နှစ်ချုပ်စာအုပ်—အားပေးမှုဆိုင်ရာ ဘဏ္ဍာတိုက်တစ်ခု
၁ ယေဟောဝါ၏ အံ့ချီးဖွယ်လုပ်ဆောင်မှုများဆိုင်ရာ မှတ်တမ်းများနှင့် တွေ့ကြုံမှုများသည် ဘုရားသခင့်ကျေးကျွန်များအတွက် အမြဲအားရရွှင်လန်းစရာဖြစ်သည်။ (ယောဘ ၃၈:၄၊ ၇; သု. ၂၅:၂၅; လု. ၇:၂၂; တ. ၁၅:၃၁) ယင်းကြောင့် ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်သည် အားပေးမှုဆိုင်ရာ ဘဏ္ဍာတိုက်တစ်ခုဖြစ်ပါသည်။
၂ နှစ်ချုပ်စာအုပ်တိုင်းသည် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏လုပ်ငန်းနှင့် ဖြစ်မြောက်အောင်မြင်မှုများအကြောင်း တည်ဆောက်မှုပေးသော မှတ်တမ်းများကို တင်ပြပါသည်။ ယုံကြည်ခြင်းတည်ဆောက်ပေးသည့် တွေ့ကြုံမှုများက ယေဟောဝါ၏လမ်းပြညွှန်ကြားမှု၊ ကာကွယ်စောင့်ရှောက်မှုနှင့် ကောင်းချီးကို ကိုယ်တော့်လူမျိုးခံစားနေကြောင်း ပေါ်လွင်စေသည်။ တိုက်ကြီးအားလုံးနှင့် ကျွန်းကြီးကျွန်းငယ်များရှိ သူများထံသို့ ကျမ်းစာသမ္မာတရားကို သယ်ဆောင်ယူသွားရန် ဆွေမျိုးဉာတိ၊ မိတ်ဆွေရောင်းရင်းနှင့် မိမိနိုင်ငံကို စွန့်လွှတ်ခဲ့သော ရဲစွမ်းသတ္တိရှိသည့် အမျိုးသားအမျိုးသမီးများအကြောင်း နှစ်ချုပ်စာအုပ်က ပြောပြပါသည်။
၃ နှစ်ချုပ်စာအုပ်သည် စာရှုသူ မြောက်မြားစွာတို့အား သူတို့၏ ဘုရားသခင့်လုပ်ငန်းတော်ကို တိုးချဲ့ရန် တိုက်တွန်းပေးခဲ့ပြီ။ စာရှုသူတစ်ဦးက– “ဖတ်၍ မကုန်နိုင်သေးပါ။ သို့သော် ဖတ်ပြီးသမျှသည် ကျွန်ုပ်အတွက် အားတက်စရာဖြစ်သည်။ ဖိစီးမှုများခံနေရသည့်ကြား အခြားသူများ လုပ်ဆောင်နေကြသည်ကို သိရသောအခါ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် အကျွန်ုပ်ပိုမိုလုပ်ဆောင်နိုင်ရမည်ဟု ခံစားစေပါသည်” ဟူ၍ စာရေးအကြောင်းကြားသည်။
၄ ၁၉၂၇ ခုနှစ်ကတည်းက ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်သည် နှစ်စဉ်နှစ်တိုင်းအားတက်ဖွယ် မှတ်တမ်းများနှင့် တွေ့ ကြုံမှုများပါ ဘဏ္ဍာတိုက်တစ်ခု အမှန်ဖြစ်ခဲ့ပါသည်။ ဤထူးခြားသော အားပေးတည်ဆောက်မှုကို အသင် အပြည့်အဝ အကျိုးခံစားနေရပါသလော။ ထိုသို့ဖြစ်နိုင်ရန် နှစ်ချုပ်စာအုပ် ကိုရရချင်း မဖတ်ရှုဘဲ မနေပါနှင့်။ ထိုနောက် တစ်နှစ်တာအတွင်း အသင်နှင့် အသင့်မိသားစုလိုအပ်သည့် အားပေးမှုဖြစ်မည့်အပိုင်းများကို ပြန်သုံးသပ်ပါ။