ကြေညာချက်များ
▪ ဖေဖော်ဝါရီအတွင်းအသုံးပြုရန်စာပေ– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း၊ သို့မဟုတ် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! (လိပ်)။ မတ်– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း။ ဧပြီနှင့်မေ– ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများ တစ်စောင်ချင်းစီ။ ထပ်ခါတလဲ အမှုဆောင်သော ရပ်ကွက်များတွင် (ပညာရေးနှင့် ကျောင်းဘရိုရှာများမှအပ) မည်သည့်ဘရိုရှာကိုမဆို အသုံးပြုနိုင်သည်။ ပြန်လည်ပတ်မှုများတွင် စိတ်ဝင်စားသူတွေ့ရှိပါက နှစ်စဉ်ကြေးများ ကမ်းလှမ်းနိုင်သည်။
▪ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်အားလုံး၏ လုပ်ငန်းကို ပြန်စစ်ဆေး ကြပ်မတ်ပေးသင့်သည်။ တစ်ဦးတစ်ယောက်သည် နာရီလိုအပ်ချက်ကို ပြည့်မီရန် အခက်အခဲတွေ့နေပါက အကူအညီပေးရန် အကြီးအကဲများစီစဉ်သင့်သည်။ ၁၉၈၆ ဩဂုတ်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်ပါ အပိုဒ် ၁၂-၂၀ [လိပ်] ရှိအချက်များကို ပြန်သုံးသပ်ပါ။
▪ သတိရအောက်မေ့ပွဲကို ၁၉၉၆၊ ဧပြီ ၂၊ အင်္ဂါနေ့တွင်ကျင်းပမည်။ ဟောပြောချက်ကို စောစောစတင်နိုင်သော်လည်း အောက်မေ့ရာ မုန့်နှင့်စပျစ်ရည်ကိုမူ နေဝင်ပြီးနောက်ပိုင်းတွင်သာ စတင်၍ လက်ဆင့်ကမ်းပေးရမည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။ သင့်အရပ်ဒေသ၌ အဘယ်အချိန်နေဝင်သည်ကို ဒေသခံတို့ထံတွင် စုံစမ်းကြည့်ပါ။ ထိုနေ့ရက်တွင် လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးခြင်းမှအပ အဘယ်အစည်းအဝေးကိုမျှ ပြုလုပ်မည်မဟုတ်ပါ။ သင့်အသင်းတော်အစည်းအဝေးကို အင်္ဂါနေ့တွင် ပုံမှန်လုပ်လေ့ရှိပါက နိုင်ငံတော်ခန်းမ အားမည်ဆိုလျှင် ရက်သတ္တပတ်အတွင်း အခြားရက်တစ်ရက်သို့ ပြောင်းရွှေ့လိုပေမည်။
▪ မတ်၊ ဧပြီနှင့် မေလများတွင် အရန်ရှေ့ဆောင်လိုသော ကြေညာသူများသည် ယခုပင်စီစဉ်ပြီး လျှောက်လွှာများကို ကြိုတင်တင်ထားသင့်သည်။ ဤသို့အားဖြင့် အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ပြီး မဂ္ဂဇင်းနှင့် အခြားစာအုပ်စာတမ်းများ အလုံအလောက်ရှိရန် စီစဉ်ပေးနိုင်ပေမည်။
▪ ၁၉၉၆၊ မေ ၁၁၊ စနေနေ့တွင် အသင်းမအဆောက်အဦများကို မိုးဦးရာသီသန့်ရှင်းရေးအတွက် ပိတ်ထားပါမည်။ ယင်းကြောင့် ထိုနေ့ရက်တွင် အသင်းတော်များမှ အလည်အပတ်လာခြင်း၊ စာအုပ်စာတမ်းများ လာထုတ်ယူခြင်း အစီအစဉ်များမရှိပါ။