ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၄ စာ. ၂
  • ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဩဂုတ် ၁ တွင် စမည့်အပတ်
  • ဩဂုတ် ၈ တွင် စမည့်အပတ်
  • ဩဂုတ် ၁၅ တွင် စမည့်အပတ်
  • ဩဂုတ် ၂၂ တွင် စမည့်အပတ်
  • ဩဂုတ် ၂၉ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၈/၉၄ စာ. ၂

ဩဂုတ်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဩဂုတ် ၁ တွင် စမည့်အပတ်

သီချင်း ၁၅၉

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ သက်ဆိုင်ရာ ကြေညာချက်များ။ ဤအပတ် စနေ၊ တနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ ပေါ်လွင်စေနိုင်မည့် နောက်ဆုံးထုတ် မဂ္ဂဇင်းများပါ အချက်ကောင်းများကို သရုပ်ပြပါ။

၁၅ မိ– “ဆက်၍ အပြုသဘောရှိပါ။” မေးဖြေရန်။ ရပ်ကွက်တွင် စိတ်မဝင်စားခြင်း၊ အတိုက်အခံပြုခြင်း တွေ့ရှိရလျက်ပင် အပြုသဘော မည်သို့ဆက်ရှိနိုင်ကြောင်း ရှေ့ဆောင် သို့မဟုတ် ကြာမြင့်စွာ ကြေညာသူဖြစ်ခဲ့သူအား အတိုချုပ် လူတွေ့ခေါ်မေးမြန်းပါ။

၁၅ မိ– “ဘရိုရှာများ—ဓမ္မအမှုအတွက် တန်ဖိုးရှိကိရိယာများ။” ပရိသတ်နှင့် ဆွေးနွေးရန်။ အကြံပြုထားသည့် တင်ဆက်ပုံများကို ကောင်းစွာပြင်ဆင်သော သရုပ်ပြနှစ်ခုကိုစီစဉ်ပါ။ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေထည့်ခြင်းကိုလည်း တင်ပြပါ။ ဩဂုတ်လတွင် အထူးအသုံးပြုရမည့် ဘရိုရှာအချို့ကို ပြသပေးပါ။ ဤအပတ်လုပ်ငန်းတော်တွင် အသုံးပြုနိုင်ရန် ဘရိုရှာများကို ထုတ်ယူကြဖို့ ပရိသတ်အား သတိပေးပါ။

သီချင်း ၁၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၈ တွင် စမည့်အပတ်

သီချင်း ၂၁၆

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– “သင့်ညီအစ်ကိုများကို သိကျွမ်းခြင်း။” မေးဖြေရန်။ အပိုဒ် ၆ ပါအကြံပြုချက်များကို အသုံးပြုခြင်းအားဖြင့် အခြားသူများနှင့် မည်သို့ပိုသိကျွမ်းလာခဲ့ကြောင်း တွေ့ကြုံမှု တိုတိုကလေးများကို ပရိသတ်အား တင်ပြစေပါ။

၂၀ မိ– အလွတ်သဘောသက်သေခံခြင်းကို ပိုမိုပြုလုပ်ခြင်း။ ဤလုပ်ငန်းတွင် မိမိတို့ မည်သို့တိုးချဲ့ပါဝင်နိုင်မည့်အကြောင်းကို ကြေညာသူ သုံးလေးဦး ဆွေးနွေး။ ၁၉၈၈ အောက်တိုဘာ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၂၂-၈ ကိုအသုံးပြုပြီး အခြားသူများ အသုံးပြုခဲ့သောနည်းများကို သူတို့ဆွေးနွေးကြ၍ ဤလုပ်ငန်းမျိုးကို မည်သို့ပိုမိုလုပ်ကိုင်ကြရမည့်အကြောင်း ပြောဆိုကြ။ ဤလုပ်ငန်းကဏ္ဍတွင် ပရိသတ်အနေနှင့် မည်သို့ပါဝင်နိုင်ကြောင်း သဘာပတိက ပရိသတ်ကိုအားပေး။

သီချင်း ၁၈၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၁၅ တွင် စမည့်အပတ်

သီချင်း ၁၆၆

၅ မိ– ဒေသကြေညာချက်များ၊ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများ ရရှိကြောင်း အသင်းမထံမှ အသိအမှတ်ပြုလွှာများ ဖတ်ပြပါ။

၁၅ မိ– “ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ခြင်း။” ပရိသတ်နှင့်ဆွေးနွေး။ ပြန်လည်ပတ်မှုများတွင် အကြံပြုထားသည့် တင်ဆက်ပုံများကို မည်သို့အသုံးပြုနိုင်မည့်အကြောင်း ၃-မိနစ်ကြာ သရုပ်ပြခန်းနှစ်ခုကိုပါ ထည့်ပေးပါ။ ကျမ်းစာသင်အံမှုများစတင်ရန် ကြိုးစားမှုများကို အားပေးပါ။

၂၅ မိ– “စည်းစနစ်ကျသော လုပ်ရိုးလုပ်စဉ်အတိုင်း တိုး၍တိုး၍ ဆက်လက်လိုက်လျှောက်နေလော့။” မေးဖြေရန်။

သီချင်း ၉၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၂ တွင် စမည့်အပတ်

သီချင်း ၂၁၈

၁၅ မိ– ဒေသကြေညာချက်များနှင့် “အထူးအစည်းအဝေးပွဲနေ့ အစီအစဉ်သစ်။” ရက်စွဲသိထားမည်ဆိုလျှင် နောက်ကျင်းပမည့် အထူးအစည်းအဝေးပွဲနေ့၏ရက်စွဲကို ကြေညာပါ။ အားလုံးတက်ရောက်ကြရန် စီစဉ်ဖို့ အားပေးပါ။

၁၅ မိ– ဘုရားသခင်နဲ့ ငါဘယ်လို အကျွမ်းဝင်နိုင်မလဲ။ မိသားစုသင်အံမှုကို သရုပ်ပြ။ လူငယ်များအမေးစာအုပ် အခန်း ၃၉ ကိုဆယ်ကျော်သက်ကလေးများနှင့် မိဘများ ဆွေးနွေး။ စာမျက်နှာ ၃၁၅-၁၈ “ဘုရားသခင်နှင့် မိမိမိတ်ဖြစ်ခြင်းကို လူသိရှင်ကြား ကြေညာခြင်း” ခေါင်းစဉ်ငယ်ကို ဆွေးနွေး။ တစ်အိမ်မှတစ်အိမ်သွားရာတွင် ရှက်ကြောက်ကြကြောင်း၊ အစည်းအဝေးများသည် ငြီးငွေ့စရာဖြစ်ပြီး အလွန်များလွန်းကြောင်း ကလေးများ ညည်းညူကြ။ ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးကို တည်မြဲစေလိုလျှင် ဤအမှုများကိုပြုရန် အရေးကြီးကြောင်း မိဘများက ကြင်နာစွာဖြင့် ကျမ်းစာမူများကို ညွှန်ပြပြီး ဆွေးနွေး။

၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၁ ဇူလိုင် ၁ ရက်ထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၁ ရှိ “သတင်းကောင်းနှင့်သာ များစွာအလုပ်များနေခြင်း” ဆောင်းပါးကို ဟောပြောရန်။

သီချင်း ၁၈၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဩဂုတ် ၂၉ တွင် စမည့်အပတ်

သီချင်း ၁၉၉

၁၃ မိ– ဒေသလိုအပ်ရာများ။ တစ်ပတ်အတွင်း လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို အကြမ်းဖျင်းဖော်ပြပါ။ နွေရာသီအတွင်း အရန်ရှေ့ဆောင်နိုင်သူ၊ သို့မဟုတ် သူတို့၏လုပ်ငန်းတော်ကို တိုးချဲ့နိုင်ခဲ့သူ ကြေညာသူ တစ်ဦးနှစ်ဦးကို လူတွေ့ခေါ်မေးမြန်းပါ။ သူတို့တွေ့ကြုံခဲ့သော ပျော်ရွှင်မှုအချို့ကို ပြန်တင်ပြစေပါ။

၁၅ မိ– “ကျွန်ုပ်တို့၏ လုပ်ငန်းတော်နှစ်သစ်အတွက် ယခုပင် လုပ်ဆောင်ခြင်း။” မေးဖြေရန်။

၁၇ မိ– စက်တင်ဘာလအတွင်း ထာဝစဉ်အသက်ရှင်စာအုပ်ကို ဝေငှပါ။ (မရှိပါက ရှိရာစာအုပ်ကို ဝေငှပါ။) စက်တင်ဘာလအတွင်း ဤစာအုပ်ကို အားတက်သရော ကြိုးစားဝေငှပြီး ကျမ်းစာသင်အံမှုများစကြရန် တိုက်တွန်းပါ။ ယင်းကို ၁၉၈၂ ခုနှစ်က ဦးဆုံးထုတ်ဝေခဲ့ရာ ကျမ်းစာသင်အံမှုများ ကျင်းပရာတွင် အဓိကအသုံးပြုသောစာအုပ် ဖြစ်ခဲ့ပေပြီ။ ဤစာအုပ်မရှိလျှင် ရှိသည့်စာအုပ်နှင့် ကျမ်းစာသင်အံမှုစနိုင်ပါသည်။ အချိန်ရလျှင်ရသလို စာအုပ်ကိုဝေငှရာတွင် စာအုပ်မှ ပေါ်လွင်စေနိုင်သည့် အခြားအချက်ကောင်းများကို ညွှန်ပြပါ။

သီချင်း ၁၆၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ