ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၇ စာ. ၂
  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • ခေါင်းစ‎ဥ်ငယ်များ
  • စက်တင်ဘာ ၁ တွင်စမည့်အပတ်
  • စက်တင်ဘာ ၈ တွင်စမည့်အပတ်
  • စက်တင်ဘာ ၁၅ တွင်စမည့်အပတ်
  • စက်တင်ဘာ ၂၂ တွင်စမည့်အပတ်
  • စက်တင်ဘာ ၂၉ တွင်စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နဓ ၉/၉၇ စာ. ၂

စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

စက်တင်ဘာ ၁ တွင်စမည့်အပတ်

သီချင်း ၂၆

၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။

၁၅ မိ– “သာ၍အရေးကြီးသောအရာများကို ရှေးဦးထားပါ။” မေးဖြေရန်။ အချိန်ခွင့်ပြုသရွေ့ ၁၉၈၇၊ ဖေဖော်ဝါရီ ၂၂၊ နိုးလော့!၊ [လိပ်] စာမျက်နှာ ၈-၉ ပါ “ဦးစားပေးရမည့်အရာများကို လျောက်ပတ်စွာထားရှိခြင်း” နှင့်စပ်လျဉ်း၍ မှတ်ချက်ပေးပါ။

၂၀ မိ– “သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်းကိုအခြားသူများအားဝေငှခြင်း။” အပိုဒ် ၁ နှင့် ၆-၈ ကိုခြုံငုံ၍ဟောပါ။ အပိုဒ် ၂-၅ ကိုသရုပ်ပြပါ။ တပည့်ဖြစ်စေခြင်းနှင့် သင်အံမှုများစရန်ပန်းတိုင်ကို လှမ်းယူခြင်းကို စိတ်ထဲစွဲမှတ်ထားရမည်ဖြစ်ကြောင်း အလေးထားတင်ပြပါ။

သီချင်း ၁၀၇ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၈ တွင်စမည့်အပတ်

သီချင်း ၂၇

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၀ မိ– ဒေသလိုအပ်ရာများ။

၁၀ မိ– “တပည့်များကိုမွေးထုတ်ပေးသည့်ကျမ်းစာသင်အံမှုများ။” ဟောရန်။

၁၅ မိ– အကြီးအကဲသည် “သင်သားများအား ဆက်ကပ်အပ်နှံနှစ်ခြင်းခံခြင်းသို့ လှုံ့ဆော်ပါ” (နဓ ၆/၉၆ ကြားညှပ်၊ အပိုဒ် ၂၀-၂) ကိုသင်အံမှုများကျင်းပနေသောအတွေ့အကြုံရှိကြေညာသူများနှင့် ဆွေးနွေးသည်။

သီချင်း ၁၀၉ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၁၅ တွင်စမည့်အပတ်

သီချင်း ၃၀

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဗီဒီယိုခွေများကို ကောင်းစွာအသုံးချပါ။ အသင်းမ၏ဗီဒီယိုခွေများကို အသုံးချခြင်းနှင့်စပ်လျဉ်း၍ အကြံပြုချက်များကိုသုံးသပ်ပြီး ကျွန်ုပ်တို့၏မိသားစုနှင့် ဓမ္မအမှုနှစ်ခုစလုံးတွင် ဗီဒီယိုခွေများကို သာ၍အသုံးပြုနိုင်ပုံကိုဖော်ပြသည့် ဒေသခံတွေ့ ကြုံမှုများကိုပြောပြပါ။ သို့မဟုတ် ဗီဒီယိုမရှိသူများအတွက် ကမ္ဘာသားဘဝကဲ့သို့သော အသင်းမစာပေများတွင်ပါသည့်ရုပ်ပုံများကို ကောင်းစွာအသုံးချခြင်းနှင့်စပ်လျဉ်း၍ ဟောပြော၍သရုပ်ပြပါ။

၂၀ မိ– ကျောင်းဘရိုရှာကို သင်အသုံးပြုနေသလော။ ၁၉၈၅ အောက်တိုဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀-၁ [လိပ်] ကိုမိဘနှင့်သားသမီးတချို့နှင့် အကြီးအကဲတစ်ဦးဆွေးနွေးပါ။ သူတို့သည် ကျောင်းဘရိုရှာကိုအသုံးပြုခြင်းဖြင့် သူတို့၏ ကိုယ်ပိုင်တွေ့ ကြုံမှုများကို ပြောပြကြသည်။

သီချင်း ၁၁၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၂ တွင်စမည့်အပတ်

သီချင်း ၃၂

၈ မိ– ဒေသကြေညာချက်များ။

၁၇ မိ– စကားစမြည်ပြောဆိုခြင်းကို အစပြုနိုင်ပုံ။ ဓမ္မအမှုတွင် ကျွန်ုပ်တို့၏အောင်မြင်မှုအများစုသည် အဓိပ္ပာယ်ရှိသောစကားစမြည်ပြောဆိုခြင်းတွင် အခြားသူများအား အာရုံဆွဲယူနိုင်ခြင်းအပေါ်မူတည်သည်။ အခြားသူများနားထောင်ချင်စရာဖြစ်စေသည့် အကြောင်းအရာကိုပြောဆိုနိုင်သောအခါ သက်သေခံခြင်းတွင် ကျွန်ုပ်တို့ရင်ဆိုင်ရသည့် အကြီးမားဆုံးသောအဟန့်အတားများအနက်တစ်ခုကို ကျွန်ုပ်တို့အောင်မြင်ပြီဖြစ်သည်။ ကျောင်းလမ်းညွှန်စာအုပ်၊ သင်ခန်းစာ ၁၆၊ အပိုဒ် ၁၁-၁၄ တွင်ပါသည့် အဓိကအချက်များကို ပရိသတ်နှင့်ဆွေးနွေးပါ။ (၁) လမ်းသွားလမ်းလာတစ်ဦး၊ (၂) ဘတ်စကားပေါ်ရှိ ခရီးသည်တစ်ဦး၊ (၃) ကောင်တာအရောင်းစာရေး၊ (၄) ကားရပ်သည့်နေရာတွင်တွေ့ရသည့် ဈေးဝယ်ထွက်သူ၊ (၅) ပန်းခြံထိုင်ခုံတန်းလျားပေါ်ရှိလူတစ်ဦးနှင့် (၆) တယ်လီဖုန်းဖြင့်သက်သေခံရာတွင် အဆက်အသွယ်ရထားသူတစ်ဦးဦးကဲ့သို့သောလူတို့ကို စကားပြောသောအခါ အသုံးပြုခဲ့သည့်နိဒါန်းစကားများကို အစပြုစကားစမြည်ပြောဆိုရာတွင် ကျွမ်းကျင်ပြီး ထိရောက်မှုရှိသောကြေညာသူများကို ပြောပြစေပါ။

၂၀ မိ– အသင်းတော်၏ ၁၉၉၇ လုပ်ငန်းတော်နှစ်ချုပ်မှတ်တမ်းကို သုံးသပ်ပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် အထူးသဖြင့် မတ်၊ ဧပြီနှင့် မေလအတွင်း ကြိုးစားလုပ်ဆောင်မှုကောင်းအတွက် အသင်းတော်ကိုချီးမွမ်းပါ။ လယ်ကွင်းလုပ်ငန်းနှင့် ကျမ်းစာသင်အံမှုလုပ်ငန်းတိုးတက်ရန် အကြီးအကဲအဖွဲ့နှင့် နောက်ဆုံးတိုက်နယ်ကြီးကြပ်မှူး၏အစီရင်ခံစာမှ အကြံပြုချက်များကို တင်ပြပါ။ စနေတနင်္ဂနွေငါးပတ်ရှိသည့်လများ—နိုဝင်ဘာ၊ မေ၊ ဩဂုတ်လများအတွင်း ကျမ်းစာသင်အံမှုများစခြင်း၊ ကျင်းပခြင်းနှင့် အရန်ရှေ့ဆောင်ခြင်းအပါအဝင် လုပ်ငန်းတော်နှစ်သစ်အတွက် လက်တွေ့ကျပန်းတိုင်အချို့ကို ဖော်ပြပါ။

သီချင်း ၁၁၃ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၉ တွင်စမည့်အပတ်

သီချင်း ၃၇

၁၅ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းတော်မှတ်တမ်းများသွင်းကြဖို့ အားလုံးကိုသတိပေးပါ။ နောက်အပတ်စာအုပ်ကြီးသင်တန်းတွင် အသိပညာစာအုပ်ကို စလေ့လာမည်ဖြစ်ကြောင်း ပြောပြပါ။ အောက်တိုဘာတွင် မဂ္ဂဇင်းလုပ်ငန်းအတွက် ပြင်ဆင်ရာတွင် ၁၉၉၆ အောက်တိုဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၈ မှ “သင့်ရပ်ကွက်ကို သုံးသပ်ပါ၊” “မဂ္ဂဇင်းများနှင့်အကျွမ်းတဝင်ရှိပါ၊” “နိဒါန်းအတွက် ပြင်ဆင်ပါ၊” “အိမ်ရှင်နှင့်အလိုက်သင့်ပြုပြင်ပြောင်းလဲပါ၊” နှင့် “အချင်းချင်းကူညီပါ” ဟူသောလိုအပ်ချက်ကို ဆွေးနွေးပါ။

၁၅ မိ– ခရစ်ယာန်တစ်ဦးသည် ဂျူရီလူကြီးတာဝန်ထမ်းဆောင်ရန် တောင်းဆိုခံရသည့်အခါ မည်သို့ပြုသင့်သနည်း။ ၁၉၉၇၊ ဧပြီ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၉ မှအကြောင်းကို အကြီးအကဲတစ်ဦးဟောပါ။

၁၅ မိ– သင့်ဓမ္မအမှုကိုဂုဏ်တင်ပါ။ ကျွန်ုပ်တို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၈၂-၄ ကိုပရိသတ်နှင့်ဆွေးနွေးပါ။ အဓိကအချက်များကို ပေါ်လွင်စေရန် ဤမေးခွန်းများကိုမေးပါ– (၁) ယေရှု၏ပုံသက်သေကိုလိုက်လျှောက်ခြင်းဖြင့် ကျွန်ုပ်တို့မည်သို့အကျိုးခံစားရသနည်း။ (၂) ဟောပြောရန်ကျွန်ုပ်တို့၏တာဝန်သည် မည်မျှအရေးကြီးသနည်း။ (၃) ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံရန် မည်သည့်အကြောင်းရင်းများက ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသနည်း။ (၄) လူတစ်ဦးသည် ဘုရားသခင်ကိုဝတ်ပြုလိုလျှင် မည်သည့်အကျင့်မျိုးကျင့်ဖို့ လိုသနည်း။ (၅) ယေရှုဟောပြောခဲ့သည့်နည်းမှ ကျွန်ုပ်တို့ဘာသင်ယူနိုင်သနည်း။

သီချင်း ၁၂၁ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ