ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၄ စာ. ၂
  • မေအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • မေ ၂ တွင် စမည့်အပတ်
  • မေ ၉ တွင် စမည့်အပတ်
  • မေ ၁၆ တွင် စမည့်အပတ်
  • မေ ၂၃ တွင် စမည့်အပတ်
  • မေ ၃၀ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၅/၉၄ စာ. ၂

မေအတွက်လုပ်ငန်းတော်စည်းဝေးများ

မေ ၂ တွင် စမည့်အပတ်

သီချင်း ၂၀

၅ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ အလျဉ်းသင့်သော ကြေညာချက်များ။ ရက်သတ္တပတ် ကြားရက် သို့မဟုတ် ညနေချိန် သက်သေခံခြင်း အစရှိသော လယ်ကွင်းလုပ်ငန်း တိုးချဲ့ရန် မည်သည့်အစီအစဉ်များကိုမဆို ပြန်လည်တင်ပြပေးပါ။

၁၅ မိ– “နွေရာသီအတွင်း သီအိုကရက်တစ် လုပ်ငန်းများကို အဆက်မပြတ် လုပ်ဆောင်လေ။” မေးဖြေခြင်း။ အရန်ရှေ့ဆောင် သို့မဟုတ် အလွတ်သဘော သက်သေခံစဉ် ရရှိခဲ့သော တွေ့ကြုံမှုများကို ဖော်ပြပါ။

၁၀ မိ– “အကျွန်ုပ် ဆက်၍ပြောင်းလဲရန် လိုသလော။” အကြီးအကဲနှစ်ဦး ဆွေးနွေးခြင်း။ လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းအကျိုးကျေးဇူးများကို အလေးအနက်ဖော်ပြပါ။

၁၅ မိ– “သမ္မာတရားကို ဝေမျှရန် မဂ္ဂဇင်းများကို အသုံးပြု။” ပရိသတ်နှင့်ဆွေးနွေး။ ကျွန်ုပ်တို့၏မဂ္ဂဇင်းများကို အဘယ်အရာက ထူးခြားစေကြောင်းနှင့် ယင်းကြောင့် အခွင့်အရေးရတိုင်း ဝေငှချင်စိတ် အဘယ်ကြောင့် ရှိသင့်ကြောင်းကို ရှင်းပြပါ။ လိုရင်းတိုရှင်းသရုပ်ပြခန်းနှစ်ခုကို စီစဉ်ပေးပါ။

သီချင်း ၁၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၉ တွင် စမည့်အပတ်

သီချင်း ၂၁၄

၁၀ မိ– ဒေသကြေညာချက်များ။ နှစ်စဉ်ကြေးများကောက်နိုင်သည့် အခွင့်အရေးများအတွက် နိုးကြားနေသင့်သည်။ လွန်ခဲ့သည့်အချိန်တွင် မဂ္ဂဇင်းများကို မှန်မှန်လက်ခံယူပြီး ဖတ်ရှုကြသူများအား နှစ်စဉ်ကြေးယူရန် ကမ်းလှမ်းနိုင်သည်။ နှစ်စဉ်ကြေးပုံစံစာရွက်များကို မည်သို့ဖြည့်စွက်နိုင်ကြောင်း ရှင်းပြပါ။

၂၀ မိ– “ကျမ်းစာသင်သားများကို ဓမ္မအမှုအတွက် အသင့်ပြင်ဆင်ပေး။” မေးဖြေရန်။ အပိုဒ် ၄ နှင့် ၅ တွင် အိမ်ပေါက်ဝ၌ သက်သေခံနိုင်ရန် သင်သားအား မည်သို့အသင့်ပြင်ဆင်ပေးပုံကို လိုရင်းတိုရှင်း သရုပ်ပြပါ။ ဆာလံ ၃၇:၁၁ ကိုအသုံးပြုလျက် သင်သားသည် ရိုးရိုးလေးတင်ပြချက်ကို စတင်ပြောဆိုစဉ် သွန်သင်ပေးသူက ကြားဖြတ်၍– “ကိုယ်ပိုင်ဘာသာရှိပါတယ်” ဟုပြော။ သင်သားက ဘာကိုဆက်ပြောရမည်မသိ။ နှစ်ဦးစလုံး ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်မှာ ၁၈-၁၉ ကိုလှန်ကြည့်၍ အကြံပြုထားသောအဖြေအချို့ကို ပြန်လေ့လာကြပြီး သင်သားနှစ်သက်ရာ အကြံပြုချက်တစ်ခုကို ရွေး။ သင်သား ဆက်ပြောဆိုခဲ့ရာ တုံ့ပြန်မှုကောင်းကောင်းရရှိသဖြင့် အားရှိ။

၁၅ မိ– ဒေသလိုအပ်ရာ သို့မဟုတ် တိုက်နယ်စည်းဝေးပွဲမှ အဘယ်အရာသင်ယူခဲ့ပြီနည်း။ (ပရိသတ်နှင့် ဆွေးနွေး။)

သီချင်း ၁၃၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၁၆ တွင် စမည့်အပတ်

သီချင်း၁၇၃

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများအတွက် အသင်းမ၏ ကျေးဇူးတင်စကားများကို ဖတ်ပြပါ။ ဝေငှနိုင်သော ဘရိုရှာများကို ပြန်လည်သုံးသပ်ပေးပြီး ပြောဆိုနိုင်သည့် အချက်အနည်းငယ်ကို အာရုံပြုစေပါ။

၁၇ မိ– “တွေ့ရှိသော စိတ်ဝင်စားသူထံ ပြန်လည်ပတ်လေ။” မေးဖြေရန်။ အကြံပြုထားသော တင်ဆက်ဟောပြောပုံ တစ်ခု သို့မဟုတ် နှစ်ခုကို သရုပ်ပြပါ။

၁၈ မိ– “သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အပြည့်အဝ အကျိုးခံစားခြင်း။” ကျောင်းကြီးကြပ်မှူး ဟောပြော၍ ပရိသတ်နှင့် ဆွေးနွေးရန်။ အားလုံး တာဝန်များကိုလက်ခံပြီး ဆောင်ရွက်ကြရန် တိုက်တွန်းပါ။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို မှန်မှန်ပြုလုပ်ရန် အရေးကြီးကြောင်း အလေးအနက်ဖော်ပြပါ။ ကျောင်းသားများအား ပေးသည့် သွန်သင်ချက်များမှ အသင်းတော်တစ်ခုလုံး မည်သို့အကျိုးခံစားနိုင်ကြောင်း ရှင်းပြပါ။

သီချင်း ၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂၃ တွင် စမည့်အပတ်

သီချင်း၁၉၂

၁၀ မိ– ဒေသကြေညာချက်များ။ နောက်ဆုံးထုတ် မဂ္ဂဇင်းများပါ ထူးခြားသော ဆောင်းပါးများကို ပြန်လည်တင်ပြပါ။ လိုရင်းတိုရှင်း တင်ဆက်ဟောပြောပုံတစ်ခု သို့မဟုတ် နှစ်ခုကို စီစဉ်ပါ။ မေ ၃၀ ရက်နေ့အတွက် အထူးလယ်ကွင်းလုပ်ငန်းအစီအစဉ်များကို အကြမ်းဖျင်းဖော်ပြပါ။

၁၀ မိ– “သွန်သင်ချက်ပေးသောအခါ အခြားသူများ၏ ဂုဏ်သိက္ခာကို သင်ထောက်ထားသလော။” ဖေဖော်ဝါရီ ၁၊ ၁၉၉၄ ကင်းမျှော်စင် စာမျက်နှာ ၂၅-၉ ကိုအခြေပြု၍ အကြီးအကဲ ဟောပြောရန်။

၂၅ မိ– စက်တင်ဘာလမှ မေလအထိ အသင်းတော် မှတ်တမ်းများကို ပြန်လည်စစ်ဆေး တင်ပြခြင်း။ ကျွန်ုပ်တို့အသင်းတော်သည် အရည်အချင်းနှင့် အရေအတွက်တွင် တိုးတက်နေပါသလော။ အတွင်းရေးမှူးတက်ကြွစွာဟော။

သီချင်း ၁၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၃၀ တွင် စမည့်အပတ်

သီချင်း၂၀၄

၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။

၁၅ မိ– ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများအတွင်း ကြေညာသူအသစ်များရရှိရန် ကြိုးစားအားထုတ်ကြဖို့ ဦးစီးကြီးကြပ်မှူး အားတက်သရောဟောပြောရန်။

၂၀ မိ– လုပ်ငန်းတော် ကြီးကြပ်မှူးသည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ လွန်ခဲ့သော ခြောက်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများကို ဒေသခံအသင်းတော်၏ မှတ်တမ်းများနှင့် နှိုင်းယှဉ်စစ်ဆေး။ စာသင်ပုန်းကို အသုံးပြုပါ။

သီချင်း ၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ