ဖေဖော်ဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဖေဖော်ဝါရီ ၅ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသော ကြေညာချက်များ။ သီအိုကရက်တစ်သတင်းများ။ ဖေဖော်ဝါရီ ၁၂ အတွက် အထူးလယ်ကွင်းလုပ်ငန်း အစီအစဉ်များကို ကြေညာ။
၁၅ မိ– “ယေရှုကိုတုပကာ သမ္မာတရားကို နေ့စဉ်ကြွေးကြော်ခြင်း။” မေးဖြေရန်။ အပိုဒ် ၅ ဖတ်ရန်။
၂၀ မိ– “စစ်မှန်သောပျော်ရွှင်မှုအတွက် သော့ချက်။” အကြံပြုထားသော တင်ဆက်ပုံများကို ဆွေးနွေး။ သရုပ်ပြခန်း တစ်ခုနှစ်ခုတင်ပြပါ။ ကမ္ဘာချီလုပ်ငန်းအတွက် မည်သို့လှူဒါန်းနိုင်ကြောင်း ရှင်းပြရန် ကြေညာသူများကို သတိပေး။
သီချင်း ၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၂ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၃ မိ– “ဧပြီလတွင် မဂ္ဂဇင်းလုပ်ငန်းအတွက် ပြင်ဆင်။” သတင်းကောင်းကြေညာရာတွင် ကင်းမျှော်စင် နှင့် နိုးလော့! ၏တန်ဖိုးကို ပေါ်လွင်စေပါ။ အပိုဒ်နှစ်ပိုဒ်ရှိဆောင်းပါးကို ဖတ်ပြပါ။ ဧပြီလကို မဂ္ဂဇင်းဝေငှသည့် အထူးလဖြစ်စေဖို့ ဒေသခံအသင်းတော်အနေနှင့် မည်သို့ပြုလုပ်မည့်အကြောင်း အကြမ်းဖျင်းဖော်ပြပါ။
၂၂ မိ– “နားထောင်ချင်စိတ်ရှိရန် မည်သို့ ပြုလုပ်နိုင်မည်နည်း။” မေးဖြေရန်။ အိမ်ပေါက်ဝတွင် ပိုမိုခင်မင်ရင်းနှီးစွာ စကားပြောဆိုရန် မည်သို့ ကြိုးစားမည့်အကြောင်း ကြေညာသူနှစ်ဦး ဆွေးနွေး။ ကျောင်းညွှန်းစာအုပ် စာမျက်နှာ ၁၅၅-၇၊ အပိုဒ် ၁၀-၂၁ ပါအကြံပြုချက်အချို့ကို အသုံးပြုပါ။
သီချင်း ၁၃၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၉ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– “၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးခံစား—အပိုင်း ၂။” ကျောင်းကြီးကြပ်မှူး ဟောရန်။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို နေ့စဉ်ဖတ်ရှုရန် အရေးကြီးကြောင်း အလေးအနက်ဖော်ပြ။
၂၀ မိ– “သူတို့နားလည်ရန် ကူညီပေးလော့။” ပြန်လည်ပတ်မှုများပြုလုပ်ရန် အကြံပြုထားသည့် တင်ဆက်ပုံများကို ပြန်သုံးသပ်။ အကြီးအကဲသည် ကြေညာသူနှစ်ဦး၊ သုံးဦးနှင့် မိသားစုဘဝစာအုပ်ပါ ထူးခြားချက်များကို ဆွေးနွေးပြီး ယင်းတို့ကို မည်သို့ပေါ်လွင်စေနိုင်ကြောင်း တင်ပြ။ တင်ဆက်ပုံတစ်ခုနှစ်ခု သရုပ်ပြပါ။ ထာဝစဉ်အသက်ရှင် စာအုပ်ဖြင့် ကျမ်းစာသင်အံမှုစတင်နိုင်သည့်အထိ စိတ်ဝင်စားမှုကို မည်သို့တိုးပွားစေနိုင်ကြောင်း အကြံပြုပါ။
သီချင်း ၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– နှစ်ခြိုက်ဖွယ်ကောင်းသော တင်ဆက်ပုံများကို ပြင်ဆင်ခြင်း။ လုပ်ငန်းတော်ကြီးကြပ်မှူး သို့မဟုတ် အခြားအကြီးအကဲတစ်ဦးသည် ကြေညာသူ နှစ်ဦးသုံးဦးနှင့် ဒေသခံတို့နှစ်ခြိုက်ဖွယ်သော တစ်အိမ်မှတစ်အိမ် တင်ဆက်ပုံများ၏အကျိုးကို ဆွေးနွေး။ ဥပမာ၊ ဒေသခံသတင်းစာတွင် လူနေမှုစံနှုန်း မြှင့်တင်ရန် လောလောဆယ်ပြုလုပ်နေသော ကြိုးစားမှုများ; အိမ်ထောင်ရေးပြဿနာများတိုးပွားနေခြင်း၊ ကလေးမိုက်များ; သို့မဟုတ် အလုပ်လက်မဲ့ဖြစ်ခြင်းတို့ ပို၍တိုးများနေခြင်းအကြောင်း; သို့မဟုတ် နိုင်ငံရေးသမားများနှင့် ဓမ္မဆရာများ အဆိုပြုသည့် ဖြေရှင်းနည်းများကို လူတို့ အဘယ်ကြောင့်အယုံအကြည်နည်းနေရခြင်းအကြောင်း စသည်တို့ဖြစ်သည်။ သင့်အရပ်ဒေသတွင် ဖြစ်ပျက်နေသော လောလောလတ်လတ်သတင်းတစ်ခုအကြောင်းနှင့် ယင်းတို့ကိုအသုံးပြုကာ မည်သို့အပြန်အလှန်စကားပြောဆိုမှုကို စတင်နိုင်ကြောင်း တင်ပြပါ။
၂၀ မိ– မတ်လအတွင်း မိသားစုဘဝ စာအုပ်ကိုဝေငှခြင်း။ အပြန်အလှန်စကားပြောဆိုမှု စတင်နိုင်ရန်အတွက် စာအုပ်၏ စိတ်ဝင်စားဖွယ်အချက်အလက်အချို့ကို ညွှန်ပြပါ။ (၁) အပိုဒ်တစ်ခုစီရှိ မေးခွန်းများနှင့် ယင်းတို့ကို တင်ဆက်ပုံတွင် မည်သို့အသုံးပြုနိုင်ကြောင်း ရှင်းပြပါ။ အဖြေကိုသိလိုမည်လောဟု အိမ်ရှင်အားမေးမြန်းနိုင်ပါသည်။ (၂) စစ်မှန်သောငြိမ်သက်မှုနှင့် ပျော်ရွှင်မှုကို မိသားစုများ ရှာတွေ့နိုင်ရန် အထူးရည်ရွယ်ပြီး ပုံနှိပ်ထားခြင်းဖြစ်ကြောင်း အလေးအနက်ဖော်ပြပါ။ အခန်းများတိုပြီး နားလည်ရလွယ်ကူလျက် တန်ခိုးပါသောကျမ်းချက်များကို ကိုးကားထားသည်။ အဓိကအချက်များကိုအာရုံပြုသည့် စဉ်းစားစေသောမေးခွန်းများပါဝင်။ သင်အံမှုများ စတင်ရန်ရည်ရွယ်ချက်ဖြင့် စာအုပ်ကို ဝေငှကြရန် အားလုံးကိုတိုက်တွန်းပါ။
သီချင်း ၁၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။