ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၉၉ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၃/၉၉ စာ. ၃

ကြေညာချက်များ

▪ မတ်တွင်ဝေငှရန်စာပေ– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။ ဧပြီနှင့် မေ– ကင်းမျှော်စင်နှင့် နိုးလော့!တစ်စောင်ချင်းစီ။ စိတ်ဝင်စားသူများအတွက် တောင်းဆိုဘရိုရှာကိုရရှိစေကာ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် ကြိုးစားပါ။ ဇွန်– ထာဝရအသက်ရစေသောအသိပညာ။

▪ ဧပြီနှင့်မေလများတွင် အရန်ရှေ့ဆောင်လိုသောကြေညာသူများသည် ယခုပင်စီစဉ်ပြီး လျှောက်လွှာများကို စောစောတင်ထားသင့်သည်။ ဤသို့အားဖြင့် အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ကာ မဂ္ဂဇင်းနှင့် အခြားစာအုပ်စာတမ်းများ အလုံအလောက်ရှိရန် စီစဉ်ပေးနိုင်ပါမည်။ အရန်ရှေ့ဆောင်လုပ်ရန် ခွင့်ပြုချက်ရသူအားလုံး၏အမည်ကို အသင်းတော်အားကြေညာသင့်သည်။

▪ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသောသူသည် အသင်းတော်စာရင်အင်းများကို မတ်လ ၁ ရက် သို့မဟုတ် ထိုနေ့ရက်နောက်ပိုင်း စောစောစာရင်းစစ်သင့်သည်။ ယင်းကိုပြုလုပ်ပြီးလျှင် အသင်းတော်အားကြေညာပါ။

▪ သတိရအောက်မေ့ပွဲကို ၁၉၉၉၊ ဧပြီ ၁၊ ကြာသပတေးနေ့တွင် ကျင်းပမည်ဖြစ်သည်။ သင့်အသင်းတော်သည် ပုံမှန်အားဖြင့် ကြာသပတေးနေ့တွင် အစည်းအဝေးများရှိမည်ဆိုလျှင် ယင်းတို့ကို နိုင်ငံတော်ခန်းမအားမည့် ထိုအပတ်၏အခြားနေ့တစ်နေ့သို့ ပြောင်းရန်ဖြစ်သည်။ ထိုသို့မဖြစ်နိုင်ဘဲ သင့်လုပ်ငန်းတော်စည်းဝေးကို ထိခိုက်မည်ဆိုလျှင် သင့်အသင်းတော်နှင့်အထူးသက်ဆိုင်သည့် အပိုင်းများကို နောက်လုပ်ငန်းတော်စည်းဝေးတွင် ပေါင်း၍လုပ်နိုင်သည်။

▪ ကင်းမျှော်စင်နှင့် နိုးလော့!အတွက် ကိုယ်ပိုင်နှစ်စဉ်ကြေးအပါအဝင် နှစ်စဉ်ကြေးအသစ်နှင့် နောက်နှစ်အတွက်ပြန်ယူခြင်းတို့ကို အသင်းတော်နှင့်ပူးပေါင်းသူများသည် အသင်းတော်မှတစ်ဆင့်ပို့ပေးရမည်။

▪ ကြေညာသူတစ်ဦးချင်းစီ တောင်းခံသည့်စာအုပ်စာတမ်းများကို အသင်းမပို့ပေးမည်မဟုတ်ပါ။ ကိုယ်ပိုင်ရလိုသောစာအုပ်စာတမ်းအားလုံးကို စာအုပ်စာတမ်းတာဝန်ခံညီအစ်ကိုအား အသိပေးနိုင်ရန်၊ အသင်းတော်၏လစဉ် စာအုပ်စာတမ်းမှာယူသည့်စာရင်းကို အသင်းမသို့မပို့မီ လစဉ်ကြေညာပေးရန် ဦးစီးကြီးကြပ်မှူးသည် စီစဉ်ပေးပါမည်။ မည်သည့်စာအုပ်များသည် အထူးမှာယူရသည့်စာအုပ်များဖြစ်သည်ကို ကျေးဇူးပြု၍မမေ့ပါနှင့်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ