏ ကမ္ဘာချီလုပ်ငန်းအတွက် ငွေရေးကြေးရေးအကူအညီအတွက် အသင်းတော်ကို ချီးမွမ်း။
၂၀ မိ– “စိတ်ဝင်စားသူများကို ကူညီပေးခြင်းငှာ ဝမ်းမြောက်စွာ ပြန်လည်ပတ်သွား။” ပရိသတ်ဆွေးနွေး၍ သရုပ်ပြခန်းများ။ စိတ်ဝင်စားသူများ၏မှတ်စုများကို ကောင်းစွာရေးမှတ်ထားဖို့လိုကြောင်း အလေးအနက်ဖော်။ အပိုဒ် ၃-၆ ပါအကြောင်းမှ သရုပ်ပြခန်းနှစ်ခုစီစဉ်ပါ။ ယင်းတို့သည် ဒေသခံအခြေအနေများကို ပေါ်လွင်စေသင့်၍ လိုအပ်သလို ပြုပြင်တင်ပြသင့်။
၁၅ မိ– “၁၉၉၃ ‘မြင့်မြတ်သောသွန်သင်ခြင်း’ ခရိုင်စည်းဝေးပွဲမှ အကျိုးအပြည့်အဝ ခံစား” —အပိုင်း ၂။ အပိုဒ် ၁၇-၁၉ ကိုပရိသတ်ဆွေးနွေး။ “ခရိုင်စည်းဝေးပွဲ သတိပေးချက်များ” ကိုအသေးစိတ်သုံးသပ်။ ၁၉၉၀ ဇွန် ၁၅ ရက်ထုတ်ကင်းမျှော်စင်၊ စာမျက်နှာ ၉—၁၅၊ ၁၈-၂၃ ပါအကြောင်းများကိုအခြေပြု၍ သင့်လျော်သောသတိပေးချက်များကိုလည်း ထည့်တင်ပြပါ။ စည်းဝေးကြီးမတက်မီ ဤဆောင်းပါးများပါ အချက်များကို ပြန်သုံးသပ်ရန် မိသားစုများကို အားပေးပါ။
သီချင်း ၅၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၄ ရက်တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။
၂၀ မိ– “လူငယ်များ—ကျွမ်းကျင်စွာ သင့်ခြေလှမ်းများကို လမ်းညွှန်။” အကြောင်းအရာကို မေးဖြေရန်။ အပိုဒ် ၃ ပြီးနောက် လူကြီးတစ်ဦးကို ကြေညာသူငယ်တစ်ဦးက လယ်ကွင်းလုပ်ငန်း၌ သူနှင့်တွဲအမှုဆောင်လိုကြောင်း တောင်းဆိုနေခြင်းနှင့် နိဂုံးချုပ်။ သာ၍ကြီးသောကြေညာသူက ဝမ်းသာစွာလက်ခံ၍ တွဲအမှုမဆောင်မီ တင်ပြပြောဆိုချက်များကို ပြန်စစ်ဆေးကြရန် အကြံပြု။
၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၂ ဒီဇင်ဘာ ၁၅ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၃ ပါ “လိမ်လည်ရန် အဘယ်ကြောင့်ဤမျှလွယ်ကူသနည်း” အကြောင်း အကြီးအကဲဟော။
သီချင်း ၂၂၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၃၁ ရက်တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ အကြီးမြတ်ဆုံးလူသား စာအုပ်မှ ဇွန်လတွင် အသုံးပြုနိုင်မည့် ပြောစရာအချက်များကို အကြံပြု။ ဇွန် ၁၉၉၃ ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု၏ နောက်ကျောစာမျက်နှာပါ လယ်ကွင်းလုပ်ငန်းအတွက် အကြံပြုချက်များကို ပြန်သုံးသပ်ရန် ကြေညာသူတို့ကို အားပေး။
၁၅ မိ– “စာပေများကို တန်ဖိုးထားကြောင်း တင်ပြခြင်း။” ဤအကြောင်းကို မေးဖြေဆွေးနွေးရန်။ မဂ္ဂဇင်းလုပ်ငန်းလုပ်နေသောကြေညာသူ၏ သရုပ်ပြခန်းပါ ပါဝင်စေပါ။ ကျမ်းစာတင်ဆက်ပုံနှင့် မဂ္ဂဇင်းများ၏ပုံစံကို အိမ်ရှင်စိတ်ဝင်စား၍ ဖတ်မည်ဟုပြော။ ထိုအခါ ကြေညာသူက “တခြားသူတွေလိုဘဲ ခင်ဗျားလည်း အကျိုးခံစားရမယ်လို့ ကျွန်တော်ယူဆတယ်။ ဒီမဂ္ဂဇင်းများကို တကမ္ဘာလုံးဖြန့်ချီနေတယ်။ ကင်းမျှော်စင်ကို ဘာသာစကား ၁၁၂ ဘာသာဖြင့် ဖတ်ရှုနိုင်တယ်။ ဒီလုပ်ငန်းကို အလှူငွေများနဲ့ လုပ်ကိုင်နေတာ။ ဒီလုပ်ငန်းကို ထောက်ပံ့ပေးလိုသူကနေ အလှူငွေများ လက်ခံပါတယ်” ဟုပြောနိုင်သည်။
၁၀ မိ– အရန်ရှေ့ဆောင်ဦးမည်လော။ လွန်ခဲ့သောနှစ်များတွင် အရန်ရှေ့ဆောင်ခဲ့သူများကို လူတွေ့ခေါ်မေးမြန်းပါ။ အားလပ်ချိန်ကို အကျိုးအရှိဆုံးနည်းဖြင့်အသုံးပြုနိုင်သည့် အခြေအနေတွင်ရှိ လူငယ်များနှင့်အခြားသူများကို အားပေးပါ။ အမှုဆောင်ထွက်ခဲသော၊ သို့မဟုတ် သီးခြားရပ်ကွက်များ၌ နွေအခါတွင် သွားရောက်အမှုဆောင်နိုင်မည့်သူများ ရှိပေမည်။ ကျောင်းပြီးတော့မည့်သူများကို မှန်မှန်ရှေ့ဆောင်ရန်၊ သို့မဟုတ် ထိုပန်းတိုင်သို့ဦးတည်ကြိုးစားရန် အားပေးပါ။—၂ ကော၊ ၉:၆ခ။
၁၀ မိ– ကျွန်ုပ်တို့အပြစ်များကို ဘုရားသခင်ခွင့်လွှတ်ပါသလော။ အကြီးအကဲနှစ်ဦးသည် သိုးထိန်းလည်ပတ်မှုအတွက် ပြင်ဆင်။ လွန်ခဲ့သောအချိန်က ပြုမိခဲ့သည့်အပြစ်များကို ဘုရားသခင့်ခွင့်လွှတ်မလွှတ် စိတ်အနှောင့်အယှက်ခံနေရသေးသောညီအစ်ကိုကို မည်သို့ကူညီပေးနိုင်ကြောင်း သူတို့ဆွေးနွေး။ အကြီးအကဲများသည် Reasoning စာအုပ်၊ စာမျက်နှာ ၈၁-၄ နှင့် Insight အတွဲ ၁၊ စာမျက်နှာ ၈၆၁-၂ ပါအကြောင်းကို ပြန်ဆွေးနွေး။ ဤညီအစ်ကိုနှင့် ကြင်နာစွာဆက်ဆံဖို့လိုကြောင်း၊ ယေဟောဝါ၏ကရုဏာတော်နှင့် ခွင့်လွှတ်လိုစိတ်ကို ဖော်ပြရန်လိုကြောင်း သုံးသပ်ကြ။ ညီအစ်ကိုသည်လည်း ကိုယ်တိုင်ကြိုးစားဖို့လိုကြောင်း၊ အပြစ်ကိုဝန်ခံရုံဖြင့် မလုံလောက်ကြောင်း အလေးအနက်ဖော်ပြရန် ကြံစည်ကြ။ ဝိညာဏအကူအညီပေးပြီးနောက် ညီအစ်ကိုနှင့် ရံဖန်ရံခါတွေ့ဆုံစစ်ဆေးမည်ဟု အကြီးအကဲများကမ်းလှမ်းကြမည်။
သီချင်း ၂၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။