စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
စက်တင်ဘာ ၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။
၂၀ မိ– ကျောင်းတွင် ခွန်အားသတ္တိရှိရန် သားသမီးများကိုလေ့ကျင့်ပေးပါ။ လူတွေ့ခေါ်မေးခြင်းနှင့် သရုပ်ပြချက်များဖြင့် ဟောပြော။ အသင်းတော်ရှိသူများစွာ မစဉ်းစားမိသည့် အခက်အခဲများကို ခရစ်ယာန်လူငယ်များ ယနေ့ ရင်ဆိုင်နေရ။ သစ္စာသမာဓိကို စမ်းသပ်သည့် ဤစိန်ခေါ်ချက်များအတွက် သားသမီးများ ရင်ဆိုင်ဖြေရှင်းနိုင်ရန် အထူးသဖြင့် မိဘများသည် ကြိုတင်သိထားရမည်။ အသက်အရွယ်မတူ လူငယ်သုံးဦးကို လူတွေ့ခေါ်မေးပါ။ နေ့စဉ် ကျောင်းတွင် သူတို့ရင်ဆိုင်ရသည့် ဖိစီးမှုများကား အဘယ်နည်း။ ယေဟောဝါနှင့်ဆက်ဆံရေးကောင်း ရှိနေနိုင်ရန် သူတို့အား ဘာကအကူအညီပေးသနည်း။ School ဘရိုရှာ page 11 ပါအပိုဒ် ၂ နှင့် ၃ ကိုအတူတကွဆွေးနွေးနေသော မိသားစုတစ်စုအား သရုပ်ပြစေပါ။ စာရိတ္တဆိုင်ရာ မြင့်မားသောစံချိန်များအတိုင်း အသက်ရှင်သည့်အတွက် ကဲ့ရဲ့ခံရကြောင်း၊ ပထုတ်ထားခံရကြောင်း ကလေးများဖော်ပြ။ သူတို့၏ပုံသက်သေကြောင့် အိမ်ထောင်ဦးစီး ပျော်ရွှင်ရကြောင်း ပြောဆိုခြင်းဖြင့် သားသမီးများကို အားပေး။ သူတို့၏အပြုအမူကြောင့် ယေဟောဝါတကယ်ရွှင်လန်းလိမ့်မည်ဟု သတိပေး။ (သု၊ ၂၇:၁၁) ဤအပိုင်းကိုတာဝန်ယူသူ ညီအစ်ကိုသည် အသင်းတော်ရှိလူငယ်များ၏ ကောင်းသောအမှုအတွက် ချီးမွမ်းသြဘာပေးခြင်း၊ ဤကျောင်းနှစ်တစ်လျှောက် ဝိညာဉ်ရေးအရ ခွန်အားရှိနေရန် မိဘများနှင့် အဆက်အသွယ်ပြုကြဖို့ အားပေးခြင်းဖြင့် နိဂုံးချုပ်။
၁၅ မိ– “ကြီးမြတ်သောဘဏ္ဍာကို သိမှတ်စေရန် သူတစ်ပါးအား ကူညီပေးခြင်း။” မေးဖြေခြင်း။ အပိုဒ် ၄ ကိုဆွေးနွေးသည့်အခါ မိဘတစ်ဦးအား ထာဝစဉ်အသက်ရှင်စာအုပ်ကို ကြေညာသူတစ်ဦး ဝေငှနေပုံ သရုပ်ပြ။
သီချင်း ၁၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၃ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများအတွက် ကျေးဇူးတင်ကြောင်း ထည့်ပြော။ အသင်းတော်လိုအပ်ရာများနှင့် အသင်းမ၏ ကမ္ဘာချီလုပ်ငန်းကိုပါ ငွေရေးကြေးရေးဖြင့် ရက်ရောစွာကူညီပေးသည့်အတွက် အသင်းတော်ကို ချီးမွမ်း။
၁၀ မိ– “မဂ္ဂဇင်းများကိုအသုံးပြုခြင်းအားဖြင့် သူတစ်ပါးကို အကျိုးပြု။” သရုပ်ပြပွဲများအသုံးပြု၍ ဟောပြော။ နောက်ဆုံးထုတ်နှင့် ယခင်လထုတ်မဂ္ဂဇင်းများကို အပြည့်အဝအသုံးပြုခြင်း၏ တန်ဖိုးကို ပေါ်လွင်စေပါ။ အိမ်ရှင် အထူးလိုအပ်ရာကို ဖြည့်စွက်ပေးရန် နောက်ဆုံးထုတ်မဂ္ဂဇင်းကို အသုံးပြုသည့်သရုပ်ပြပွဲတစ်ခုနှင့် ယခင်လထုတ်တစ်စောင်ကို မည်သို့အသုံးပြုနိုင်ကြောင်းတင်ပြသည့် သရုပ်ပြပွဲနှစ်ခုကိုပြပါ။
၁၅ မိ– “ဤအမှုဆောင်နှစ်အတွင်း ကျွန်ုပ်တို့ဘာဆောင်ရွက်ကြမည်နည်း။” ပရိသတ်နှင့်ဆွေးနွေးပြီး ဟောပြော။ ဦးစီးကြီးကြပ်မှူး တာဝန်ယူရန်။ အသင်းတော်၏ လွန်ခဲ့သောလုပ်ငန်းတော်နှစ်ကို ပြန်သုံးသပ်ကာ ၁၉၉၄ လုပ်ငန်းတော်နှစ်တွင် တိုး၍ပါဝင်လုပ်ဆောင်ကြရန် စီစဉ်ကြဖို့ တိုက်တွန်း။
၁၀ မိ– “ထာဝစဉ်အသက်ရှင် နှင့် ဝတ်ပြုရေးတွင်တစည်းတလုံးတည်းစာအုပ်များကို လေ့လာ။” ပရိသတ်နှင့် ဤဆောင်းပါးကို သုံးသပ်ပြီးနောက် ကောင်းစွာပြင်ဆင်ထားသောကြေညာသူတစ်ဦးသည် အကြီးမြတ်ဆုံးလူသားစာအုပ်မှ ထာဝစဉ်အသက်ရှင်စာအုပ်သို့ မည်သို့ကူးပြောင်းသင်အံမှုပြုလုပ်သည်ကို သရုပ်ပြ။
သီချင်း ၁၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းတွင် ဤအပတ်အတွင်း နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ ဆောင်းပါးများကို ပေါ်လွင်စေပါ။
၂၀ မိ– “ခိုင်မြဲသောအုတ်မြစ်ပေါ် တည်ဆောက်ကြရန် သိုးကဲ့သို့သောသူများအား ကူညီပေး။” ပရိသတ်နှင့် ဆွေးနွေး။ ပြန်လည်ပတ်မှုတစ်ခုစီအတွက် ပြင်ဆင်ရန်လိုကြောင်း ပေါ်လွင်စေပါ။ ယခင်က ထာဝစဉ်အသက်ရှင်စာအုပ်ကိုယူထားသူထံ ပြန်လည်ပတ်၍ အပိုဒ် ၃ သို့မဟုတ် ၅ ပါအကြောင်းကိုအသုံးပြုသော အရည်အချင်းပြည့်ကြေညာသူအား သရုပ်ပြစေပါ။
၁၅ မိ– “အိမ်တွင်းကျမ်းစာသင်အံမှုများကို စခြင်း။” မေးဖြေ။ အပိုဒ် ၄ ပြီးနောက် ကျမ်းစာကိုသာအသုံးပြုသော်လည်း ထာဝစဉ်အသက်ရှင်၊ သို့မဟုတ် Reasoning စာအုပ်ပါ အကြံပြုထားသည့်အချက်အလက်များကိုအခြေခံ ဆွေးနွေးသည့် တက်ကြွသောသရုပ်ပြခန်းကို တင်ဆက်ပါ။
သီချင်း ၈၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်းများ။
၂၀ မိ– ကျွန်ုပ်တို့ချစ်မြတ်နိုးရသော သေလွန်သူများသည် အဘယ်မှာနည်း။ မိသားစု ဆွေးနွေးခန်း။ Reasoning စာအုပ် စာမျက်နှာ ၉၈-၁၀၀ ပါအကြောင်းကိုရွေးချယ်လျက် မိသားစု၏ ရင်းနှီးသောမိတ်ဆွေတစ်ဦး သေလွန်ခဲ့ခြင်းကြောင့် ပူဆွေးရခြင်းကို အိမ်ထောင်ဦးစီး ဆွေးနွေး။ ကျမ်းစာရှုထောင့်ကို သားသမီးများ သဘောပေါက်ရန် ကူညီပေးခြင်းကို သူအာရုံပြုသည်။ သေခြင်းအဓိပ္ပာယ်ကို သူတို့လေးများ သဘောပေါက်မပေါက်သိခြင်းငှာ မေးခွန်းများမေး။ အသက်အရွယ်အရ သူတို့၏ခံယူချက်များကို ရှင်းလင်းပြတ်သားစွာ ရှင်းပြနိုင်မနိုင် စစ်ဆေး။ ထို့ ပြင် Reasoning စာအုပ်ကိုအသုံးပြုပြီး သူတစ်ပါးအား မည်သို့နှစ်သိမ့်မှုပေးနိုင်မည်အကြောင်း တင်ပြသည်။
၁၅ မိ– အောက်တိုဘာလအတွင်း မဂ္ဂဇင်းများကို ဝေငှ။ သရုပ်ပြပွဲသုံးခု စီစဉ်ပါ။ တစ်ခုက နောက်ဆုံးထုတ် ကင်းမျှော်စင်၊ တစ်ခုက နောက်ဆုံးထုတ် နိုးလော့၊ နောက်တစ်ခုက အိမ်ရှင်တကယ်အလုပ်များနေ၍ ဝေစာကိုလက်ခံယူ။ သရုပ်ပြပွဲတစ်ခုစီပြီးနောက် တင်ဆက်ပုံသည် အဘယ်ကြောင့် ထိရောက်ကြောင်း ပရိသတ်နှင့် ဆွေးနွေးသုံးသပ်။ သင့်လျော်စွာ စိတ်ဝင်စားမှုပေါ်လွင်သည့်အခါ မဂ္ဂဇင်းများကိုနှစ်စဉ်ကြေးယူရန် တိုက်တွန်း သို့မဟုတ် Mankind’s Search for God ကိုဝေငှနိုင်။
သီချင်း ၂၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။