ယနေ့ ကျွန်ုပ်တို့ဓမ္မအမှုတွင် ဝေစာများသည် အဘယ်ကြောင့်ဤမျှတန်ဖိုးရှိသနည်း
၁ ၁၉၉၁ ဇန်နဝါရီ ၁ ထုတ်ကင်းမျှော်စင် စာမျက်နှာ ၃၀ တွင် “ရထားလမ်းပေါ်၌ ဝေစာတစ်စောင် သူတွေ့ရှိ” ခေါင်းစဉ်ဖြင့် တွေ့ကြုံမှုပါသည်။ ရထားလမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်တစ်ယောက်သည် သံလမ်းအောက်ပိနေသော ဝေစာတစ်ရွက်ကို တွေ့ရှိခဲ့ကြောင်း တင်ပြသည်။ ယင်းဝေစာကို သူချက်ချင်းဖတ်ပြီး သားမက်အား “ဒီနေ့ ငါအမှန်တရားကိုတွေ့ပြီ” ဟုပြောခဲ့သည်။ သူတို့နှစ်ဦးစလုံး စာအုပ်စာတမ်းများမှာယူလေ့လာခဲ့သည်။ ယခုဆိုလျှင် သူတို့၏ဆွေမျိုးသားချင်းတွင် တစ်ရာကျော်တို့သည် သမ္မာတရား၌ တက်ကြွလှုပ်ရှားစွာ ပါဝင်နေကြပါသည်။ ဝေစာတစ်စောင်တည်းကိုဖတ်ခြင်းမှ အဘယ်အကျိုးသက်ရောက်နိုင်ကြောင်း ယင်းက တင်ပြပါသည်။
၂ အခွင့်အရေးများကို အသုံးပြုခြင်။ ဝေစာများဝေငှရန် ညီအစ်ကိုများသည် အခွင့်အရေးရှာယူနေကြပါသည်။ ဆရာမ၏ယောက္ခမ ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြေကွဲဖြစ်နေသည်ကို သက်သေခံလူငယ်တစ်ဦးသတိပြုမိသည်။ ညီအစ်မငယ်ကလည်း ဆရာမအား နှစ်သိမ့်ပေးစာတစ်စောင်ရေးပြီး ချစ်မြတ်နိုးရသော သေလွန်သူများအတွက် မည်သည့်မျှော်လင့်ချက်ရှိသနည်းဝေစာကို ပူးတွဲပို့ခဲ့သည်။ ဆရာမသည် ကျေးဇူးတင်လွှာတစ်စောင်ရေး၍ ဤညီအစ်မငယ်နှင့် စကားပြောဆိုပါသည်။ ယခု ဤဆရာမသည် မဂ္ဂဇင်းများကို သူ့ထံမှ မှန်မှန်ယူဖတ်နေပါသည်။
၃ သင်္ချိုင်းသို့သွားသောလမ်းပေါ်တွင် အမှုဆောင်ထွက်နေကြသော ကြေညာသူအချို့သည် သင်္ချိုင်းဂူများကို ထုံးသုတ်နေသူအချို့ တွေ့ရှိခဲ့သည်။ အခွင့်အရေးယူ၍ ကြေညာသူများ ဝေစာများ ဝေငှကြသည်။ နောက်နေ့သည် သင်္ချိုင်းသို့ လူအများသွားလေ့ရှိသည့် ပိတ်ရက်ဖြစ်သောကြောင့် အပေါက်ဝတွင်ရပ်၍ ဝေစာများဝေပေးရန် ထိုကြေညာသူများ စိတ်ဆုံးဖြတ်ပါသည်။ ဝေစာငါးရာကျော်ကို ဝေငှနိုင်ခဲ့သည်။ လက်မခံသူ သုံးဦးကိုသာ တွေ့ရှိခဲ့သည်။ နောက်နှစ်တစ်ကြိမ် ကြေညာသူများပြန်လာ၍ ဝေစာတစ်ထောင်ကျော်ဝေငှခဲ့ရာ ခြောက်ဦးသာလက်မခံသည်ကို တွေ့ရှိသည်။ အလွန်ကျေးဇူးတင်သည်ဟု ပြောဆိုသူများနှင့်လည်း တွေ့ရှိခဲ့သည်။ အမျိုးသားတစ်ဦးသည် ထွက်ခွာသွားစဉ် ဝေစာကိုဖတ်ရှုခဲ့၍ ခဏအကြာတွင်သူ့အားဝေငှပေးသော ညီအစ်မထံပြန်လာပြီး “ဒီအကြောင်းကို သိစေချင်တဲ့ မိတ်ဆွေတစ်ဦးရှိတယ်။ သူ့အတွက် နောက်တစ်စောင် ရနိုင်မလား” ဟုမေးမြန်းခဲ့သည်။
၄ ဝေစာများသည် သယ်ဆောင်ရလွယ်ကူသောအရွယ်အစားရှိသည်။ သူစိမ်း၊ မိတ်ဆွေ မည်သူနှင့်မဆို အလွတ်သဘော စကားစမြည်ပြောဆိုသည့်အခါ ကျွန်ုပ်တို့တွင်ရှိသော ဝေစာရှစ်ခုအနက် တစ်ခုခုအကြောင်းကို တိုတိုတုတ်တုတ်စ၍ ဆွေးနွေးမှုပြုနိုင်ရန် ကြိုးစားသင့်သည်။ အိမ်နီးချင်းနှင့်စကားပြောဆိုစဉ်၊ ဈေးဝယ်စဉ်၊ ချိန်းဆိုမှုတစ်ခုအတွက် စောင့်နေစဉ်၊ ဆွေမျိုးများထံလည်ပတ်စဉ်၊ သို့မဟုတ် အခြားအခြားအခြေအနေမျိုးတွင် ယင်းသို့ပြုလုပ်နိုင်ပါသည်။
၅ အဘယ်ကြောင့် ထိရောက်ရ။ ဝေစာများသည် ရောင်စုံဖြစ်၍ အလွန်နှစ်သက်ဖွယ်ဖြစ်သည်။ တိုတိုတုတ်တုတ်ဖြစ်သည်။ အိမ်ရှင်များနှင့် အလွတ်သဘောအခြေအနေမျိုးတွင် ဆုံတွေ့သူများအနေနှင့် ဝန်လေးသည်ဟူ၍ မခံစားရပါ။ တစ်ကြိမ်တည်း သတင်းတရားသည် စိတ်ဝင်စားဖွယ်ဖြစ်၍ သိသင့်သိအပ်ရာဖြစ်သည်။ စာရှုသူသည် ဝေစာတွင်ဖော်ပြထားသည့် အချက်ကို ကျမ်းစာရှုထောင့်မှ ကောင်းစွာနားလည်သွားပေမည်။ ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာဝေစာကိုရရှိပြီး ယင်းကိုဆွေးနွေးပြီးနောက် လူငယ်တစ်ဦး ဤသို့ဆိုသည်။ “ကမ္ဘာ့အခြေအနေအကြောင်း ဒီလောက်အားတက်စရာသတင်းမျိုးကို တစ်ခါမှမကြားဖူးဘူး။”
၆ ဤဝေစာများကို သင့်တော်သည့်အချိန်အခါတိုင်းတွင် အသုံးပြုလိုကြပါသည်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ ဝေစာများကိုအသုံးပြု၍ စကားစမြည်စရန် အကူအညီပေးကြောင်း ကြေညာသူအများ တွေ့ရှိခဲ့ပါပြီ။ ယခုသင်အံမှုများစွာကို ဝေစာများနှင့်စတင်နိုင်ခဲ့ပါပြီ။ ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၆ တွင်ဝေစာများကို ထိရောက်စွာအသုံးပြုနိုင်သည့် အကြံပေးချက်ကောင်းများပါရှိသည်။ မှန်သည်။ ဝေစာများသည် ငယ်သော်လည်း ဓမ္မအမှုတွင် တန်ဖိုးရှိကိရိယာများ ဖြစ်ပါသည်။