သတိရအောက်မေ့ပွဲ နှိုးဆော်ချက်များ
ဤနှစ်သတိရအောက်မေ့ရာအထိမ်းအမှတ်ပွဲသည် ဧပြီ ၁ ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သည်။ အကြီးအကဲများသည် အောက်ပါကိစ္စရပ်များကို အာရုံစိုက်သင့်သည်–
▪ အစည်းအဝေးအတွက် အချိန်သတ်မှတ်ရာတွင် မုန့်နှင့်စပျစ်ရည်ကို နေမဝင်မချင်း ကမ်းပေးမည်မဟုတ်ကြောင်း သေချာစေပါ။
▪ ဟောပြောချက်ပေးသူအပါအဝင် ယောက်တိုင်းကို အထိမ်းအမှတ်ပွဲ၏ အချိန်နှင့်နေရာအတိအကျကို အသိပေးထားသင့်သည်။
▪ သင့်လျော်သော မုန့်နှင့်စပျစ်ရည်အမျိုးအစားကို ရရှိထားသင့်ပြီး အသင့်ပြင်ထားသင့်သည်။—ဒီဇင်ဘာ ၁၊ ၁၉၈၄ ခုနှစ်ကင်းမျှော်စင်၊ စာမျက်နှာ ၂၁ ရှု။
▪ ပန်းကန်၊ ဖန်ခွက်၊ သင့်လျော်သောစားပွဲနှင့် စားပွဲခင်းကို ခန်းမသို့ကြိုတင်ယူထားပြီး နေရာချထားသင့်သည်။
▪ အစည်းအဝေးလုပ်မည့် နိုင်ငံတော်ခန်းမ သို့မဟုတ် အခြားနေရာကို အချိန်ကြို၍ သေသေချာချာ သန့်ရှင်းရေးလုပ်ထားသင့်သည်။
▪ ဧည့်ကြိုများနှင့် မုန့်၊ စပျစ်ရည်ဝေမည့်သူများကို ရွေးချယ်ထားသင့်ပြီး သူတို့၏တာဝန်များနှင့် သင့်လျော်သည့်အစီအစဉ်တို့နှင့်စပ်လျဉ်း၍ ကြိုတင်ညွှန်ကြားထားသင့်သည်။
▪ အိုမင်းမစွမ်းဖြစ်၍ လာမတက်ရောက်နိုင်သော ဘိသိက်ခံတစ်ဦးဦးကို မုန့်၊ စပျစ်ရည်ဝေပေးရန် အစီအစဉ်များဆွဲသင့်သည်။
▪ နိုင်ငံတော်ခန်းမတစ်ခုတည်းကို အသင်းတော်တစ်ခုထက်မက သုံးရန်စီစဉ်သောအခါ ဧည့်ခန်း၊ တံခါးဝ၊ လူသွားလမ်းစင်္ကြံနှင့် ကားရပ်သည့်နေရာတွင် မလိုအပ်ဘဲပြွတ်သိပ်နေခြင်းကို ရှောင်ကြဉ်ရန် အသင်းတော်အချင်းချင်း ကောင်းစွာညှိနှိုင်းဆောင်ရွက်သင့်သည်။