ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၄/၉၅ စာ. ၆
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၄/၉၅ စာ. ၆

ကြေညာချက်များ

◼ ဧပြီနှင့်မေအတွင်းအသုံးပြုရန်စာပေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ။ မကြာခဏ အမှုဆောင်ထွက်ထားသည့်ရပ်ကွက်များတွင် (ကျောင်း ဘရိုရှာမှအပ) မည်သည့်ဘရိုရှာကိုမဆိုအသုံးပြုနိုင်သည်။ ပြန်လည်ပတ်မှုသွားချိန်တွင် စိတ်ဝင်စားမှုရှိကြောင်းတွေ့ရှိပါက နှစ်စဉ်ကြေးများယူရန် အားပေးနိုင်သည်။ ဇွန်– မည်သည့် ၁၉၂ မျက်နှာစာအုပ်ကိုမဆို။ ဇူလိုင်နှင့်သြဂုတ်– အောက်ပါ ၃၂- မျက်နှာရှိ မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော၊ ကမ္ဘာသားဘဝ ထာဝရစံစားကြ!၊ “ကြည့်ရှုလော့ ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” သုံးပါးတစ်ဆူကို အသင်ယုံကြည်သင့်သလော [လိပ်]၊ ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်၊ ပရဒိသုဖြစ်ပေါ်စေမည့် ဘုရားသခင့်အစိုးရ၊ ဘဝရည်ရွယ်ချက်ကား အဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း၊ သင်ချစ်မြတ်နိုးရသူတစ်ဦးသေဆုံးသည့်အခါ [လိပ်]။ သတိပြုရန်– ဝေငှကြရမည့် အထက်ပါစာပေများကို မမှာယူရသေးသောအသင်းတော်များသည် နောက်လစာအုပ်စာတမ်းတောင်းခံလွှာပုံစံ (အက်စ်-၁၄) တွင်မှာယူသင့်သည်။

◼ ယခင်ကကြေညာထားသည့်အတိုင်း ဧပြီ ၂၃ ရက်၊ တနင်္ဂနွေနေ့တွင် အသင်းတော်အစည်းအဝေးများနှင့် ထိုနေ့ရက်တွင်ကျင်းပမည့် တိုက်နယ်စည်းဝေးများ၊ အထူးစည်းဝေးပွဲနေ့များ၌ အထူးနိုင်ငံတော်သတင်းကို ထုတ်မည်။ နိုင်ငံတော်သတင်းထွက်လာသည်နှင့် ယင်းကိုချက်ချင်းဝေငှနိုင်ပါသည်။ ဤကြေညာချက်သည် စည်းဝေးပွဲများ၊ တိုက်နယ်ကြီးကြပ်မှူးလည်ပတ်ချိန်၊ သို့မဟုတ် အခြားလုပ်ငန်းတို့ကြောင့် စည်းဝေးပွဲအစီအစဉ်ကို ပြုပြင်ရန်လိုသောအသင်းတော်များပါအပါအဝင် အသင်းတော်အားလုံးနှင့်သက်ဆိုင်သည်။ ဧပြီ ၂၃ ရက်နေ့နောက်ပိုင်းမှ အထူးဟောပြောချက်ပေးရန် စီစဉ်ထားသောအသင်းတော်များသည် ဧပြီ ၂၄ ရက်နေ့တွင် နိုင်ငံတော်သတင်းကိုထုတ်ပြီး စတင်ဝေငှနိုင်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ