ဧပြီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဧပြီ ၃ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ “သတိရအောက်မေ့ပွဲအတွက် အသင့်ပြင်ဆင်ပါလေ” ကိုလေ့လာသုံးသပ်ရန်။
၁၅ မိ– “ကျွန်ုပ်တို့ရရှိထားရာများအတွက် ကျေးဇူးတင်ခြင်း။” မေးဖြေရန်။ အချိန်ရသရွေ့ သစတ အပိုင်း (၂) စာမျက်နှာ ၇၉-၈၁၊ အပိုဒ် ၁၅-၂၀ ကိုအခြေခံ၍ ထပ်ဆင့်ကောက်ချက်ချပါ။
၂၀ မိ– “ကင်းမျှော်စင် နှင့် နိုးလော့!—ကျွန်ုပ်တို့၏အရေးကြီးကာလအတွက် မဂ္ဂဇင်းများ!” ပရိသတ်နှင့်ဆွေးနွေး။ မဂ္ဂဇင်းများအပေါ် တန်ဖိုးထားခြင်းနှင့်ဆိုင်သည့်တွေ့ကြုံမှုကိုပြောဆို။ (န ၉၁ ၇/၂၂ စ. ၉ [လိပ်]) ပေးထားသည့်အကြံပြုချက်များကို အသုံးပြုပြီး ကြေညာသူနှစ်ဦးတင်ဆက်နည်းကို ပြင်ဆင်နေပုံသရုပ်ပြခန်းကိုပြပါ။ ထိုနောက်တစ်ဦးကိုတစ်ဦး အပြန်အလှန်တင်ပြစေပါ။
သီချင်း ၂၁၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေများ ရရှိကြောင်း အသင်းမထံမှ အသိအမှတ်ပြုလွှာများ ဖတ်ပြပါ။ သီအိုကရက်တစ်သတင်း။ သတိရအောက်မေ့ပွဲကိုတက်ဖို့ စိတ်ဝင်စားသူများအား အကူအညီပေးရန်လိုကြောင်း လူတိုင်းကိုသတိပေးနှိုးဆော်ပါ။ ဤသတင်းပတ် ကုန်ရက်များတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အထူးကြိုးစားဖို့ တိုက်တွန်းပါ။
၁၅ မိ– “ကျွန်ုပ်တို့၏နိုင်ငံတော်စည်းလုံးမှုကို ဆက်တည်တံ့စေခြင်း။” ပရိသတ်နှင့်ဆွေးနွေး။
၂၀ မိ– “သခင်ဘုရား၏လုပ်ငန်းတော်၌ လုပ်ကိုင်စရာများစွာရှိ။” လုပ်ငန်းတော်ကြီးကြပ်မှူး မေးဖြေဆွေးနွေးရန်။ အထူးနိုင်ငံတော်သတင်းကို တစ်အိမ်မှတစ်အိမ်ဝေငှရန် တိုးချဲ့အစီအစဉ်များအကြောင်း ပြန်သုံးသပ်ပါ။ ဒေသခံအသင်းတော်တာဝန်ရထားသောရပ်ကွက်ကို နှံ့စပ်ရန်အစီအစဉ်များဆွေးနွေး။ လုပ်ငန်းတော်တွင် ပထမဆုံးအကြိမ် လူသစ်များပါဝင်နိုင်ရန် အဘယ်အရာပြုလုပ်ပေးသင့်ကြောင်း ရှင်းပြပါ။ (မတ် ၁၉၉၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၁ ရှု။)
သီချင်း ၁၅၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၇ တွင် စမည့်အပတ်
၁၃ မိ– ဒေသကြေညာချက်များ။ သတိရအောက်မေ့ပွဲ၏ အားရှိစရာထူးခြားချက်များကိုတင်ပြပြီး တက်ရောက်ခဲ့သောလူသစ်များအား ထပ်ဆင့်ကူညီပေးနိုင်သည့်နည်းလမ်းများကို ပြန်သုံးသပ်ပါ။ ဧပြီ ၂၃ ရက်နေ့အထူးဟောပြောချက်ကို အားလုံးတက်ရောက်ကြရန်နှင့် စိတ်ဝင်စားသူလူသစ်များကိုလည်း ပြန်လာစေဖို့အကူအညီပေးရန် အားပေး။
၁၅ မိ– “အကူအညီလိုနေကြောင်း သင်တွေ့ရှိသလော။” မေးဖြေရန်။ အကြီးအကဲများ သိုးထိန်းခြင်းလုပ်ငန်းတွင် လက်ရှိကြိုးစားနေသောပန်းတိုင်များကို အကျဉ်းချုပ်ဖော်ပြပါ။ တစ်ဦးစီအနေနှင့် မည်သို့ကူညီပေးနိုင်ကြောင်း ရှင်းပြပါ။
၁၇ မိ– “သင်ကြားခံလိုသူများကို ရှာဖွေပါ။” ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏အရေးကြီးမှုကို ဆွေးနွေး။ သမ္မာကျမ်းစာအသုံးပြုခြင်းကို အားပေး။ လိုရင်းတိုရှင်းတင်ဆက်ပုံ တစ်ခုနှစ်ခု သရုပ်ပြပါ။
သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၄ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ရပ်ကွက်တိုင်း နိုင်ငံတော်သတင်းဝေငှခြင်း မည်မျှပြီးနေကြောင်း စစ်ဆေးသုံးသပ်။ နိုင်ငံတော်သတင်းဝေငှခြင်းဖြင့် ရရှိသောတွေ့ကြုံမှုများကို ကြေညာသူများအား တင်ပြစေပါ။ ဒေသခံရပ်ကွက်တွင် သင့်တော်မည့်မဂ္ဂဇင်းတင်ဆက်ပုံများကို တင်ပြပါ။ နေ့တာရှည်လာရာ ညနေပိုင်းသက်သေခံထွက်ခြင်း၌ အသင်းတော်အနေနှင့်ပါဝင်ရန် အစီအစဉ်များကို ကြေညာပါ။
၁၂ မိ– မေးခွန်းသေတ္တာ။ မေးဖြေရန်။
၁၈ မိ– သင့်မိသားစုသင်အံမှုကို မှန်မှန်ကျင်းပပါ။ သားသမီးများသည် ဝိညာရေးဘက်တိုးတက်မှုမရှိသည့်အတွက် လင်နှင့်မယား စိုးရိမ်ကြ။ လင်ယောက်ျားက မိသားစုသင်အံမှုပြုလုပ်ရန် မိမိပေါ့ဆခဲ့ကြောင်းဝန်ခံ; တစ်ခါတစ်ရံ မိသားစုသွန်သင်မှုလုံးဝမရှိဘဲ အပတ်အတော်များများကုန်လွန်ခဲ့။ ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၃၉-၄၀၊ အပိုဒ် ၁၂-၁၄ ပါဆုံးမသြဝါဒနှင့် လမ်းပြညွှန်ကြားမှုကို ပြန်သုံးသပ်ကြ။ အခြားလုပ်ငန်းများကို အနှောင့်အယှက်မဖြစ်စေဘဲ မိသားစုသင်အံမှုကို ပတ်စဉ်ပြုလုပ်ရန် ဦးစားထားမည်အကြောင်း နှစ်ဦးစလုံးသဘောတူ။
သီချင်း ၁၄၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။