ကြေညာချက်များ
▪ ဩဂုတ်အတွင်း ဝေငှမည့်စာအုပ်– အောက်ပါ ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင် ဂရုစိုက်တော်မူသလော!၊ ကမ္ဘာသားဘဝ ထာဝရစံစားကြ!၊ “ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်”၊ သုံးပါးတစ်ဆူကို အသင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ် တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသု ဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကို သင်ရှာတွေ့နိုင်မည်လော [လိပ်]။ စက်တင်ဘာ– သင်သည် ကမ္ဘာ့ပရဒိသုတွင် ထာဝစဉ်အသက်ရှင်နိုင်သည်။ အောက်တိုဘာ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ နှစ်စဉ်ကြေးများကို ပြန်လည်ပတ်မှုများတွင် ဝေငှနိုင်သည်။ မြန်မာဘာသာဖြင့် နိုးလော့! အတွက် နှစ်စဉ်ကြေးများကို ကျေးဇူးပြု၍ လက်မခံပါနှင့်။ နိုဝင်ဘာ– သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း။ စာအုပ်ဌာနတွင် မရှိလျှင် ယခုပင် မှာယူပါ။
▪ အသင်းတော်များသည် ၁၉၉၅ ယေဟောဝါသက်သေများ၏ ပြက္ခဒိန်ကို စတင်မှာယူနိုင်ပါသည်။
▪ ဩဂုတ် ၂၉ မှ စက်တင်ဘာ ၁ အတွင်း အသင်းမသည် ဌာနခွဲရှိ စာပေစာတမ်းများကို စာရင်းစစ်ချက်ပြုလုပ်ပါမည်။ ယင်းကြောင့် ထိုနေ့ရက်များအတွင်း အသင်းတော်ကမှာယူသည့် စာအုပ်များကို ပို့ပေးခြင်း၊ ထုတ်ပေးခြင်း ရှိမည်မဟုတ်ပါ။
▪ အသင်းတော်တိုင်းထံသို့ ၁၉၉၅ လုပ်ငန်းတော်နှစ်အတွင်း အသုံးပြုရန် ပုံစံစာရွက် အလုံအလောက် ပို့ပေးနေပါသည်။ ဤပုံစံစာရွက်များကို မဖြုန်းတီးသင့်ပါ။ ရည်ရွယ်ထားသည့်အတိုင်းသာ ယင်းတို့ကိုအသုံးပြုသင့်သည်။
▪ ကင်းမျှော်စင် နှင့်နိုးလော့!အတွက် ကိုယ်ပိုင်နှင့်နှစ်စဉ်ကြေးအသစ်၊ နောက်တစ်နှစ်အတွက် (မြန်မာနိုးလော့!မပါ) ပြန်ယူခြင်း တို့ကို အသင်းတော်နှင့်ပေါင်းသင်းသူများသည် အသင်းတော်မှတစ်ဆင့် ပို့ပေးရမည်။
▪ အသင်းတော်တစ်ခုစီသည် စာအုပ်စာတမ်းစာရင်းပုံစံ (အက်စ် (ဒီ)-၁၈) စာရွက်သုံးခုစီ ရလိမ့်မည်။ အသင်းတော်အတွင်းရေးမှူးသည် စာအုပ်စာတမ်းအမှုထမ်းနှင့် ဩဂုတ်လအစောပိုင်းတွင် တွေ့ဆုံကာ လကုန်တွင် အသင်းတော်ရှိ စာအုပ်စာတမ်းစာရင်းကိုယူဖို့ နေ့ရက်သတ်မှတ်ထားသင့်သည်။ ရှိသည့်စာအုပ်စာတမ်းများကို ရေတွက်ပြီး စုစုပေါင်းအရေအတွက်များကို စာအုပ်စာတမ်းစာရင်းပုံစံတွင် ရေးမှတ်သင့်သည်။ လက်ရှိ စုစုပေါင်းမဂ္ဂဇင်းများအရေအတွက်ကို မဂ္ဂဇင်းအမှုထမ်းထံမှရယူပါ။ မူရင်းကို စက်တင်ဘာ ၆ ရက်နေ့မတိုင်မီ အသင်းမထံပို့ပေးသင့်သည်။ မိတ္တူပုံစံကို သင့်ဖိုင်တွဲများတွင် သိမ်းဆည်းထားပါ။ တတိယပုံစံစာရွက်ကိုကား တွက်ချက်မှုအတွက် ပို့ပေးထားပါသည်။ ဤစာရင်းကို အတွင်းရေးမှူး စစ်ဆေးရမည်။ ထိုနောက် အပြည့်အစုံဖြည့်စွက်ပြီး ပုံစံစာရွက်ကို ဦးစီးကြီးကြပ်မှူး စစ်ဆေးသင့်သည်။ အတွင်းရေးမှူးနှင့် ဦးစီးကြီးကြပ်မှူးသည် ပုံစံစာရွက်ကို လက်မှတ်ရေးထိုးကြမည်။
▪ ၁၉၉၄ စက်တင်ဘာ ၁ မှစ၍ မှန်မှန်ရှေ့ဆောင်ရန် ကြံရွယ်သောကြေညာသူများသည် ချက်ချင်း လျှောက်လွှာတင်သင့်သည်။
▪ အသင်းတော်စစ်ချက်မှတ်တမ်းပုံစံ (အက်စ်-၁၀) တွင် အသင်းတော်အတွင်းရေးမှူးသည် လုပ်ငန်းတော်မှတ်တမ်းများကို စာရင်းသွင်းပါမည်။ ယင်းမှတ်တမ်းကို စုစည်းရန် ကူညီပေးနေသော မည်သည့်အကြီးအကဲ၊ သို့မဟုတ် ဓမ္မအမှုထမ်းကိုမဆို အသေအချာ မှာကြားပါမည်။ ဤနည်းဖြင့် အသင်းတော်ကြေညာသူမှတ်တမ်းကတ်ပြား (အက်စ်-၂၁) မှလိုအပ်သောအချက်အလက်များကို တိကျစွာတင်ပြနိုင်ရန် အကူအညီရပါလိမ့်မည်။ အသင်းတော်စစ်ချက်မှတ်တမ်းပုံစံ (အက်စ်-၁၀) ကို တိတိကျကျနှင့် သပ်သပ်ရပ်ရပ် ဖြည့်စွက်ပေးရမည်။ ထို့နောက် လုပ်ငန်းတော်ကော်မတီသည် အသေအချာစစ်ဆေးသင့်သည်။