ဘရိုရှာများအသုံးပြုရန် သတိရပါ
တစ်အိမ်မှတစ်အိမ်၊ သို့မဟုတ် အလွတ်သဘော သက်သေခံသည့်အခါ ကျွန်ုပ်တို့၏ဆွဲဆောင်မှုရှိသော ဘရိုရှာများမှ တစ်ခုခုတွင်ပါသောအကြောင်းကို မကြာခဏ စကားမစပ် ပြောဆိုတတ်ပါသည်။ ကင်းမျှော်စင်နှင့်နိုးလော့ကို ဧပြီနှင့်မေလများအတွင်း ဝေငှရာတွင် ဤအချက်ကို အထူးသတိရထားသင့်သည်။ မဂ္ဂဇင်းများနှင့်အတူ ဘရိုရှာအမျိုးမျိုးကို သယ်ဆောင်ထားခြင်းအားဖြင့် ထိရောက်စွာသက်သေခံနိုင်ရန် လိုအပ်သည့်အရာကို ကမ်းလှမ်းပေးရန် အသင့်ရှိနေပါလိမ့်မည်။ ဧပြီနှင့်မေလများတွင် သင်ဝေငှမည့် မဂ္ဂဇင်းများနှင့်အတူသော်လည်းကောင်း၊ မဂ္ဂဇင်းများအစားသော်လည်းကောင်း (School ဘရိုရှာမှအပ) မည်သည့်ဘရိုရှာများကိုမဆို လွတ်လပ်စွာအသုံးပြုရန် အသင့်ရှိပါ။—သု၊ ၁၅:၂၃ နှိုင်းယှဉ်။