တွေ့ရှိသော စိတ်ဝင်စားသူထံ ပြန်လည်ပတ်လေ
၁ မဂ္ဂဇင်းများ၊ ဘရိုရှာများ ဖြန့်ချိရာတွင် အောင်မြင်မှုရခဲ့သူ များစွာရှိပါသည်။ ပြန်သွားပြီး တိုး၍စိတ်ဝင်စားမှုနှိုးဆွပေးရန် ကြိုးစားကြဖို့ အရေးကြီးသည်။ သို့ပြုရာတွင် အောင်မြင်မှုရရှိရန် ပြန်လည်ပတ်မှုမပြုလုပ်မီ မည်မျှကောင်းစွာပြင်ဆင်ခြင်းအပေါ် အခြေပြုပေမည်။
၂ လူငယ်အများသည် လူကြီးများစိုးရိမ်တတ်သည့်အကြောင်းများကိုပင် စိုးရိမ်တတ်ကြကြောင်း သတိရပါ။ မေလထုတ် အင်္ဂလိပ်နိုးလော့! တွင် လူငယ်များဘက်မှ လက်ရှိပြဿနာများ အပေါ်ရှုမြင်ပုံ ဆောင်းပါးများ ပါသည်။ အသက်တာဘဝတွင် အဘယ်အရာများသာ အမှန်အရေးပါကြောင်းကို တန်ဖိုးထားတတ်ရန် ဤဆောင်းပါးများသည် လူငယ်များကိုသာမက သူတို့၏မိဘများကိုပါ ထိုးထွင်းဉာဏ်ပေးနိုင်ပါသည်။
၃ သင်သည် မေ ၈ ၁၉၉၃ “နိုးလော့!” ကို ဝေငှခဲ့လျှင် ဇွန် ၈ ၁၉၉၃ စာစောင်ကို ဝေငှရန် ပြန်သွားဖို့ စီစဉ်ထားပြီး ဤသို့ပြောဆိုနိုင်သည်–
▪ “အိမ်ထောင်အားလုံးနီးပါးမှာ ချစ်မြတ်နိုးရသူတစ်ယောက် သေဆုံးခဲ့ကြတာချည်းပဲ။ သေဆုံးသွားတဲ့ အဲ့ဒီအမျိုးသား၊ ဒါမှမဟုတ် အမျိုးသမီးဟာ အခု ဘယ်မှာရှိနေသလဲလို့ လူတွေတွေးတတ်ကြတယ်။ သူတို့ကို ပြန်မှတွေ့ရပါ့မလား အစရှိတဲ့မေးခွန်းတွေ ပေါ့လေ။ အဲ့ဒီမေးခွန်းနဲ့ အခြားမေးခွန်းတွေကိုပါ ဒီမဂ္ဂဇင်းထဲမှာ ဖြေဆိုထားတယ်။” (မြန်မာ ဇွန် ၈ နိုးလော့! ကိုဝေငှပါ။) ဤသို့ထပ်ဆင့်ပြောနိုင်သည်– “ဒီမဂ္ဂဇင်းနဲ့ ကင်းမျှော်စင်ကို ၁၅ ကျပ်နဲ့ယူထားနိုင်ပါတယ်။”
၄ ဤချဉ်းကပ်နည်းကိုအသုံးပြုကာ ဘရိုရှာတစ်စောင်ကို ဝေငှရန် သင်ဆုံးဖြတ်ပေမည်–
▪ “အရင်တစ်ခေါက်က ဒီမြေကြီးရဲ့အနာဂတ်အကြောင်းကို ခဏလောက် ဆွေးနွေးလိုက်ရလို့ ဝမ်းသာတယ်။ ဆိုးသွမ်းမှုနဲ့ ဒုက္ခတွေကို ဘုရားသခင်သာ နိဂုံးချုပ်စေခဲ့ရင် ဒီနေရာဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာကို မြင်ယောင်ကြည့်နိုင်မလား။ [“ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဘရိုရှာ၏ မျက်နှာဖုံးကို ပြပါ။] စာမျက်နှာ ၃ နှင့် ၄ တွင် ဖော်ပြထားသော ဘုရားသခင့်နိုင်ငံတော်၌ ရရှိမည့်ကောင်းချီးများကို သတိပြုပါ။ [ဘရိုရှာပါ ကျမ်းချက်တစ်ချက်ကို ရွေးချယ်၍ ထိုစာစောင်မှ ဖတ်ပြပါ။] ဒီစာစောင်ကို ဖတ်ကြည့်ဖို့ ထားခဲ့ချင်တယ်။”
၅ ပြန်လည်ပတ်သွားသည့်အခါ အိမ်ရှင်သည် မိမိ၏ကိုယ်ပိုင်ဘာသာရေးစာစောင်များကို မှန်မှန်ရရှိနေ၍ လုံလောက်ပါပြီဟု သူယူမှတ်ကြောင်း ပြောသည့်အခါ ဤသို့ဆိုနိုင်သည်–
▪ “ဘယ်ဘာသာဝင်မဆို ကျွန်တော်တို့အားလုံးရဲ့ စိုးရိမ်မှုတွေဟာ တစ်မျိုးတည်းပါပဲ။—ရာဇဝတ်မှု၊ စိုးရိမ်စရာရှိတဲ့ အဖျားအနာ၊ ဝန်းကျင်အခြေအနေအတွက် ပူပန်မှု—တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေကြရတယ် မဟုတ်လား။ [ဖြေဆိုပါစေ။] ဒီပြဿနာတွေအတွက် တကယ်ဖြေရှင်းပေးနိုင်တဲ့နည်း ရှိမယ်လို့ ထင်သလား။ [၂ ပေတရု ၃:၁၃ ကိုဖတ်။] ကျွန်တော်တို့စာပေတွေရဲ့ ရည်ရွယ်ချက်ကို ကင်းမျှော်စင်ရဲ့ စာမျက်နှာ ၂ မှာဖော်ပြထားတယ်။ [ဝါကျတစ်ခုနှစ်ခုကို ရွေးဖတ်ပါ။] ကျမ်းစာကိုအခြေပြုတဲ့ မျှော်လင့်ချက်ရှိ သတင်းပါတဲ့အတွက် ယေဟောဝါသက်သေများမဟုတ်တဲ့ လူအတော်များများက ကျွန်တော်တို့ စာပေများကို ဖတ်ချင်ကြတယ်။” အိမ်ရှင်၏တုံ့ပြန်မှု ကောင်းမည်ဆိုလျှင် ကျွန်ုပ်တို့၏ ကျမ်းစာသင်အံမှုအစီအအစဉ်ကို ရှင်းပြပါ။
၆ ဤချဉ်းကပ်နည်းကို သင် အသုံးပြုလိုပေမည်–
▪ “အရင်တစ်ခေါက်က ကျွန်တော်တို့ကမ္ဘာလောကရဲ့ အနာဂတ်မျှော်မှန်းချက်များအကြောင်း ပြောဆိုခဲ့ကြတယ်။ ဒီသတင်းကို ဘယ်လိုသဘောရသလဲ။ [စိုးရိမ်ဖွယ်ဖြစ်သည့် နောက်ဆုံးသတင်းတစ်ရပ်ကို ဖော်ပြ။] ဒီလိုသတင်းတွေ ကြားကြရတဲ့အခါ ဒီကမ္ဘာလောကဟာ ဘာဖြစ်နေပြီလဲလို့ လူတွေတွေးတောကြတယ်၊ မဟုတ်လား။ ဒီလိုသတင်းတွေက ၂ တိမောသေ ၃:၁-၅ မှာ ကျမ်းစာကြိုတင်ဟောထားတဲ့ ‘နောက်ဆုံးကာလ’ ကို ကျွန်တော်တို့ရောက်နေတယ်လို့ ယုံကြည်စေတယ်။” ပေါ်လွင်ချက်များကို ဖတ်ပြပြီးနောက် ယင်းဖော်ပြချက်နှင့် ကိုက်ညီသူများကို အိမ်ရှင်တွေ့ဖူးသလောဟု မေးမြန်းနိုင်သည်။ ကျိုးကြောင်းဆင်ခြင်ခြင်း စာအုပ်၊ စာမျက်နှာ ၂၃၄-၈ ပါခေါင်းစဉ်ငယ်တစ်ခုခုကို ဆက်၍ဆွေးနွေးပါ။
၇ ကျွန်ုပ်တို့သည် ကောင်းစွာပြင်ဆင်ထား၍ အမှန်ပင်ကူညီပေးလိုစိတ်ရှိမည်ဆိုလျှင် စိတ်နှလုံးရိုးဖြောင့်သူများသည် နားထောင်လိမ့်မည်ဟု စိတ်ချနိုင်ပါသည်။—ယောဟန် ၁၀:၂၇၊ ၂၈။