မေးခွန်းသေတ္တာ
◼ သက်သေခံရာတွင် ကျွန်ုပ်တို့အသုံးပြုရာတို့နှင့်ပတ်သက်၍ ဘာကိုဂရုစိုက်သင့်သနည်း။
၁ စိတ်ထဲတွင်ကျမ်းစာဆိုင်ရာ သင့်လျော်သောတင်ဆက်ပုံရှိသော်လည်း သတင်းကောင်းကြေညာသူတစ်ဦးသည် သူအသုံးပြုသောအရာများနှင့်စပ်လျဉ်း၍ ပြင်ဆင်မှုမရှိဘဲဖြစ်နိုင်သည်။ အိမ်ပေါက်ဝတွင် ဝေငှရမည့်နောက်ဆုံးထုတ်စာပေများ သူ၌ရှိချင်မှရှိမည်။ မဂ္ဂဇင်းများ၊ ဘရိုရှာများ၊ ဝေစာများသည် တွန့်ကြေ စုတ်ပြတ်နေပေမည်။ စနစ်တကျမထားသည့်အတွက် ခဲတံ၊ သို့မဟုတ် တစ်အိမ်မှတစ်အိမ်မှတ်တမ်းစာအုပ် ရှာမတွေ့ဘဲဖြစ်ပေမည်။ လယ်ကွင်းလုပ်ငန်းတော်တွင်မပါဝင်မီ သင့်အသုံးအဆောင်များကို အသေအချာစစ်ဆေးကြည့်ခြင်းသည် အရေးကြီးပေသည်။
၂ သက်သေခံထွက်သည့်အခါ ပြည့်ပြည့်စုံစုံဖြစ်ရန် အဘယ်အရာများရှိရန်လိုသနည်း။ ကျမ်းစာပါရမည်။ တစ်အိမ်မှတစ်အိမ်မှတ်တမ်းစာအုပ်ထည့်ထားပါ။ ထိုလအတွက် ဝေငှရမည့်စာပေ ပါသွားစေပါ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများနှင့် ဝေစာများ၊ သို့မဟုတ် ဘရိုရှာများလည်းရှိရမည်။ ကျိုးကြောင်းဆင်ခြင် စာအုပ်တစ်အုပ်ကို ဆောင်ထားပါ။ နောက်ဆုံးထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ရှိမည်ဆိုလျှင် အိမ်ပေါက်ဝသို့မသွားမီ အကြံပြုထားသောတင်ဆက်နည်းများကို ပြန်ကြည့်နိုင်ပေမည်။ ဘာသာခြားစကားတစ်မျိုးမျိုးပြောဆိုမည့်သူရှိသောရပ်ကွက်တွင် လူမျိုးအပေါင်းအတွက်သတင်းကောင်း စာအုပ်ပါလျှင်ကောင်းမည်။ လူငယ်များအတွက် အထူးရည်ရွယ်ပြီးထုတ်ဝေထားသည့် ကျွန်ုပ်တို့စာပေများမှ တစ်မျိုးမျိုးပါလျှင် ဆယ်ကျော်သက်များအားသက်သေခံရန် အသင့်ရှိစေပါလိမ့်မည်။
၃ အသုံးပြုသမျှသည် အခြေအနေကောင်းပြီး သင့်အိတ်တွင် သပ်ရပ်ညီညာစွာ စီ၍ထားသင့်သည်။ အိတ်က အသစ်ဖြစ်စရာမလိုပါ။ သို့သော် သန့်ရှင်းပြီး အခြေအနေကောင်းသင့်သည်။ သင့်အိတ်သည် သတင်းကောင်းဟောပြောရာတွင် အသုံးပြုသည့်အရာများအဝင်ဖြစ်သည်။ ယင်းကို သန့်ရှင်းသပ်ရပ်စွာရှိစေပါ။