ဘရိုရှာများဖြင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်း
၁ သမ္မာတရားကိုသိနားလည်ပြီး သတင်းကောင်းကို ဇွဲရှိရှိကြေညာနေသူများအဝင်ဖြစ်ရခြင်းသည် မည်မျှရွှင်လန်းဖွယ်ပါတကား! ဘုရားသခင့်အဖွဲ့အစည်းအပြင်ရှိလူများသည် နိုင်ငံတော်သတင်းကောင်းကြားရန် အရေးတကြီးလိုအပ်နေသည်။ ကမ္ဘာသားဘဝထာဝရစံစားကြ!၊ “ကြည့်ရှုလော့! ငါသည်ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်၊” ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ ဘရိုရှာများတွင် နိုင်ငံတော်နှင့်ပတ်သက်သည့်သမ္မာတရားကို ရိုးရိုးကလေးရှင်းပြထားပါသည်။ ၎င်းတို့သည် ဘုရားသခင့်နိုင်ငံတော်အောက်ကမ္ဘာသားဘဝကို ကွင်းကွင်းကွက်ကွက်မြင်အောင်သရုပ်ဖော်ထားပြီး ဖတ်ရှုသူအား ဘုရားသခင့်နှုတ်ကပါဌ်တော်တွင်ရှင်းပြထားသည့် နိုင်ငံတော်နှင့်ပတ်သက်သည့် အမှန်တရားများကို ညွှန်ပြပေးသည်။ မှန်ပါသည်၊ စိတ်ဝင်စားသူများအား ဘရိုရှာဝေငှခြင်းသည် ကျွန်ုပ်တို့၏လုပ်ငန်းကို စတင်လိုက်ခြင်းပင်ဖြစ်သည်။ (၁ ကော. ၉:၂၃) ထာဝရအသက်ရစေသောအသိပညာ စာအုပ်နှင့်သင်အံမှုကမ်းလှမ်းရန်ရည်ရွယ်ချက်ဖြင့် ဝေငှထားရာအားလုံးထံသို့ချက်ချင်းပြန်သွားကြစို့။ ဤသြဂုတ်လအတွင်း ကျွန်ုပ်တို့ မည်သို့ပြီးမြောက်အောင်မြင်နိုင်သနည်း။
၂ “ကမ္ဘာသားဘဝထာဝရစံစားကြ!” ဘရိုရှာကို အလွန်တိုတုတ်သည့်တင်ဆက်ပုံဖြင့်ဝေငှမည်။ မျက်နှာဖုံးကိုပြစဉ်၊ သင်ဤသို့ပြောနိုင်သည်–
▪ “အထူးကောင်းမွန်တဲ့သတင်းတစ်ခုပါတဲ့ အကြောင်းအရာတချို့ ခင်ဗျားကိုပြချင်ပါတယ်” ကမ္ဘာသားဘဝ ဘရိုရှာကိုဖွင့်ပြီးနိဒါန်း၏ပထမစာပိုဒ်ကိုဖတ်ပါ။ ထို့နောက်ဆက်၍– “ဒီမေးခွန်းကိုလည်းဖြေကြည့်ပါ [ရုပ်ပုံနံပါတ် ၈ အပေါ်ရှိခေါင်းစဉ်သို့ပြန်ဖွင့်]– ‘လူဘာကြောင့်သေရတာလဲ။’ ဒီဘရိုရှာထဲမှာပါတဲ့ရုပ်ပုံတွေကိုလေ့လာဖို့နဲ့ ကျမ်းချက်တွေကိုဖတ်ကြည့်ဖို့ ခင်ဗျားစိတ်ဝင်စားပါလိမ့်မယ်။ ခင်ဗျားအလိုရှိမယ်ဆိုရင် ဒီစာအုပ်ကိုယူထားနိုင်ပါတယ်။” ဘရိုရှာကိုလက်ခံပါက ဤသို့ထပ်ပြောပါ– “ဒီစာအုပ်ဟာ အလှူငွေအနည်းငယ်နဲ့ထောက်ပံ့ထားတဲ့ ကမ္ဘာချီစေတနာ့ဝန်ထမ်းလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ခင်ဗျားလှူဒါန်းဖို့ဆန္ဒရှိမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာစွာနဲ့လက်ခံပါ့မယ်။”
၃ “ကမ္ဘာသားဘဝ” ဘရိုရှာဝေငှထားရာသို့ပြန်သွားသောအခါ သင်မည်သို့ပြောမည်နည်း။ ဤချဉ်းကပ်နည်းကိုသင်စမ်းကြည့်နိုင်သည်–
▪ ကမ္ဘာသားဘဝ ဘရိုရှာမှရုပ်ပုံနံပါတ် ၄၉ ကိုပြပြီးမေးပါ၊ “ဒီရုပ်ပုံဟာလှတယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီရုပ်ပုံဟာ အရင်တစ်ခါအလည်လာတုန်းက ကျွန်တော်ထားခဲ့တဲ့ဘရိုရှာထဲမှာရှိပါတယ်။ နောက်စာမျက်နှာမှာပါတဲ့ မေးခွန်းကိုကျွန်တော်မေးချင်ပါတယ်။” ရုပ်ပုံနံပါတ် ၅၀ သို့ဖွင့်ပြီးမေးခွန်းကိုဖတ်ပါ– “‘ထိုလှပသောပရဒိသုတွင် သင်ထာစဉ်အသက်ရှင်လိုသလော။’ [တုံ့ပြန်မှုကိုစောင့်ပါ။] အဲ့ဒီလိုအသက်ရှင်ချင်တယ်ဆိုရင် ခင်ဗျားလုပ်သင့်တဲ့အရာနဲ့ပတ်သက်ပြီး ဘာပြောထားတယ်ဆိုတာသတိပြုပါ– ‘ဘုရားသခင်မိန့်တော်မူရာများကို ပို၍သင်ယူပါ။’ [ယောဟန် ၁၇:၃ ဖတ်။] ငွေကြေးကုန်ကျစရာမလိုဘဲ ခင်ဗျားနဲ့အတူကျမ်းစာလေ့လာရမယ်ဆိုရင် ကျွန်တော်ပျော်ပါလိမ့်မယ်။ ခင်ဗျားသဘောတူမလား။” နောက်ပြန်လာဖို့သေသေချာချာချိန်းဆိုပါ။
၄ “ကြည့်ရှုလော့! ငါသည်ခပ်သိမ်းသောအရာတို့ကိုအသစ်ဖန်ဆင်းသည်” ဘရိုရှာကိုဝေငှသောအခါ မျက်နှာဖုံးရုပ်ပုံတစ်ခုလုံးကိုပြခြင်းဖြင့်အစပြုကာပြောနိုင်သည်–
▪ “ဒီမှာတွေ့ရတဲ့အတိုင်းမြေကြီးတစ်ခုလုံးဖြစ်လာလိမ့်မယ်လို့ ခင်ဗျားထင်သလား။” တုံ့ပြန်မှုကိုစောင့်ပါ။ စာမျက်နှာ ၃ နှင့်ဆက်စပ်ပြီးရုပ်ပုံ၏ ထူးခြားချက်အချို့ကိုရှင်းပြပါ။ ပြီးနောက်ဤသို့ပြောပါ– “လူအများစုက ဒီလိုကမ္ဘာမျိုးမဖြစ်လာနိုင်ဘူးလို့ လက်ခံထားကြတယ်။ ဒါပေမဲ့ဘုရားသခင်အတွက် အကောင်အထည်ဖော်ပေးဖို့မဖြစ်နိုင်တာမရှိပါဘူး။ [အပိုဒ် ၄၃ ကိုညွှန်ပြ; ပြီးနောက် ဟေရှာယ ၉:၆၊ ၇ ကိုဖတ်။] အံ့မခန်းဖွယ်ပရဒိသုမှာ လူမျိုးအားလုံးကလူတွေကို ပျော်ရွှင်မှုခံစားရစေမယ့် ကမ္ဘာသစ်တစ်ခု ပြုလုပ်ပေးဖို့ဘုရားသခင်ကတိရှိခဲ့ပါတယ်။ ခင်ဗျားကို ဒီဘရိုရှာဖတ်စေချင်ပါတယ်။ ဒီစာအုပ်က ခင်ဗျားနဲ့ခင်ဗျားမိသားစု ဘုရားသခင်ပြုလုပ်ပေးမယ့် အံ့သြဖွယ်ကောင်းတဲ့အနာဂတ်မှာ ဘယ်လိုမွေ့လျော်ခံစားနိုင်ပုံကိုပြသပေးပါလိမ့်မယ်။”
၅ ပြန်လည်ပတ်မှုတွင် ကျမ်းစာကိုအဘယ်ကြောင့်ပို၍လေ့လာဖို့လိုကြောင်းရှင်းပြရန် “ကြည့်ရှုလော့!” ဘရိုရှာကိုအသုံးပြုနိုင်သည်။ နောက်တစ်ဖန် မျက်နှာဖုံးကိုပြလိုကပြနိုင်ပြီးပြောပါ–
▪ “ဒီရုပ်ပုံကိုပထမအကြိမ်ပြခဲ့တုန်းက၊ ဒီလိုအံ့မခန်းဖွယ်ကမ္ဘာမှာ နေချင်ကြတယ်လို့ သဘောတူခဲ့ကြတယ်။ အဲ့ဒီလိုဖြစ်နိုင်ဖို့ ကျွန်တော်တို့အားလုံးလုပ်ဖို့ လိုအပ်တဲ့အရာရှိပါတယ်။” “ကြည့်ရှုလော့!” ဘရိုရှာအပိုဒ် ၅၂ သို့ဖွင့်; အပိုဒ်နှင့်ယောဟန် ၁၇:၃ ကိုဖတ်ပါ။ တော်သင့်သည့်ကျမ်းစာပညာရေးနှင့်ပတ်သက်ပြီးအပိုဒ် ၅၃ တွင်ပုံဖော်ထားသည့် အကြောင်းအရာကို ဆက်စပ်ပြောပြကာ ထိုကဲ့သို့သင်ကြားပို့ချမှုကိုအိမ်တွင် ယေဟောဝါသက်သေများ အခမဲ့ပြုလုပ်ပေးနေကြောင်းရှင်းပြပါ။ အသိပညာ စာအုပ်ကိုအသုံးပြုပြီး ကျမ်းစာလေ့လာနည်းကို သရုပ်ပြဖို့ကမ်းလှမ်းပါ။
၆ “ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ” ဘရိုရှာကိုဝေငှသောအခါ ဤသို့စမ်းပြောကြည့်နိုင်သည်–
▪ “ယနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ပြဿနာတွေကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့အစိုးရအောက်မှာနေချင်တယ်လို့ လူတွေပြောကြတာကိုကြားဖူးပါတယ်။ [အလုပ်လက်မဲ့ဖြစ်ခြင်း၊ ရာဇဝတ်မှုတိုးများလာခြင်း သို့မဟုတ် မူးယစ်ဆေးဝါးအလွဲသုံးခြင်းကဲ့သို့ ဒေသန္တရပြဿနာများကိုဖော်ပြပါ။] ဒီအရာတွေက ကျွန်တော်တို့ကိုယ်တိုင်နဲ့ ကျွန်တော်တို့ချစ်ရတဲ့သူများရဲ့အနာဂတ်အတွက် အလွန်ပဲစိုးရိမ်စရာဖြစ်စေပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းပေးမယ့် အစိုးရတစ်ခုအစဉ်တည်ရှိမယ်လို့ခင်ဗျားထင်ပါသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သခင့်ပတ္ထနာကို ခင်ဗျားဆုတောင်းဖူးပါလိမ့်မယ်။ ဆုတောင်းဖူးမယ်ဆိုရင် ခင်ဗျားအမှန်တကယ်တောင်းနေတဲ့ ဖြောင့်မတ်တဲ့အစိုးရကို ခင်ဗျားသိပါသလား။” အစိုးရ ဘရိုရှာစာမျက်နှာ ၃ ကိုဖွင့်ပြီး ပထမစာပိုဒ်နှစ်ခုကိုဖတ်ပါ။ ဘရိုရှာကိုကမ်းပေးလိုက်ပါ။
၇ “ပရဒိသုကိုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ” ဘရိုရှာကိုထားခဲ့မည်ဆိုလျှင် ပြန်လည်ပတ်မှုသွားသောအခါ ဤသို့ပြောခြင်းဖြင့် ဆွေးနွေးခန်းကိုအစပြုနိုင်သည်–
▪ “ယခင်တစ်ခါက လူသားတွေရဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်ဖြောင့်မတ်တဲ့အစိုးရတစ်ခု လိုအပ်နေတယ်ဆိုတာကို ကျွန်တော်တို့ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်ထားခဲ့တဲ့ဘရိုရှာက ကျွန်တော်တို့ရဲ့တစ်ခုတည်းသောမျှော်လင့်ချက်အဖြစ်ဘုရားသခင့်နိုင်ငံတော်ကိုညွှန်ပြပေးပါတယ်။ အချို့လူတွေက ကျွန်တော်တို့ရဲ့ ဘဝအခြေအနေတွေကိုတိုးတက်အောင် အဲ့ဒီအစိုးရကဘာလုပ်ပေးနိုင်သလဲဆိုတာကို သိချင်ကြပါတယ်။ လူသားခေါင်းဆောင်တွေ မလုပ်နိုင်တဲ့အရာကို ကိုယ်တော်လုပ်နိုင်တယ်ဆိုတာ ယေရှုသက်သေပြခဲ့တဲ့အကြောင်း ကျမ်းစာကဖော်ပြပေးပါတယ်။” အစိုးရ ဘရိုရှာစာမျက်နှာ ၂၉ သို့ဖွင့်ပြီးနောက်ဆုံးစာပိုဒ်လေးခုကိုဖတ်ပါ။ ထို့နောက်ဤသို့ပြောပါ– “အံ့သြဖွယ်ကောင်းတဲ့အနာဂတ်မဟုတ်ပေဘူးလား။ အဲ့ဒါကို ခင်ဗျားတွေ့ မြင်ချင်ပါသလား။” တုံ့ပြန်မှုကိုစောင့်ပါ။ ယောဟန် ၁၇:၃ ကိုဖတ်ပါ။ အိမ်တွင်းကျမ်းစာသင်အံမှုအားဖြင့် ပို၍သိနားလည်ရန်အားပေးပါ။
၈ အခြားဘရိုရှာများကိုသင်အသုံးပြုမည်ဆိုလျှင်၊ အထက်ပါအကြံပြုချက်များကိုနမူနာယူပြီး ကိုယ်ပိုင်တင်ဆက်ပုံကိုပြင်ဆင်နိုင်သည်။ နိုင်ငံတော်သတင်းကောင်းကိုသင်ကြေညာစဉ် ကောင်းစွာပြင်ဆင်၍ယေဟောဝါ၏ကောင်းချီးများကိုရယူပါ။