ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၅ စာ. ၆
  • အကူအညီလိုနေကြောင်း သင်တွေ့ရှိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကူအညီလိုနေကြောင်း သင်တွေ့ရှိသလော
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • “အချင်းချင်း အားကြီးသော ချစ်ခြင်းမေတ္တာ ရှိကြလော့”
    စစ်မှန်၍ တစ်ဆူတည်းဖြစ်သော ဘုရားသခင်ကို ကိုးကွယ်လော့
  • ဒီစနစ်ဟောင်းရဲ့အဆုံးကို အတူရင်ဆိုင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အသင့်ရရှိနိုင်သောအကူအညီ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • မေတ္တာ တိုးသည်ထက် တိုးစေပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၄/၉၅ စာ. ၆

အကူအညီလိုနေကြောင်း သင်တွေ့ရှိသလော

၁ ယေဟောဝါအား ကူမတော်မူရှင်နှင့်ခိုလှုံရာဟူ၍ဖော်ပြထားသည်။ အကူအညီလိုသည့်အခါ ကိုယ်တော့်ထံချဉ်းကပ်လျှင် ကူမတော်မူမည်ကို ကျွန်ုပ်တို့သိပါသည်။ (ဆာ. ၁၈:၂; ၄၆:၁) အကူအညီလိုအပ်နေကြောင်း တွေ့ရှိသည့်အခါ ကူညီပေးခြင်းအားဖြင့် ဤကိုယ်ချင်းစာနာမှုအရည်အချင်းကို ကျွန်ုပ်တို့အတုယူတင်ပြနိုင်ပါသည်။

၂ တစ်ဦးတစ်ယောက်ကို တကူးတကအကူအညီပေးရန် တိုက်တွန်းပေးသည့်အရာကား အဘယ်နည်း။ ယင်းသို့ပြုခြင်းကို လူအများက ချစ်ခင်ကြင်နာသနားညှာတာမှုအဖြစ် အသိအမှတ်ပြုကြသည်။ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကလည်း ထိုသို့ ပြုမူရန် အမှန်ပင်တိုက်တွန်းထားသည်။ (ရော. ၁၅:၁) ‘ကိုယ်အမှုအရာကိုသာမရှုမမှတ်ဘဲ သူ့အမှုအရာကိုရှုမှတ်’ ရန်ပေါလုက ကျွန်ုပ်တို့ကိုတိုက်တွန်းထားသည်။—ဖိ. ၂:၄။

၃ ယင်းကိုပြုလုပ်ရာတွင် ကျွန်ုပ်တို့အားလုံးရွှင်လန်းနိုင်သည်။ (တ. ၂၀:၃၅) ညီအစ်ကိုများ၏ “အကျိုးကိုကြည့်ရှုချင်သောစေတနာစိတ်ရှိ” သူအဖြစ် လူငယ်တိမောသေအား ပေါလုရွေးထုတ်၍ ဖော်ပြခဲ့သည်။ (ဖိ. ၂:၂၀) ယနေ့ အသင်းတော်များတွင် ထပ်တူစိတ်ထားမျိုးရှိသူလူငယ်များစွာရှိသည်။ သို့သော် ကျွန်ုပ်တို့သည် လူကြီးဖြစ်စေ လူငယ်သည်ဖြစ်စေ အကူအညီလိုနေကြောင်း တွေ့ မြင်လျှင် ကူညီပေးနိုင်သည့်အရာများစွာရှိသည်။

၄ အချို့သူများကို ပိုဂရုစိုက်ပြီးအကူအညီပေးဖို့လိုသည်ဟူ၍ သင်ယူမှတ်ဖူးသလော။ ညီအစ်ကိုညီအစ်မတစ်ယောက်သည် ဆေးရုံတက်နေရာ သူ့ထံသွားရောက်ကြည့်ရှုသူနည်းနေသည်ဆိုပါစို့; သို့မဟုတ် တစ်ဦးတစ်ယောက်သည် မကျန်းမမာဖြစ်နေ၍ သူ့အတွက် တောက်တိုမည်ရပြုလုပ်ပေးမည့်သူမရှိ၊ သို့မဟုတ် အိမ်မှုကိစ္စတွင် အကူအညီပေးမည့်သူမရှိ ဖြစ်နေသည်ဆိုပါစို့။ တစ်ဦးကိုတစ်ဦး အမှန်ဂရုစိုက်သော မိသားစုတစ်စုကဲ့သို့ ယေဟောဝါအားဝတ်ပြုသူတို့ကို ယေရှု ရှုမှတ်တော်မူသည်။ (မာ. ၃:၃၃-၃၅) ဘုရင့်ညီတော်များကို အကူအညီပေးသောကြောင့် ဘုရင့်လက်ယာဘက်၌ မျက်နှာသာခံစားရသည်ဟု သိုးနှင့်ဆိတ်ပုံဥပမာတွင် ကိုယ်တော်ဖော်ပြထားသည်။—မ. ၂၅:၄၀။

၅ အကျွန်ုပ်မည်သို့ကူညီပေးနိုင်သနည်း။ အကူအညီလိုအပ်နေကြောင်းထင်ရှားလျှင် မည်သို့ကူညီပေးနိုင်မည်နည်း။ တစ်နည်းနည်းဖြင့် ကျွန်ုပ်တို့ဘက်မှစတင်၍ကူညီပေးနိုင်မည်လော။ အားပေးမှုလိုအပ်နေသော်လည်း ခင်မင်ရင်းနှီးသောအပေါင်းအသင်းများမရှိသည့် အသက်ကြီးသူများရှိကောင်းရှိမည်။ အကူအညီလိုသော လူငယ်များလည်းရှိပေမည်။ ကလေးများနှင့်အတူ စိတ်ဝင်စားခါစအိမ်ထောင်တစ်ခုသည် သူတို့နှင့်ကျမ်းစာလေ့လာသောကြေညာသူမရှိသည့်အခါတွင် နိုင်ငံတော်ခန်းမ၌ စည်းဝေးလာတက်ကြပေမည်။ တစ်ဦးတစ်ယောက်က သူတို့၏ကလေးများကို အကူအညီပေးမည်ဆိုလျှင် သူတို့တကယ်ကျေးဇူးတင်ပါလိမ့်မည်။

၆ သမ္မာတရားကိုလည်းကောင်း၊ ယေဟောဝါ၏အဖွဲ့အစည်းကိုလည်းကောင်း ချစ်မြတ်နိုးမှုတိုးပွားလာလေ အသင်းတော်ရှိသူများအတွက်လည်း စိုးရိမ်စိတ်နှင့် တန်ဖိုးထားလေးမြတ်သောသဘော တိုးများလာလေဖြစ်သည်။ ဤအမှုတွင် ကျယ်ဝန်းရမည်ဟု ကျွန်ုပ်တို့အားပေါလုတိုက်တွန်းထားသည်။ (၂ ကော. ၆:၁၁-၁၃) တစ်ဦးကိုတစ်ဦး မေတ္တာပြခြင်းသည် ကိုယ်တော်၏တပည့်ဖြစ်ကြောင်း သက်သေထူသည့် အဓိကနည်းဖြစ်သည်ဟု ယေရှုအလေးအနက်ဖော်ပြပါသည်။—ယော. ၁၃:၃၅။

၇ ထိုကြောင့်အကူအညီလိုနေကြောင်းကို တွေ့ရှိသည့်အခါ ညီအစ်ကိုများနှင့် အသင်းတော်အပေါ် စစ်မှန်သောမေတ္တာထားရှိခြင်းက ကျွန်ုပ်တို့အား ကိုယ့်ဘက်မှစတင်၍ တတ်နိုင်သ၍အကူအညီပေးရန် လှုံ့ဆော်သင့်သည်။ (ဂလ. ၆:၉၊ ၁၀) ဤကဲ့သို့ သူတစ်ပါးအကျိုးကိုရှာတတ်သောသဘောက ကျွန်ုပ်တို့အား ချစ်ခြင်းမေတ္တာနှင့် စည်းလုံးမှုနှောင်ကြိုး၌ပေါင်းစည်းစေသည်။ (၁ ကော. ၁၀:၂၄) ဤနည်းအားဖြင့် အသင်းတော်တွင်အကူအညီလိုသောဘက်မှ ကျွန်ုပ်တို့ဝင်ရောက်ကူညီပေးကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ