ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၇ စာ. ၂
  • မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • မတ် ၃ တွင် စမည့်အပတ်
  • မတ် ၁၀ တွင် စမည့်အပတ်
  • မတ် ၁၇ တွင် စမည့်အပတ်
  • မတ် ၂၄ တွင် စမည့်အပတ်
  • မတ် ၃၁ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၃/၉၇ စာ. ၂

မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ

မတ် ၃ တွင် စမည့်အပတ်

သီချင်း ၅၃

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ မတ် ၂၃ ရက်တွင် သတိရအောက်မေ့ပွဲတက်ရောက်ရန် စိတ်ဝင်စားသူများအား စ၍ဖိတ်ခေါ်ကြဖို့ အားလုံးကို တိုက်တွန်းပါ။ သတိရအောက်မေ့ပွဲဖိတ်စာတစ်စောင်ကိုပြပြီး အသင့်ရယူထားကြရန်နှင့် ဤအပတ်တွင် စဖြန့်ဝေရန် အားလုံးကို တိုက်တွန်းပါ။

၁၅ မိ– “သင့်အိမ်ထောင်ကို တည်ဆောက်ပါလေ။” မေးဖြေရန်။ ၁၉၉၅ နှစ်ချုပ်စာအုပ် စာမျက်နှာ ၂၂၈ မှတွေ့ ကြုံမှုများပါဝင်စေပါ။

၂၀ မိ– “တည်မြဲသောအနာဂတ်အတွက် စိတ်ချရဖို့ မိသားစုများအားကူညီပေးခြင်း။” (အပိုဒ် ၁-၅) အပိုဒ် ၁ ကို တိုတုတ်သည့်မှတ်ချက်များပေးပြီး အခန်းခေါင်းစဉ်များ၊ ရောင်စုံရုပ်ပုံများနှင့် ပြန်လည်သုံးသပ်သည့်လေးထောင့်ကွက်များကို အသုံးပြုခြင်းဖြင့် မိသားစုပျော်ရွှင်မှုစာအုပ်အပေါ် စိတ်ဝင်စားမှုကို မည်သို့ပျိုးထောင်ပေးနိုင်ကြောင်း ဆွေးနွေးပါ။ အပိုဒ် ၂-၅ ပါတင်ဆက်ပုံများကို အရည်အချင်းရှိကြေညာသူများအား သရုပ်ပြစေပါ။ ယခင်စိတ်ဝင်စားမှုပြသည့် မိသားစုများကို စာအုပ်ဝေငှရန် အထူးကြိုးစားအားထုတ်ကြဖို့ အားလုံးကို အားပေးပါ။

သီချင်း ၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၁၀ တွင် စမည့်အပတ်

သီချင်း ၅၆

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ကျမ်းစာကိုနေ့စဉ်စေ့စေ့ကြည်ရှုခြင်း တွင်ဖော်ပြထားသည့်အတိုင်း မတ် ၁၈-၂၃ အတွင်း သတိရအောက်မေ့ပွဲအတွက် ကျမ်းစာဖတ်ခြင်းအစီအစဉ်ကို လိုက်နာကြရန် အားလုံးကို သတိပေးပါ။

၂၀ မိ– ‘အသင်ကိုယ်တိုင် ကျေးဇူးတင်ကြောင်းပြပါ။’ မေးဖြေရန်။ ကျမ်းစာသင်သားများ၊ စိတ်ဝင်စားသူများ၊ တလိုတလားရှိသောမိသားစုဝင်များနှင့် သတိရအောက်မေ့ပွဲတက်ရန် အသင်းတော်နှင့်တက်တက်ကြွကြွမပူးပေါင်းတော့သည့် မည်သည့်ညီအစ်ကိုညီအစ်မများကိုမဆို ဖိတ်ခေါ်ရန် အားလုံး စိတ်အားထက်သန်စွာကြိုးစားလုပ်ဆောင်သင့်သည်။ သတိရအောက်မေ့ပွဲဖိတ်စာကိုအသုံးပြုပြီး သတိရအောက်မေ့ပွဲသို့ စိတ်ဝင်စားသူအား ကြေညာသူဖိတ်ခေါ်ပုံကို တိုတုတ်စွာသရုပ်ပြပါ။ ဇူလိုင် ၁ ရက်၊ ၁၉၈၉ ခုနှစ်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၅၊ အပိုဒ် ၁၆-၁၇ ကိုအခြေပြုပြီး ထပ်ဆင့်မှတ်ချက်များပေးပါ။ ဧပြီနှင့် မေလတို့တွင် အရန်ရှေ့ဆောင်လုပ်ရန် လုပ်ဆောင်နိုင်သူအားလုံးကို အားပေးပါ။

၁၅ မိ– “တည်မြဲသောအနာဂတ်အတွက် စိတ်ချရဖို့ မိသားစုများအားကူညီပေးခြင်း။” (အပိုဒ် ၆-၈) အလုပ်ခွင်၊ ကျောင်း၊ ပန်းခြံတွင် သို့မဟုတ် လူထုသယ်ယူပို့ဆောင်ရေးယာဉ်ပေါ် အလွတ်သဘောသက်သေခံခြင်းအပြင် ဆွေမျိုးများထံသွားလည်ပတ်စဉ် မိသားစုပျော်ရွှင်မှုစာအုပ်ကို မည်သို့ဝေငှရမည်ကိုတင်ပြသော အကြံပြုချက်တချို့ပေးပါ။ အပိုဒ် ၆ နှင့် ၇ တွင်ပါသည့်တင်ဆက်ပုံများကို အရည်အချင်းရှိကြေညာသူတစ်ဦးအား သရုပ်ပြစေပါ။ ပြန်လည်ပတ်စဉ်ဆွေးနွေးခြင်းသည် ကျမ်းစာလေ့လာခြင်းက မိသားစုနှောင်ကြိုးကို မည်သို့ခိုင်မြဲစေနိုင်သည်ကို လေးမြတ်ရန် လူတို့အား အကူအညီဖြစ်စေသင့်သည်။ အသိပညာစာအုပ်သို့ပြောင်းပေးရန် သို့မဟုတ် အသိပညာစာအုပ်ဖြင့်ပင် သင်အံမှုစနိုင်ရန်ပန်းတိုင်ဖြင့် သင်အံမှုများကို ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာဖြင့် ကျင်းပရန်ဖြစ်သည်။

သီချင်း ၇၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၁၇ တွင် စမည့်အပတ်

သီချင်း ၆၃

၁၅ မိ– ဒေသကြေညာချက်များ။ “သတိရအောက်မေ့ပွဲသတိပေးချက်များ” ကိုသုံးသပ်ပြီး ဒေသခံသတိရအောက်မေ့ပွဲအစီအစဉ်များကို ဖော်ပြပါ။ အားလုံးသည် ကျမ်းစာသင်သားများနှင့် စိတ်ဝင်စားသူများကို တက်ရောက်ရန်ကူညီပေးဖို့ နောက်ဆုံးအစီအစဉ်များကို ပြုလုပ်သင့်သည်။

၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် စက်တင်ဘာ ၁၅ ရက်၊ ၁၉၉၆ ခုနှစ်၊ ကင်းမျှော်စင် စာမျက်နှာ ၂၂-၄ မှ “သင်သည် တောင်းပန်ဖို့ အမှန်တကယ်လိုအပ်ပါသလော” ဆောင်းပါးကို အကြီးအကဲတစ်ဦးဟောပါ။ သင့်အသင်းတော်သည် ဇူလိုင်နှင့် ဩဂုတ်လအတွင်း ခန့်အပ်မထားသောရပ်ကွက်ကို လုပ်ဆောင်ရာ၌ ပါဝင်ရန် စီစဉ်ထားပါက ဤလုပ်ငန်းအတွက် ပြုလုပ်ထားသည့်အစီအစဉ်များကိုဖော်ပြထားသော ဇန်နဝါရီ ၁ ရက်၊ ၁၉၉၇ စာကိုပြန်သုံးသပ်ရန် ဤအချိန်အခါကို အသုံးပြုနိုင်သည်။

၁၅ မိ– ယေဟောဝါသက်သေများ၏ ၁၉၉၇ နှစ်ချုပ်စာအုပ်ကို ကောင်းကောင်းအသုံးချပါ။ ဖခင်ဖြစ်သူသည် စာမျက်နှာ ၃-၉ တွင်သုံးသပ်ထားသည့် ပေါ်လွင်ချက်များကို မိသားစုနှင့်သုံးသပ်သည်။ ကမ္ဘာတစ်ဝန်းတွင် သီအိုကရက်တစ်တိုးတက်မှုကို တွေ့မြင်ရသောအခါ အဘယ်ကြောင့်ကျွန်ုပ်တို့ရွှင်လန်းရကြောင်း တင်ပြ။ လာမည့်နှစ်အတွင်း နေ့စဉ်အစာစားချိန်တွင် နှစ်ချုပ်စာအုပ်တစ်အုပ်လုံးကို တစ်ဆင့်ပြီးတစ်ဆင့်ဖတ်သွားရန်အပြင် နေ့စဉ်ကျမ်းချက်ကိုပါ သုံးသပ်ရန် အချိန်အနည်းငယ်ကို မည်သို့ရယူနိုင်ကြောင်း ဖခင်ဖြစ်သူကရှင်းပြ။

သီချင်း ၇၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၂၄ တွင် စမည့်အပတ်

သီချင်း ၆၇

၉ မိ– ဒေသကြေညာချက်များ။ ဧပြီလတွင် အရန်ရှေ့ဆောင်ရန် လျှောက်လွှာတင်သွင်းဖို့ နောက်မကျလွန်းသေးကြောင်း ရှင်းပြပါ။ ဤလအတွင်း လုပ်ငန်းတော်စည်းဝေးအတွက် ဒေသအလိုက်ပြုလုပ်မည့် ထပ်ဆင့်အစီအစဉ်များကို ဖော်ပြပါ။

၂၄ မိ– “ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ။” (အပိုဒ် ၁-၂၀) မေးဖြေရန်။ အပိုဒ် ၁၆ ကို တိုတိုတုတ်တုတ်သရုပ်ပြပါ။

၁၂ မိ– စတင်ပါဝင်နိုင်ရန် ကြေညာသူလူသစ်တစ်ဦးအား ကူညီပေးခြင်း။ ၁၉၉၆၊ ဇွန်လထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကြားညှပ်စာရွက်ပါ အပိုဒ် ၁၉ ကိုပြန်သုံးသပ်ပါ။ အရည်အချင်းရှိကြေညာသူတစ်ဦးသည် နှစ်ခြင်းမခံရသေးသောကြေညာသူတစ်ဦးအဖြစ် အကြီးအကဲများက ယခုလေးပင် လက်ခံအတည်ပြုလိုက်သော ကျမ်းစာသင်သားတစ်ဦးအား မည်သို့ပြင်ဆင်ပေးသည်ကို သရုပ်ပြပါ။ သူတို့သည် ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၁၁၁၊ အပိုဒ် ၂ ကိုအတူသုံးသပ်။ အတွေ့အကြုံရှိသောကြေညာသူက တစ်အိမ်တက်ဆင်းသက်သေခံခြင်းတွင်ပါဝင်စဉ် အလားတူတွေ့ ကြုံရမည့်အရာနှင့် အများစုက မတုံ့ ပြန်ကြသည့်အခါ စိတ်ဓာတ်ကျဖို့မလိုကြောင်း ရှင်းပြ။ နားထောင်မည့် စိတ်ရင်းမှန်ရှိသောလူတို့ကို ကျွန်ုပ်တို့တွေ့ရသောအချိန်တွင် ရရှိလာသည့်ရွှင်လန်းမှုကိုတင်ပြသည့် အားရှိဖွယ်တွေ့ကြုံမှုတစ်ခုကို ကြေညာသူက ပြန်ပြောပြ။ တိုတုတ်ပြီး ရိုးရိုးကလေးဖြစ်သောမဂ္ဂဇင်းတင်ဆက်ပုံကို သူတို့အတူပြင်ဆင်ကြပြီး ယင်းကိုလက်တွေ့ကျင့်သုံးကြ။ အားပေးချီးမွမ်းပြီး ဤအပတ်တွင် လယ်ကွင်းလုပ်ငန်း၌ အတူပါဝင်ရန် တိကျသောအစီအစဉ်များကို ပြုလုပ်ပါ။

သီချင်း ၈၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မတ် ၃၁ တွင် စမည့်အပတ်

သီချင်း ၇၀

၁၅ မိ– ဒေသကြေညာချက်များ။ ဧပြီ ၆ ရက်တွင် အထူးလူထုဟောပြောချက်ကို တက်ရောက်ရန် စိတ်ဝင်စားသူအားလုံးကို ဖိတ်ခေါ်ပါ။ မတ်လအတွက် လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းကိုပေးကြရန် အားလုံးကို သတိပေးပါ။ ဧပြီလတွင် အရန်ရှေ့ဆောင်ကြမည့်သူအားလုံး၏အမည်ကို ကြေညာပေးပါ။ မေးခွန်းသေတ္တာကို သုံးသပ်ပါ။

၂၀ မိ– “ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ။” (အပိုဒ် ၂၁-၃၅) မေးဖြေရန်။ စာမျက်နှာ ၃ မှလေးထောင့်ကွက်ကို သုံးသပ်ပါ။ လယ်ကွင်းလုပ်ငန်းတော်အတွက် မှတ်တမ်းသွင်းသည့်အခါ ဤလအတွင်း ပြုလုပ်ခဲ့သောပြန်လည်ပတ်မှုတိုင်းကို ရေတွက်ရန် အားလုံးကိုအားပေးပါ။

၁၀ မိ– ဧပြီလအတွင်းဝေငှမည့်စာပေကိုသုံးသပ်ပါ။ ကင်းမျှော်စင်နှင့် နိုးလော့! တစ်စောင်ချင်းစီကို ဝေငှပါ။ ၁၉၉၆၊ အောက်တိုဘာလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၈၊ အပိုဒ် ၃၊ ၄ နှင့် ၈ တွင် ဖော်ပြထားသည့် မဂ္ဂဇင်းတင်ဆက်ပုံပြင်ဆင်ခြင်းနှင့်စပ်လျဉ်းသည့် အကြံပြုချက်များကို တိုတုတ်စွာပြန်ပြောပြပါ။ တိုတုတ်သောတင်ဆက်ပုံတစ်ခု သို့မဟုတ် နှစ်ခုကို အရည်အချင်းရှိကြေညာသူနှစ်ဦးအား သရုပ်ပြစေပါ။ ကြေညာသူများသည် မဂ္ဂဇင်းလက်ခံယူထားသူများ၏မှတ်တမ်းကိုထားသင့်ပြီး ယင်းတို့ကို မဂ္ဂဇင်းလမ်းကြောင်းတွင် ထည့်ရေးထားပါ။

သီချင်း ၉၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ