ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၃ စာ. ၂
  • ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဒီဇင်ဘာ ၆ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၁၃ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၂၀ တွင် စမည့်အပတ်
  • ဒီဇင်ဘာ ၂၇ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁၂/၉၃ စာ. ၂

ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီဇင်ဘာ ၆ တွင် စမည့်အပတ်

သီချင်း ၂၀၅

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။

၂၀ မိ– “ဘုရားသခင့်သားတော် ယေရှုခရစ်အကြောင်းသိရှိလာရန် သူတစ်ပါးကို ကူညီလေ။” မေးဖြေရန်။ အပိုဒ် ၂ ပါ (အတွေ့အကြုံရင့်ကျက်သောကြေညာသူ) အပိုဒ် ၄ ပါ (ငယ်ရွယ်သောကြေညာသူ) တင်ဆက်ပုံများကို သရုပ်ပြ။ အကြီးမြတ်ဆုံးလူသားစာအုပ်ကို တစ်အိမ်မှတစ်အိမ်နှင့် အလွတ်သဘောသက်သေခံရာတွင် ဝေငှရန် အားလုံးကို တိုက်တွန်းပေးပါ။

၁၅ မိ– “မဂ္ဂဇင်းလုပ်ငန်းအတွက် အချိန်ကန့်သတ်ပါ။” ပရိသတ်နှင့်ဆွေးနွေးလျက် ဟောပြော။ အပိုဒ် ၃ ကိုဆွေးနွေးသည့်အခါ နောက်ဆုံးထုတ်မဂ္ဂဇင်းများပါ ဆောင်းပါးအသီးသီးကို ဒေသခံရပ်ကွက်တွင် တွေ့ဆုံမည့် လူအမျိုးမျိုးအား မည်သို့တင်ဆက်နိုင်ကြောင်း ဖော်ပြပါ။

သီချင်း ၁၆၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၁၃ တွင် စမည့်အပတ်

သီချင်း ၁၄၆

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ အလှူငွေများရကြောင်း အသိအမှတ်ပြု ပြောဆိုချက်များ။ ဒေသခံလိုအပ်ရာများအတွက် ရက်ရောစွာ ထောက်ပံ့ကူညီပေးခြင်းကို အသင်းတော်အား ချီးမွမ်းပေးပါ။ စနေ၊ တနင်္ဂနွေလယ်ကွင်းလုပ်ငန်းတွင် အသုံးပြုနိုင်သည့် နိဒါန်းတစ်ခု သို့မဟုတ် နှစ်ခုတင်ပြပါ။

၂၀ မိ– “သင့်ကျမ်းစာသင်သား၏ နှလုံးကိုထိမိပါ။” မေးဖြေ၍ သရုပ်ပြ။ သွန်သင်ပေးခြင်းစွမ်းရည်ကို တိုးတက်စေရန် အသင်းတော်တစ်ခုလုံး ကြိုးစားသင့်ကြောင်း အလေးအနက်ဖော်ပြပါ။ အပိုဒ် ၃ ကိုသုံးသပ်ပြီးနောက် ထာဝစဉ်အသက်ရှင်စာအုပ်၊ အခန်း ၁ အပိုဒ် ၁၃ နှင့် ၁၄ ပါမေးခွန်းများနှင့် ကျမ်းချက်များကိုအသုံးပြုခြင်းဖြင့် ကျမ်းစာကျောင်းသားနှင့် မည်သို့ဆင်ခြင်နှီးနှောသည်ကို ကြေညာသူ သရုပ်ပြ။

၁၅ မိ– “နှစ်ချုပ်စာအုပ်​—အားပေးမှုဆိုင်ရာ ဘဏ္ဍာတိုက်တစ်ခု။” ကိုးကားထားသည့်ကျမ်းချက်များ သက်ဆိုင်ပုံကို ပေါ်လွင်စေပြီး အားတက်သရော ဟောပြောရန်။ ကောင်းစွာတိုက်ထားသောကြေညာသူများ ၁၉၉၀၊ ဇန်နဝါရီ ၁၊ ၁၉၈၇၊ ဇန်နဝါရီ ၁ နှင့် ၁၉၈၆၊ ဇန်နဝါရီ ၁ ကင်းမျှော်စင် (လိပ်) များပါ စာမျက်နှာ ၃၂ ရှိဆောင်းပါးနှင့် တွေ့ကြုံမှုများကို ခံစားချက်အပြည့်ဖြင့် တင်ပြပြောဆိုရန်။

သီချင်း ၁၆၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၂၀ တွင် စမည့်အပတ်

သီချင်း ၁၈၉

၁၅ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် အထူးသက်သေခံခြင်း အစီအစဉ်များရှိကြောင်း ထည့်ပြောပါ။

၂၀ မိ– “ဒီဇင်ဘာလတွင် ကျမ်းစာသင်အံမှုများ စတင်ပေးခြင်း။” ပရိသတ်နှင့်ဆွေးနွေး။ အပိုဒ် ၄ ကိုသုံးသပ်ရာတွင် ပြန်လည်ပတ်မှုပြုချိန်၌ ကျမ်းစာသင်အံမှုကို မည်သို့စတင်ကြောင်း သရုပ်ပြပါ။ ဖြစ်နိုင်မည်ဆိုလျှင် လစဉ် အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပကြရန် လူတိုင်းအား တိုက်တွန်းပါ။

၁၀ မိ– “များစွာကြဲလော့။” မေးဖြေဆွေးနွေးရန်။ သင့်ရပ်ကွက်တွင် အထူးသင့်တော်မည့် အသုံးအနှုန်းများကို ပေါ်လွင်စေပါ။ ဤအပတ် စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးသည့်အခါ ဤအကြံပြုချက်များကို ပြန်ဆွေးနွေးသင့်သည်။

သီချင်း ၆၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဒီဇင်ဘာ ၂၇ တွင် စမည့်အပတ်

သီချင်း ၃၇

၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ ဇန်နဝါရီ ၁ ရက်နေ့တွင် အထူးသက်သေခံခြင်း အစီအစဉ်များအကြောင်း ကြေညာ။ ဇန်နဝါရီလတွင် မိမိဒေသ၌ အထူးဝေငှမည့်စာပေကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြပါ။

၂၀ မိ– မူးယစ်ဆေးဝါး စမ်း၍သုံးစွဲကြည့်ခြင်းသည် အဘယ်နည်းဖြင့် မှားသနည်း။ ကျောင်းတွင် မူးယစ်ဆေးဝါးသုံးစွဲခြင်း ပျံ့နှံ့နေကြောင်း အကြီးအကဲတစ်ဦးနှင့် ဆယ်ကျော်သက်ကြေညာသူနှစ်ဦး ဆွေးနွေးတင်ပြ။ လူငယ်အချို့က မူးယစ်ဆေးဝါးကို တစ်ခါတစ်ရံ သုံးစွဲခြင်းသည်မမှားဟု ယူဆနေကြောင်း ဖော်ပြ။ အကြီးအကဲက မိမိကျောင်းနေစဉ်ထက် အခြေအနေတိုး၍ဆိုးရွားလာကြောင်း အသိအမှတ်ပြု။ ထိုအရာများကို ကျမ်းစာတွင် အတိအလင်းမဖော်ပြထားသော်လည်း ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၁၀၆-၁၂ တွင်မူးယစ်ဆေးဝါးသုံးစွဲခြင်းအတွက် လမ်းပြညွှန်ကြားချက်များကို တွေ့နိုင်။ လူငယ်များ ကျမ်းချက်တို့ကိုဖတ်။ ထိုအကြောင်းကို ဆွေးနွေးစဉ် အကြီးအကဲ သူတို့နှင့် ဆင်ခြင်။ သက်တူရွယ်တူဖိစီးတိုက်တွန်းမှုကို ငြင်းဆန်ရန် သူတို့တစ်ဦးစီအတွက် အကူအညီဖြစ်မည့်နည်းအမျိုးမျိုးကို လူငယ်များဖော်ပြ။

၁၅ မိ– ဒေသလိုအပ်ရာများ သို့မဟုတ် ၁၉၉၃ ဩဂုတ် ၁၅၊ စာမျက်နှာ ၂၇-၃၀ ပါ “သက်ကြီးရွယ်အိုများကို ခရစ်ယာန်များ မည်သို့ကူညီပေးနိုင်” အကြောင်း အကြီးအကဲဟော။

သီချင်း ၁၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ