ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၅ စာ. ၆
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၄/၉၅ စာ. ၆

မေးခွန်းသေတ္တာ

◼ အသင်းတော်စာအုပ်ကြီးသင်တန်းနှင့် ကင်းမျှော်စင်သင်တန်းတွင် အပိုဒ်များကိုဖတ်ရန် မည်သူတို့ကိုအသုံးပြုနိုင်သနည်း။

ဇူလိုင် ၁၉၇၇ [လိပ်] နှင့် ဇူလိုင် ၁၉၈၀ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုတွင် မည်သူများစာဖတ်ရန် အရည်အချင်းပြည့်မီကြောင်းကို ဖော်ပြထားသည်။ ရှိမည်ဆိုလျှင် နှစ်ခြင်းခံပြီးသားညီအစ်ကိုများကိုအသုံးပြုပါသည်။ အရည်အချင်းရှိသောအကြီးအကဲများ၊ ဓမ္မအမှုထမ်းများနှင့် အသင်းတော်ရှိ အခြားနှစ်ခြင်းခံပြီးသားညီအစ်ကိုများမှ ရွေးချယ်သင့်သည်။ တာဝန်ကျသူများသည် သွက်လက်စွာ၊ အဓိပ္ပာယ်မှန်ပေါ်လွင်အောင်နှင့် အသံနေအသံထားပြောင်းလဲပြီးဖတ်နိုင်ဖို့လိုသည်။ အားတက်သရောဖြစ်နေသင့်ပြီး သီအိုကရက်တစ်ဓမ္မအမှုကျောင်းလမ်းညွှန်စာအုပ်၊ အခန်း ၆ တွင်အကြမ်းဖျင်းဖော်ပြထားသော လိုအပ်သည့်စကားပြောအရည်အချင်းများရှိရမည်။ (နေဟမိ ၈:၈ နှိုင်းယှဉ်။) သူတို့သည် အကျင့်အကြံအားဖြင့်လည်း ပုံသက်သေကောင်းသူဖြစ်သင့်သည်။

စာအုပ်ကြီးသင်တန်းတွင် အခြားအသင်းတော်အစည်းအဝေးများထက် လူနည်းသည့်အတွက် စာဖတ်ပေးရန် အရည်အချင်းရှိသော နှစ်ခြင်းခံပြီးသားညီအစ်ကိုတစ်ဦး အမြဲရှိချင်မှရှိမည်။ ဤကဲ့သို့သောအချိန်အခါမျိုးတွင် သင်တန်းမှူးကိုယ်တိုင် အပိုဒ်များကိုဖတ်ရန် ဆုံးဖြတ်ပေမည်။ သို့မဟုတ် စာကောင်းစွာဖတ်နိုင်သော အရည်အချင်းရှိ နှစ်ခြင်းခံပြီးသားညီအစ်မတစ်ဦးအား အကူအညီတောင်းဆိုနိုင်သည်။ ညီအစ်မတစ်ဦးစာဖတ်ပေးပါက သူမသည် သွန်သင်ပေးနေခြင်းမဟုတ်သည့်အတွက် ခေါင်းအုပ်စရာမလိုပါ။ သို့သော် သူမသည် ခေါင်းအုပ်မှစိတ်ကြည်လင်မည်ဆိုလျှင် ထိုသို့ပြုလုပ်နိုင်ပါသည်။

ကင်းမျှော်စင် သင်တန်းတွင်ဖတ်ပေးနိုင်မည့် အရည်အချင်းရှိညီအစ်ကိုများရှိကောင်းရှိမည်။ ကင်းမျှော်စင်သင်တန်းမှူးသည် အပိုဒ်များကိုဖတ်မည့်သူများ၏နာမည်စာရင်းကို ကြိုတင်ရေးဆွဲထားပြီး ကြော်ငြာသင်ပုန်းပေါ်ကပ်ထားပါမည်။ ကင်းမျှော်စင်သင်တန်းတွင် မည်သူတို့အားအပိုဒ်ဖတ်ရန်ရွေးချယ်ခြင်းဟူသည် အကြီးအကဲအဖွဲ့တစ်ဖွဲ့လုံးအပေါ် တာဝန်ရှိသည်။ ညီအစ်ကိုတစ်ဦးသည် စာဖတ်ညံ့လျှင် ကင်းမျှော်စင်သင်တန်းမှူးက တာဝန်ယူကာ သူ့အားကြင်နာစွာသြဝါဒပေးပြီး ကူညီနိုင်ပါသည်။ စာဖတ်သည့်အရည်အချင်း အဆင့်မကျဆင်းသွားစေရန် ဖတ်ရှုသူများနာမည်စာရင်းကို လိုအပ်သလို မကြာခဏပြန်စစ်ဆေးသုံးသပ်နိုင်သည်။ ညီအစ်ကိုတစ်ဦးအား နာမည်စာရင်းမှ နာမည်ဖျက်ထုတ်လိုက်လျှင် အကြောင်းရင်းကို သူ့အားဖော်ပြပြီး အခွင့်အရေးပြန်ရရန် အဘယ်အရည်အချင်းများရှိဖို့ သူကြိုးစားအားထုတ်သင့်ကြောင်း ပြောပြသင့်သည်။

လူနည်းစုရှေ့ အသင်းတော်စာအုပ်ကြီးသင်တန်းတွင်ဖြစ်စေ၊ အသင်းတော်တစ်ခုလုံးရှေ့ ကင်းမျှော်စင်သင်တန်းတွင်ဖြစ်စေ စာဖတ်ရှုခွင့်ရသူသည် မိမိတာဝန်ကိုအလေးအနက်သဘောထားရမည်။ (၁ တိ. ၄:၁၃) သူသည် မိမိကိုယ်ကိုယုံကြည်စိတ်ချစွာဖြင့် ပြောဆို၍ “မှန်ကန်ရာစကားများ” ကိုသင့်တော်စွာဖော်ပြမည့်နည်းဖြင့် ကျွမ်းကျင်စွာဖတ်ရပါမည်။—ဒေ. ၁၂:၁၀၊ သမ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ