ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၉ စာ. ၇
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၁၂/၉၉ စာ. ၇

ကြေညာချက်များ

◼ ဒီဇင်ဘာ တွင်ဝေငှရန်စာပေ– ကမ္ဘာသစ်ဘာသာပြန်ကျမ်း နှင့်အတူ ထာဝရအသက်ရစေသောအသိပညာ။ ဇန်နဝါရီ– အသင်းတော်တွင်ရှိမည့် ၁၉၈၆ ခုနှစ်မတိုင်မီထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ ထိုသို့သောစာအုပ်များမရှိသည့်အသင်းတော်များသည် အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော [လိပ်] သို့မဟုတ် သင်သည်ကမ္ဘာ့ပရဒိသုအတွင်းထာဝစဉ်အသက်ရှင်နိုင်သည် ကိုဝေငှမည်။ ဖေဖော်ဝါရီ– မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက်။ မတ်– ထာဝရအသက်ရစေသောအသိပညာ။ အိမ်တွင်းကျမ်းစာသင်အံမှုများစရန် အထူးကြိုးစားကြမည်။

◼ အသင်းတော်များသည် ၁၉၉၉ ခုနှစ်အတွက် အင်္ဂလိပ် ကင်းမျှော်စင် နှင့် နိုးလော့! နှစ်ချုပ်စာအုပ်တွဲများကို စတင်မှာယူနိုင်သည်။ နှစ်ချုပ်စာအုပ်တွဲများသည် အထူး-တောင်းခံပစ္စည်းများဖြစ်သည်။

◼ ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူတာဝန်ပေးသူသည် အသင်းတော်စာရင်းအင်းများကို ဒီဇင်ဘာ ၁ ရက် သို့မဟုတ် စောနိုင်သရွေ့စောစောစစ်ဆေးသင့်သည်။ ပြီးသည့်အခါ နောက်အပတ်စာရင်းအင်းမှတ်တမ်းကိုဖတ်ပြပြီးနောက် အသင်းတော်ကိုကြေညာပေးပါ။

◼ သက္ကရာဇ် ၂၀၀၁ အတွက် သတိရအောက်မေ့ပွဲသည် ဧပြီ ၈ ရက်၊ တနင်္ဂနွေနေ့ နေဝင်ပြီးချိန်တွင်ဖြစ်သည်။ အရေးကြီးသည့်အခါသမယဖြစ်သောကြောင့် သတိရအောက်မေ့ပွဲဟောပြောချက်ပေးရန် တာဝန်ပေးရာတွင် အကြီးအကဲအဖွဲ့သည် အလှည့်ကျဟောခြင်း သို့မဟုတ် နှစ်စဉ် ညီအစ်ကိုတစ်ဦးတည်းကိုသာသုံးခြင်းအစား ပိုအရည်အချင်းရှိသည့်အကြီးအကဲများထဲမှတစ်ဦးကို ရွေးသင့်သည်။ ဟောပြောချက်ပေးနိုင်သည့် အရည်အချင်းရှိဘိသိက်ခံအကြီးအကဲတစ်ဦးရှိမည်ဆိုလျှင် ခြွင်းချက်ဖြစ်မည်။

◼ သက္ကရာဇ် ၂၀၀၀ နှစ်ချုပ်ကျမ်းချက်— “ကျွန်ုပ်တို့သည် ရွေ့လျောသွားသည့်လူစားမဟုတ် . . . ယုံကြည်ခြင်းရှိသောလူစားဖြစ်ကြ၏။”—ဟေဗြဲ ၁၀:၃၉၊ ကဘ။

“We are not the sort that shrink back . . . but the sort that have faith.”—Heb. 10:39.

“Kannih cu aa let mi phun kan si lo . . . zumhnak a ngei mi phun kan si.”—Heb. 10:39, NW. [Hakha Chin]

◼ ရရှိနိုင်သောစာအုပ်စာတမ်းများ–

ယေဟောဝါသက်သေများ၏ သက္ကရာဇ် ၂၀၀၀ ပြက္ခဒိန်—အင်္ဂလိပ်

တည်မြဲသောငြိမ်သက်မှုနှင့်ပျော်ရွှင်မှု—ယင်းတို့ကိုရှာတွေ့နိုင်ပုံ— အင်္ဂလိပ်၊ တရုတ်

ကမ္ဘာသားဘဝထာဝရစံစားကြ!— အင်္ဂလိပ်၊ ကယန်း၊ တယ်မီလ်

ပရဒိသုဖြစ်ပေါ်စေမည့်ဘုရားသခင့်အစိုးရ— မြန်မာ၊ အင်္ဂလိပ်၊ ဟားခါး၊ ဟင်ဒီ၊ ကချင်၊ နပါလီ၊ တယ်မီလ်

သွေးသည်သင့်အသက်ကိုမည်သို့ကယ်တင်နိုင်သနည်း— အင်္ဂလိပ်၊ တရုတ်

ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော— အင်္ဂလိပ်၊ မြန်မာ၊ စကောကရင်၊ ဟင်ဒီ၊ တရုတ်၊ နပါလီ၊ တယ်မီလ်

သင်ချစ်ရသူတစ်ဦးကွယ်လွန်သည့်အခါ— အင်္ဂလိပ်၊ တရုတ်

ဘဝရည်ရွယ်ချက်ကားအဘယ်နည်း—ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း— အင်္ဂလိပ်၊ မြန်မာ၊ တရုတ်၊ ဟင်ဒီ

လူခပ်သိမ်းအတွက်စာအုပ်တစ်အုပ်— မြန်မာ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ