မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
မတ် ၇ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ “လူငယ်များအမေးစာအုပ်ကို ဝေငှ” အကြောင်း လိုရင်းတိုရှင်းဆွေးနွေး။ သင့်တော်သည့်အခါတိုင်း ထိုစာအုပ်ကိုအသုံးပြုကြရန် ကြေညာသူများအား တိုက်တွန်းပါ။
၁၅ မိ– “တိမ်းယိမ်းမှုကင်းလျက် လူသူရှေ့ သင့်မျှော်လင့်ချက် ကြေညာခြင်းကိုခိုင်မြဲစွာစွဲကိုင်လော့။” ကင်းမျှော်စင်သင်တန်းမှူး မေးဖြေပြုလုပ်ရန်။ အစည်းအဝေးတွင် အဖြေပေးရန် တွန့်ဆုတ်ခဲ့ခြင်းကို အောင်မြင်ခဲ့သူများအား တင်ပြပြောဆိုစေပါ။ ကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း အလေးအနက်တင်ပြ။ ကင်းမျှော်စင်သင်တန်းတွင် အသင်းတော်လိုက် ပတ်စဉ်အပြည့်အဝပါဝင်ရန် အသင်းတော်ကိုကြိုတင်ပြင်ဆင်ထားကြဖို့ အားပေး။
၁၅ မိ– “စိတ်လှုပ်ရှားဖွယ်သတင်းကို မိသားစုများအား ကြေညာ။” ပရိသတ် ဆွေးနွေးရန်။ ကောင်းစွာပြင်ဆင်ထားသောကြေညာသူများ မိသားစုဘဝစာအုပ်ကို သူတို့၏ကျမ်းစာသင်အံမှုများအား ဝေငှ၍ အသင်းတော်စာအုပ်ကြီးသင်တန်းကိုတက်ရောက်ရန် ဖိတ်ခေါ်စေပါ။
သီချင်း ၂၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ ဤအပတ် လယ်ကွင်းလုပ်ငန်း၌ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အဓိကအချက်အလက်များကို မည်သို့အသုံးပြုနိုင်ကြောင်း တင်ပြပါ။
၁၅ မိ– “ဧပြီလအတွင်း ယေဟောဝါထံ သင်တိုး၍ချီးမွမ်းထောမနာပြုနိုင်မည်လော။” မေးဖြေပြုလုပ်ရန်။ ယခင်က အရန်ရှေ့ဆောင်ခဲ့သူများအား တင်ပြပြောဆိုစေပါ။ ဤအခွင့်အရေးကို လက်ခံယူနိုင်ရန် မည်သို့စီစဉ်ခဲ့ရကြောင်း ရှင်းပြစေပါ။ ဧပြီလတွင် အရန်ရှေ့ဆောင်ရန် ရည်ရွယ်သူအားလုံး လျှောက်လွှာများကို စောစောတင်ထားကြရန် အားပေးပါ။
၂၀ မိ– “သတိရအောက်မေ့ပွဲတွင် သူတို့အား လှိုက်လှဲစွာ ကြိုဆိုပါ။” မေးဖြေပြုလုပ်ရန်။ အပိုဒ် ၃ ပြီးနောက် လူသစ်တစ်ဦးကို ဓမ္မအမှုထမ်းတစ်ဦး သတိရအောက်မေ့ပွဲ၌ ကြိုဆိုနေပုံကို လိုရင်းတိုရှင်း သရုပ်ပြပါ။
သီချင်း ၁၅၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ အလှူငွေလက်ခံရရှိကြောင်း အသိအမှတ်ပြုပြောဆိုခြင်းအပါအဝင် စာရင်းအင်းမှတ်တမ်း။ “အချိန်တန်အစာ” ခေါင်းစဉ်ပါအကွက်ကို ဆွေးနွေးရန်။ ဧပြီ ၁၀ ရက်နေ့တွင်ဟောမည့် အထူးဟောပြောပွဲသို့ စိတ်ဝင်စားသူများကို အားလုံးခေါ်ဖိတ်ကြရန် တိုက်တွန်းပါ။
၂၀ မိ– “သတင်းတရားနှင့်အညီ ကျင့်ကြံရန် လူငယ်များကို ကူညီပါ။” ဆွေးနွေးရန်။ အပိုဒ် ၂ နှင့် ၃ ပါ တင်ပြပုံများကို ကောင်းစွာပြင်ဆင်၍ သရုပ်ပြစေပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။ သတိရအောက်မေ့ပွဲအစီအစဉ်နှင့် စပ်လျဉ်း၍သော်လည်းကောင်း “ဆင့်ကဲအယူ”၊ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၁၂၁-၉ ကိုသော်လည်းကောင်း။ မိသားစုဆွေးနွေးပုံအဖြစ် တင်ဆက်ရန်။ ဆင့်ကဲအယူနှင့်ပတ်သက်၍ ကျောင်းစာစီစာကုံးရေးရန် တာဝန်ကျသောလူငယ်သည် အဘယ်အချက်များကို မိမိအသုံးပြုပြီး မည်သို့ရေးသားဖော်ပြမည်ကို မိဘများအား ရှင်းပြ။ ယင်းအဆိုပြုချက်များသည် အဘယ်ကြောင့် ထိရောက်သင့်ကြောင်း သူတို့ဆွေးနွေးကြ။ မိဘနှစ်ပါး သားကိုရိုးသားစွာချီးမွမ်း။
သီချင်း ၁၂၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၈ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ဧပြီလဝေငှရာနှင့် ဒေသခံရပ်ကွက်တွင် သက်သေခံနိုင်သည့် သင့်တော်သောနည်းများကို ဆွေးနွေးပြီး သရုပ်ပြပါ။ ပြန်လည်ပတ်ရာတွင် တကယ်စိတ်ဝင်စားသူများထံမှ နှစ်စဉ်ကြေးများကို ကြေညာသူအချို့ မည်သို့ရရှိခဲ့ကြောင်း တွေ့ကြုံမှုများ ပြောပြပါ။
၁၅ မိ– ၁၉၉၄ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၉-၃၂ ပါပေါ်လွင်ချက်များကို ရွေးချယ်အသုံးပြုကာ နိုင်ငံတော်လုပ်ငန်း ကမ္ဘာချီတိုးချဲ့နေခြင်းနှင့် ဒေသခံအသင်းတော်ထံမှ ရရှိသည့် အပြုသဘောပါ ထောက်ခံအားပေးမှုများကို အကြီးအကဲ အလေးအနက်ဖော်ပြပြီး ဆွေးနွေး။ အစွမ်းအစ နည်းသူများပါအပါအဝင် ကိုယ်တော်၏လူမျိုးကို ယေဟောဝါ မည်သို့ကောင်းချီးကြွယ်ဝစွာပေးနေတော်မူကြောင်း တင်ပြပါ။
၁၅ မိ– “‘ကောင်းမြတ်သောဆုကျေးဇူးရှိသမျှ’ ကိုပေးတော်မူသောအရှင်။” ၁၉၉၃ ဒီဇင်ဘာ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၁ ကိုအခြေခံ၍ အကြီးအကဲဟောရန်။
သီချင်း ၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။