ကြေညာချက်များ
▪ ဧပြီနှင့် မေလတွင်ဝေငှရန်စာပေ– ကင်းမျှော်စင်၊ နိုးလော့! တစ်စောင်ချင်းစီနှင့် ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်းဘရိုရှာ။ ဇွန်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများ အစပြုခြင်းအပေါ် အာရုံစိုက်ပါ။ ဇူလိုင်နှင့် ဩဂုတ်– ၃၂-မျက်နှာရှိ မည်သည့်ဘရိုရှာမဆို။
▪ ကင်းမျှော်စင်နှင့် နိုးလော့! အတွက် ကိုယ်ပိုင်နှစ်စဉ်ကြေးအပါအဝင် နှစ်စဉ်ကြေးအသစ်နှင့် နောက်နှစ်အတွက် ပြန်ယူခြင်းတို့ကို အသင်းတော်နှင့်ပူးပေါင်းသူများသည် အသင်းတော်မှတစ်ဆင့်ပို့ပေးရမည်။
▪ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို အသင်းမဖြည့်စွက်ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာပေစာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန်၊ အသင်းတော်၏ လစဉ် စာအုပ်စာတမ်းမှာယူသည့်စာရင်းကို အသင်းမသို့မပို့မီ ဦးစီးကြီးကြပ်မှူးသည် လစဉ်ကြေညာပေးရန် စီစဉ်ပေးပါမည်။ မည်သည့်စာအုပ်များသည် အထူးမှာယူရသည့်စာအုပ်များဖြစ်သည်ကို ကျေးဇူးပြု၍ မမေ့ပါနှင့်။
▪ တည်မြဲသောငြိမ်သက်မှုနှင့် ပျော်ရွှင်မှု—ယင်းတို့ကို ရှာတွေ့နိုင်ပုံ အင်္ဂလိပ်ဘာသာပြန်ဘရိုရှာကို တရုတ်စာနှင့် နားလည်လွယ်သောတရုတ်စာတို့ဖြင့် ထပ်၍စီစဉ်ထုတ်ဝေလျက်ရှိသည်။ ဤဘရိုရှာကို တရုတ်လူမျိုးများနှင့် သင်အံမှုပြုရာတွင် အသုံးပြုဖို့အတွက်သာထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် အင်္ဂလိပ်ဘာသာစကားလယ်ကွင်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေမည်မဟုတ်ပါ။
▪ ရရှိနိုင်သောစာအုပ်စာတမ်းများ– သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း (မြန်မာ); ကျွန်ုပ်၏ကျမ်းစာပုံပြင် (မြန်မာ၊ ကချင်၊ ဟားခါး); သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် (အကြီး) (မြန်မာ၊ အင်္ဂလိပ်); သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် (အသေး) (မြန်မာ၊ တီးတိန်); လူငယ်များအမေး (မြန်မာ); ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း (မြန်မာ၊ ဇိုတုန်း၊ ဟားခါး၊ ကွတ်ကီး); ကမ္ဘာသားဘဝထာဝရစံစားကြ (ဇိုတုန်း); ကြည့်ရှုလော့! ငါသည် ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည် (ဟားခါး); ထာဝရအသက်ရစေသောအသိပညာ (မြန်မာ၊ တယ်မီလ်); မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် (တရုတ်၊ တယ်မီလ်); အကြီးမြတ်ဆုံးလူသား (ဟင်ဒီ၊ တယ်မီလ်); ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ (ဘရိုရှာ) (ဟားခါး); ကျိုးကြောင်းဆင်ခြင် (မြန်မာ)။
▪ ရရှိနိုင်သောကက်ဆက်ခွေများ– နိုင်ငံတော်သီချင်းကျူးဧခြင်း (css-E); နိုင်ငံတော်တေးသံသာ-၅ (csm-5); နိုင်ငံတော်တေးသံသာ-၈ (csm-8)။
▪ ရရှိနိုင်သောဗီဒီယိုခွေများ– နာဇီတိုက်ခိုက်မှုကို မားမားမတ်မတ်ရပ်တည်သော ယေဟောဝါသက်သေများ (လိပ်); ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း (ဂျပန်)။
▪ ရရှိနိုင်သောလေဆာဓာတ်ပြားသစ်များ– နိုင်ငံတော်သီချင်းကျူးဧခြင်း (cds-E); နိုင်ငံတော်တေးသံသာ-၃ (cdm-3)။
▪ တိုက်နယ်နှင့်အထူးအစည်းအဝေးနေ့
တာဟန်း–ဧပြီ ၂၅–၂၇ ၁၉၉၇
▪ ဖားအံတိုက်နယ်နှင့်အထူးအစည်းအဝေးအစီအစဉ်ကိုဖျက်သိမ်းထားပါသည်။