လုပ်ငန်းတော်စည်းဝေးအစီအစဉ်
သတိပြုရန်– ဤလထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှစ၍ လုပ်ငန်းတော်စည်းဝေးအစီအစဉ်တွင် နောက်လ၏ ပထမလုပ်ငန်းတော်စည်းဝေးအတွက်အောက်လိုင်းတစ်ခုပါဝင်ပါမည်။ ဤပြုပြင်ပြောင်းလဲမှုကိုပြုလုပ်ရခြင်းမှာ ထုပ်ပို့ရေးအစီအစဉ်သစ်ကြောင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု အရောက်နောက်ကျနိုင်သည့်အတွက်ဖြစ်သည်။
ဒီဇင်ဘာ ၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ယေဟောဝါ၏မျက်နှာမလိုက်မှုကိုတုပလော့။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ မျက်နှာမလိုက်ခြင်း၏အဓိပ္ပာယ်၊ ယင်းကိုယေဟောဝါပြသပုံနှင့် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ယင်းကိုမည်သို့တင်ပြနိုင်ကြောင်း ရှင်းပြပါ။—ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၁၊ စာမျက်နှာ ၁၁၉၂၊ အပိုဒ် ၄-၇ [လိပ်] ရှု။
၂၀ မိ– “ကျွန်ုပ်တို့ကြားပြီးသားမဟုတ်လော။” ဟောပြောကာ ပရိသတ်နှင့်ဆွေးနွေးရန်။ အထပ်ထပ်ပြန်ကျော့ခြင်းသည် သမ္မာတရားကို ပိုမိုပြည့်ဝစွာနားလည်ပြီးလေးမြတ်ရန် သူတို့အား မည်သို့ကူညီပေးခဲ့သည်နှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။—ကင်းမျှော်စင်၊ ဇူလိုင် ၁၅၊ ၁၉၉၅၊ စာမျက်နှာ ၂၁-၂ နှင့် ဩဂုတ် ၁၅၊ ၁၉၉၃၊ စာမျက်နှာ ၁၃-၁၄၊ အပိုဒ် ၁၀-၁၂ ရှု။
သီချင်း ၂၁၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ပွဲနေ့နှုတ်ခွန်းဆက်စကားများကို လိမ္မာပါးနပ်စွာတုံ့ပြန်ပုံနှင့်စပ်လျဉ်း၍ အကြံပြုချက်များပေးပါ။ အသင်းတော်တွင် အကြီးမြတ်ဆုံးလူသား သို့မဟုတ် ကြီးမြတ်သောဆရာ စာအုပ်များလက်ကျန်ရှိလျှင် ခရစ္စမတ်ပွဲနေ့များအတွင်း ယင်းတို့ကို ဓမ္မအမှုတွင် မည်သို့ကောင်းစွာအသုံးချနိုင်ကြောင်း တင်ပြပါ။
၁၅ မိ– “သက္ကရာဇ် ၂၀၀၀ အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း။” သီအိုကရက်တစ်ဓမ္မအမှုကျောင်းကြီးကြပ်မှူးဟောရန်။ နှစ်သစ်အတွက်အစီအစဉ်တွင် အောက်ပါပြောင်းလဲမှုများကို သုံးသပ်ပါ။ တာဝန်နံပါတ် ၃ သည် ကမ္ဘာသစ်ဘာသာပြန်ကျမ်း တွင်တွေ့ရသည့်အတိုင်း “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” ကိုအခြေခံပါမည်။ တာဝန်နံပါတ် ၄ သည် ထာဝရအသက်ရစေသောအသိပညာ သို့မဟုတ် “ဆွေးနွေးရန်ကျမ်းစာအကြောင်းများ” ကိုအခြေခံပါမည်။ ဤတာဝန်ခန့်အပ်ချက်ဘေးတွင်ကပ်၍ နံပါတ်အမှတ်အသား (#) ကိုဖော်ပြထားသည့်အခါ ယင်းကို ညီအစ်ကိုတစ်ဦးကိုင်လျှင် ပိုကောင်းပါသည်။ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းကို အမီလိုက်ကြဖို့နှင့် ကျောင်းတွင် တာဝန်များကိုကျေပွန်ရန် ဝီရိယရှိကြဖို့ အားလုံးကိုတိုက်တွန်းပါ။
၂၀ မိ– “ဘုရားမဲ့ဝါဒီတစ်ဦးကို သင်မည်သို့ပြောမည်နည်း။” မေးဖြေရန်။ များစွာသောသူတို့ ဘုရားသခင်ကိုမယုံကြည်ကြတော့သည့် အကြောင်းရင်းအမျိုးမျိုးကို သုံးသပ်ပါ။ ဘုရားသခင့်တည်ရှိမှုကိုအသိအမှတ်ပြုခြင်းသည် ဆင်ခြင်တုံတရားနှင့်ညီကြောင်းကို သိမြင်ရန်ကူညီပေးဖို့ သူတို့ထံချဉ်းကပ်နိုင်မည့်နည်းအချို့ကို အကြံပြုပါ။ တစ်ခုနှစ်ခုကို တိုတိုတုတ်တုတ်သရုပ်ပြပါ။ ထပ်ဆင့်အချက်အလက်အတွက် ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၉၅-၂၀၂ နှင့် ဘုရားသခင်ကိုလူသားများရှာပုံတော်၊ အခန်း ၁၄ [လိပ်] ကိုကြည့်ပါ။
သီချင်း ၂၂၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကြေညာသူများအား မကြာသေးမီက လယ်ကွင်းလုပ်ငန်းတွင် သူတို့ရရှိခဲ့သည့်တွေ့ ကြုံမှုများကို တိုတိုတုတ်တုတ် အချက်ကျကျပြောပြစေပါ။
၁၅ မိ– စကားဆက်ပြတ်စေနိုင်သူများအားတုံ့ပြန်ခြင်း။ ပရိသတ်နှင့်ဆွေးနွေး၍ သရုပ်ပြရန်။ ကျိုးကြောင်းဆင်ခြင် စာအုပ်၏စာမျက်နှာ ၁၅-၁၆ ရှိ “မှတ်ချက်” ကိုဖတ်ပါ။ စာမျက်နှာ ၁၆-၂၀ မှ ‘စကားဆက်ပြတ်စေသည့်အရာ’ နှစ်ခုသုံးခုကိုရွေးပါ သို့မဟုတ် သင့်ရပ်ကွက်တွင် မကြာခဏတွေ့ ကြုံရသည့် အခြားအရာများကို အသုံးပြုပါ။ အကြံပြုထားသည့်တုံ့ပြန်ပုံများအနက် အချို့ကိုသုံးသပ်ကာ ယင်းတို့သည် ဒေသအလိုက် အဘယ်ကြောင့်ထိရောက်မှုရှိနိုင်ကြောင်းကို ဆန်းစစ်ပါ။ ယင်းတို့အနက်အနည်းငယ်ကို တိုတိုတုတ်တုတ်သရုပ်ပြပါ။ ရလဒ်ကောင်းများရစေသော သူတို့အသုံးပြုခဲ့သည့် တုံ့ပြန်နည်းများကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၂၀ မိ– ဘာသာရေးအဖွဲ့အစည်းတစ်ခုပါဝင်ပတ်သက်နေသည့် လုပ်ငန်းတစ်ခုကို ကျွန်ုပ်လက်ခံသင့်သလော။ ဧပြီ ၁၅၊ ၁၉၉၉၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၀ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောရန်။ အချို့သူများသည် ထိုသို့သောအလုပ်ကိုလက်ခံခဲ့ကြကာ နောက်ပိုင်းတွင် သူတို့လုပ်နေသည့်အရာသည် ကျမ်းစာမူများနှင့်မညီကြောင်း တွေ့ရှိခဲ့ကြသည်။ အချို့ဘာသာရေးဆက်နွှယ်မှုများရှိသည့် လောကီလုပ်ငန်းကိုလုပ်ခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချသည့်အခါ ကျွန်ုပ်တို့သုံးသပ်ဖို့လိုသည့်မေးခွန်းများကို ပြန်သုံးသပ်ပါ။ ယေဟောဝါရှေ့တွင် ကောင်းသောရပ်တည်မှုကိုသေချာစေမည့်လမ်းစဉ်ကို လိုက်လျှောက်ကြရန် အားလုံးကိုတိုက်တွန်းပါ။—၂ ကော. ၆:၃၊ ၄၊ ၁၄-၁၈။
သီချင်း ၁၀၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဒီဇင်ဘာလယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် အားလုံးကိုနှိုးဆော်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ဇန်နဝါရီလအတွင်း စာအုပ်ဟောင်းများကိုဝေငှခြင်း။ ဟောပြော၍သရုပ်ပြရန်။ အသင်းတော်တွင်ရှိမည့် ၁၉၈၆ ခုနှစ်မတိုင်မီကထုတ်ဝေခဲ့သော ၁၉၂-မျက်နှာရှိစာအုပ်ဟောင်းနှစ်အုပ်သုံးအုပ်ကိုပြကာ လယ်ကွင်းဓမ္မအမှုအတွက်အချို့ကို ထုတ်ယူထားကြရန် ကြေညာသူများကိုတိုက်တွန်းပါ။ (မရှိပါက ဇန်နဝါရီလအတွက် အခြားဝေငှမှုတစ်မျိုးမျိုးကိုဆွေးနွေးပါ။) ဤစာအုပ်ဟောင်းများသည် ကျမ်းစာတွင်စိတ်ဝင်စားမှုပျိုးထောင်ပေးရာ၌ အဘယ်ကြောင့် ထိရောက်မှုရှိနေဆဲပင်ဖြစ်ကြောင်းကို ရှင်းပြပါ။ စကားစမြည်ပြောဆိုခြင်းကိုအစပြုရာ၌ ကောင်းစွာအသုံးချနိုင်သည့် တစ်အုပ်စီတွင်ပါသော အချက်ကောင်းများနှင့်ရုပ်ပုံများကို ပေါ်လွင်စေပါ။ တင်ဆက်ပုံတစ်ခုနှစ်ခုကို သရုပ်ပြပါ။ စိတ်ဝင်စားမှုတွေ့လျှင် သင်အံမှုစရန် တောင်းဆို ဘရိုရှာကို အသုံးပြုနိုင်သည်။
သီချင်း ၂၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇန်နဝါရီ ၃ တွင်စမည့်အပတ်
၈ မိ– ဒေသကြေညာချက်များ။
၁၇ မိ– မည်သို့အဖြေပေးရမည်ကိုသိရှိပါ။ (ကော. ၄:၆) ဟောပြော၍ပရိသတ်နှင့်ဆွေးနွေးရန်။ ကျိုးကြောင်းဆင်ခြင် စာအုပ်သည် အခြားသူများအား ကျမ်းစာသမ္မာတရားကိုဝေငှရန် လမ်းခင်းပေးရာ၌ အထောက်အကူကောင်းတစ်ရပ်ဖြစ်သည်။ အိမ်ရှင်တစ်ဦးသည် ကျွန်ုပ်တို့၏ယုံကြည်ချက်များအနက်တစ်ခုကို ကန့်ကွက်သည့်အခါ ထိုယုံကြည်ချက်နှင့်သက်ဆိုင်သည့်အပိုင်း၏အဆုံးရှိ “တစ်စုံတစ်ယောက်ကဤသို့ပြောလျှင်—” ဟူသောအပိုင်းကို ကျွန်ုပ်တို့အသုံးချနိုင်သည်။ စာမျက်နှာ ၃၄၆-၅၀ တွင်ဖော်ပြထားသည့် သမ္မာကျမ်းစာနှင့်ဆိုင်သောမှတ်ချက်များကို ဆွေးနွေးကာ အကြံပြုထားသောတုံ့ပြန်နည်းများသည် အဘယ်ကြောင့် ထိရောက်မှုရှိမည်ဖြစ်ကြောင်းကို သုံးသပ်ပါ။
၂၀ မိ– လစဉ်တိုးတက်ရန် ကြိုးစားလုပ်ဆောင်ကြဖို့ အသင်းတော်ကိုအားပေးပါ။
(၁) မှန်မှန်ကြေညာသူများဖြစ်ပါ။ (မလှုပ်ရှားသူမရှိ)
(၂) အသင်းတော်တွင် ယခုကြေညာသူလုပ်နိုင်သည့် ကလေးများရှိသလော။
(၃) ကျမ်းစာသင်အံမှုများသည် ကြေညာသူများဖြစ်နိုင်မည်လော။
သီချင်း ၅၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။