ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၈ စာ. ၇
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • “အချိန်တန်အစာ”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နဓ ၈/၉၈ စာ. ၇

အထူးအစည်းအဝေးနေ့အစီအစဉ်သစ်

အထူးအစည်းအဝေးနေ့များအစီအစဉ်ကို ၁၉၈၇ ခုနှစ်တွင် စတင်ခဲ့သည်။ ဤတစ်ရက်ကြာစည်းဝေးများသည် ယေဟောဝါ၏ကျေးကျွန်များနှင့် တက်ရောက်ကြသောစိတ်ဝင်စားသူများအတွက် တည်ဆောက်မှုဖြစ်စေကြောင်း ထင်ရှားခဲ့ပြီ။ ၁၉၉၈ ခုနှစ် စက်တင်ဘာတွင်စ၍ အထူးအစည်းအဝေးအစီအစဉ်သစ်တစ်ရပ်ကို ကျင်းပသွားမည်ဖြစ်သည်။ သင်သည် ဝိညာဏအကျိုးဖြစ်ထွန်းစေမည့် ဟောပြောချက်ကိုးခု၊ လူတွေ့မေးမြန်းခန်းနှင့်တွေ့ ကြုံမှုများစွာကို တွေ့ရှိရမည်ဖြစ်သည်။

အစီအစဉ်သစ်၏အဓိကအချက်မှာ “ယေဟောဝါ၏စားပွဲတော်ကို လေးမြတ်ကြောင်းတင်ပြလော့” ဖြစ်၏။ (ဟေရှာ. ၆၅:၁၄; ၁ ကော. ၁၀:၂၁) ယင်းက ယေဟောဝါကိုဝတ်ပြုကိုးကွယ်ခြင်းသည် ကျွန်ုပ်တို့၏အသက်တာတွင် အရေးကြီးဆုံးနေရာ၌ရှိရမည်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကိုခိုင်မာစေမည်ဖြစ်သည်။ (ဆာ. ၂၇:၄) “ကျွန်ုပ်တို့၏နှလုံးလိုအင်ဆန္ဒများကို ဆန်းစစ်ခြင်း” ဟူသည့်တိုက်နယ်ကြီးကြပ်မှူး၏ဟောပြောချက်က အစည်းအဝေးတက်ရောက်ခြင်းနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့၏သဘောထားကို ဆွေးနွေးသုံးသပ်လိမ့်မည်။ ဧည့်သည်ဟောပြောသူက “ယေဟောဝါ၏စားပွဲတော်တွင်စားသုံးခြင်းဖြင့် ဝိညာဉ်ရေးကိုထိန်းသိမ်းထား” နိုင်ပုံကို တင်ပြမည်ဖြစ်သည်။ ဘုရားသခင့်အမှုတော်ဆောင်ရာတွင် ဆက်၍ခိုင်ခံ့မြဲမြံနေရန် ယေဟောဝါ၏အဖွဲ့အစည်းရှိလူငယ်များအား လက်တွေ့ကျအားပေးချက်များကိုလည်း ပေးသွားမည်ဖြစ်သည်။ “ရဲရင့်စွာသက်သေခံရန် ဝိညာဉ်ရေးအရခိုင်ခံ့မြဲမြံ” ဟုခေါင်းစဉ်တပ်ထားသည့် လည်ပတ်ရောက်ရှိလာသော ဟောပြောသူ၏ အဓိကဟောပြောချက်က အသင်းတော်မှတစ်ဆင့်ပြင်ဆင်ပေးသည့်အစီအစဉ်များသည် နိုင်ငံတော်အကြောင်းကို ရဲရင့်စွာသက်သေခံရန် ကျွန်ုပ်တို့အား အသင့်ရှိစေပုံကို တင်ပြမည်ဖြစ်သည်။ မည်သူသည် ဤအစီအစဉ်မှ အကျိုးမခံစားချင်ဘဲရှိမည်နည်း။

နှစ်ခြင်းခံလိုသော ဆက်ကပ်အပ်နှံထားသည့်လူသစ်များသည် ဦးစီးကြီးကြပ်မှူးအား ဖြစ်နိုင်လျှင်ဖြစ်နိုင်ချင်း အသိပေးသင့်၏။ ၁၂ နှစ်မြောက် အထူးအစည်းအဝေးနေ့အစီအစဉ်ကို စတင်သည်နှင့်အမျှ တက်ရောက်သူတိုင်းသည် ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းအတွက် ဝိညာဉ်ရေးအရမြှင့်တင်ခံရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ