ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၉ စာ. ၁
  • ကျွန်ုပ်တို့ကြားပြီးသားမဟုတ်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့ကြားပြီးသားမဟုတ်လော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်သည် ယေဟောဝါ၏သတိပေးချက်များကို လွန်စွာနှစ်သက်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေဟောဝါ၏သတိပေးချက်များသည် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ကို နှိုးဆော်ပေးနေသလော
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ယေဟောဝါရဲ့ သတိပေးချက်တွေက ယုံကြည်စိတ်ချထိုက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဘုရားသခင့်စကားတော်သည် သင်၏လမ်းခရီးကို လင်းစေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၁၂/၉၉ စာ. ၁

ကျွန်ုပ်တို့ကြားပြီးသားမဟုတ်လော

၁ အမှန်ပင်ကျွန်ုပ်တို့ကြားပြီးသားဖြစ်၏! ယေဟောဝါသည် မိမိလူမျိုးတော်၏အကျိုးအတွက် မိမိ၏နှုတ်ကပါဌ်တော်တွင် များစွာသောအရာတို့ကို ထပ်တလဲလဲဖော်ပြသည်။ ယေရှုသည် နိုင်ငံတော်၏အသွင်အမျိုးမျိုးနှင့်ပတ်သက်၍ မိမိ၏သွန်သင်ချက်များကို ထပ်တလဲလဲဖော်ပြလေ့ရှိသည်။ ကိုယ်တော်၏တမန်တော်များသည် သမ္မာတရားတွင် ခိုင်မာစွာအခြေချထားသူများနှင့် ဝိညာဉ်ရေးရာများကို အဆက်မပြတ်သုံးသပ်ခဲ့ကြသည်။—ရော. ၁၅:၁၅၊ ၁၆; ၂ ပေ. ၁:၁၂-၁၄; ၃:၁၊ ၂။

၂ ကျွန်ုပ်တို့အချိန်တွင် ယေဟောဝါ၏အဖွဲ့အစည်းသည် အစည်းအဝေးများတွင် ထပ်တလဲလဲသုံးသပ်ရန် အရေးကြီးသည့်အကြောင်းအရာများကို စီစဉ်ပေးခဲ့ပေပြီ။ အချို့သောစာပေများသည် အထပ်ထပ်လေ့လာပြီးသားဖြစ်၏။ မှန်ပါသည်၊ ကျွန်ုပ်တို့ကြားပြီးသားအရာများကို ကြားဖို့အရေးကြီးသည်!

၃ အထပ်ထပ်ပြန်ကျော့ခြင်းသည် အရေးကြီးသည့်လိုအပ်ချက်တစ်ခုကိုဖြည့်ဆည်းပေး– ယေဟောဝါ၏သတိပေးချက်များသည် ကျွန်ုပ်တို့၏နားလည်မှုကိုတိုးစေပြီး ကျွန်ုပ်တို့၏အမြင်ကိုကျယ်စေကာ ဝိညာဉ်ရေးလမ်းကြောင်းပေါ်တွင်ဆက်ရှိနေရန်ဟူသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကိုခိုင်မာစေသည်။ (ဆာ. ၁၁၉:၁၂၉) ဘုရားသခင့်စံနှုန်းများနှင့် မူများကိုသုံးသပ်ခြင်းသည် မှန်ကိုကြည့်ခြင်းနှင့်တူသည်။ ယင်းက ကျွန်ုပ်တို့ကိုယ်ကို စစ်ဆေးရန်နှင့် “တရားနာ၍မေ့လျောသောသူ” ဖြစ်တတ်ခြင်းကို တိုက်ဖျက်ရန်ကူညီပေးသည်။—ယာ. ၁:၂၂-၂၅။

၄ သမ္မာတရားအကြောင်း ကျွန်ုပ်တို့ကိုယ်ကို သတိမပေးဘဲနေမည်ဆိုလျှင် အခြားအရာများသည် ကျွန်ုပ်တို့၏နှလုံးကို ဩဇာလွှမ်းမိုးပါလိမ့်မည်။ ဘုရားသခင်၏သတိပေးချက်များသည် စာတန့်လောက၏ ဖောက်ပြန်ယိုယွင်းသောသြဇာများကို ခုခံတွန်းလှန်ရန် ကျွန်ုပ်တို့ကိုခွန်အားရှိစေသည်။ (ဆာ. ၁၁၉:၂၊ ၃၊ ၉၉၊ ၁၃၃; ဖိ. ၃:၁) ဘုရားသခင့်ရည်ရွယ်ချက်များပြည့်စုံမှုနှင့်စပ်လျဉ်းသည့် ကျွန်ုပ်တို့ရရှိသောပုံမှန်သတိပေးချက်များသည် “စောင့်နေကြ” ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်ပေးသည်။ (မာ. ၁၃:၃၂-၃၇) ကျမ်းဆိုင်ရာသမ္မာတရားများကို အထပ်ထပ်ပြန်ကျော့ခြင်းသည် ထာဝရအသက်လမ်းပေါ်တွင်ဆက်ရှိနေရန် ကူညီပေးသည်။—ဆာ. ၁၁၉:၁၄၄။

၅ ကိုယ်တိုင်ကိုယ်ကျအကျိုးခံစားနိုင်ပုံ– ကျွန်ုပ်တို့သည် ‘ကျွန်ုပ်တို့၏နှလုံးကို ဘုရားသခင့်သတိပေးချက်များဘက်သို့ညွှတ်’ ရမည်ဖြစ်သည်။ (ဆာ. ၁၁၉:၃၆) ရင်းနှီးသောအကြောင်းအရာတစ်ခုကို အသင်းတော်စည်းဝေးတစ်ခုတွင်သုံးသပ်သောအခါ ကြိုတင်ပြင်ဆင်ကာ ညွှန်းထားသည့်ကျမ်းချက်များကိုဖွင့်ဖတ်ပြီး အကြောင်းအရာအားကျင့်သုံးနိုင်ပုံကို သုံးသပ်သင့်သည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပြန်လည်စစ်ဆေးခြင်းကို မလိုအပ်ဟုယူမှတ်ကာ မပြင်ဆင်ဘဲမနေကြစို့နှင့်။ (လု. ၈:၁၈) ကျွန်ုပ်တို့သည် အခြေခံသမ္မာတရားများကို အစည်းအဝေးများတွင် ထပ်တလဲလဲတင်ပြလေ့ရှိခြင်းကြောင့် မည်သည့်အခါမျှ ဂရုမစိုက်ဘဲနေလိုကြမည်မဟုတ်ပေ။—ဟေဗြဲ ၅:၁၁။

၆ ကျွန်ုပ်တို့၌ ဆာလံဆရာ၏သဘောထားမျိုးရှိကြစို့– “ခပ်သိမ်းသောစည်းစိမ်ဥစ္စာ [“အဖိုးထိုက်သောအရာများ၊” ကဘ] ကိုရဘိသကဲ့သို့၊ သက်သေခံတော်မူရာလမ်း [“သတိပေးချက်များ၊” ကဘ] ၌ဝမ်းမြောက်ပါ၏။” (ဆာ. ၁၁၉:၁၄) မှန်ပါသည်၊ ဤအဖိုးထိုက်သောအရာများသည် ကျွန်ုပ်တို့ကြားပြီးသားဖြစ်ကာ ယင်းတို့ကိုတစ်ဖန်ပြန်ကြားရပေမည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့သည် ယင်းတို့အားကြားရန်လိုအပ်သည်ကို ယေဟောဝါသိသောကြောင့်ဖြစ်သည်!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ