ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၃/၀၀ စာ. ၁
  • ငါဘာလုပ်နိုင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ငါဘာလုပ်နိုင်သလဲ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင်းတော်ကို ထောက်မပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ကောင်းသောအလုပ်တိုင်းကို စိတ်လိုကိုယ်လျောက်ဆောင်ရွက်ရန် မိမိကိုယ်ကိုဆက်သခြင်း
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • အသင်းတော်သည် တည်ဆောက်ခြင်းရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • လုပ်ငန်းအတွက်မိမိလူမျိုးတော်ကို ယေဟောဝါစုစည်း၍တန်ဆာဆင်
    ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံးဘုရားသခင့်အလိုတော် ထမ်းရွက်ခြင်း
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၀
နဓ ၃/၀၀ စာ. ၁

ငါဘာလုပ်နိုင်သလဲ

၁ ‘ငါဘာလုပ်နိုင်သလဲ။’ ထိုမေးခွန်းသည် ၁၈၇၀ ပြည့်လွန်နှစ်များတွင် ချားလ်စ် တေ့ဇ် ရပ်စယ်လ် ဖွဲ့စည်းခဲ့သည့် ကျမ်းစာလေ့လာမှုအုပ်စုငယ်၏ အဖွဲ့ဝင်များစိတ်ထဲတွင်ရှိခဲ့သည်မှာ သေချာသည်။ ဘုရားသခင်၏အလိုတော်ကို တိုး၍သိနားလည်လာသည်နှင့်အမျှ ကနဦးကျမ်းစာကျောင်းသားများသည် ဘုရားသခင့်ရည်ရွယ်ချက်အကြောင်းသိရှိရန် အခြားသူများအားကူညီပေးဖို့ သူတို့လုပ်ဆောင်နိုင်သည့်အရာကို တွေးတောခဲ့ကြပေမည်။ သူတို့ရရှိထားသည့် ကျမ်းစာအသိပညာကို တစ်ကမ္ဘာလုံးသို့ရောက်ရှိရန်ဟူသည် ဧရာမတာဝန်ကြီးတစ်ခုဖြစ်သည်မှာ သေချာသည်။

၂ ကျွန်ုပ်တို့အတွက် ဝမ်းသာစရာမှာ ထိုစိန်ခေါ်ချက်ကို သူတို့ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ မည်သို့အားဖြင့်နည်း။ တစ်ဦးစီသည် အရေးမပါဟုထင်ရသည့် မိမိ၏အပိုင်းကိုလုပ်ဆောင်ခဲ့ကြရာ ယနေ့ဆိုလျှင် ယေဟောဝါသက်သေများကို နိုင်ငံပေါင်း ၂၃၄ နိုင်ငံနှင့် အဏ္ဏဝါပြင်မှကျွန်းများရှိ အသင်းတော် ၉၀,၀၀၀ ခန့်တွင်အမှုဆောင်နေသည့် နိုင်ငံတော်ကြွေးကြော်သူ ခြောက်သန်းနီးပါးရှိအဖွဲ့အစည်းတစ်ခုအဖြစ် ကမ္ဘာသိဖြစ်နေပါပြီ။—ဟေရှာ. ၆၀:၂၂။

၃ အပြည့်အဝထောက်ကူပါ– ဤနောက်ဆုံးကာလတွင် ပြီးမြောက်မည်ဟု ယေရှုကြိုတင်မိန့်ကြားခဲ့သည့် အလွန်ကြီးမားသောလုပ်ငန်းတွင် အတော်အတန်ပါဝင်ရခြင်းသည် ကျွန်ုပ်တို့တစ်ဦးစီအတွက် အရေးပါသည်။ (မာ. ၁၃:၁၀) သေချာသည်မှာ ဤလုပ်ငန်းကို အရေအတွက်အကန့်အသတ်ရှိသော အကြီးအကဲများအတွက်သာ ထား၍မဖြစ်နိုင်ပါ; ဟောပြောခြင်းလုပ်ငန်းသည် ရှေ့ဆောင်များ၏ပခုံးပေါ်တွင်သာ ရှိနေသည်မဟုတ်ပါ။ စင်စစ်အားဖြင့် ဆက်ကပ်အပ်နှံထားသောခရစ်ယာန်တိုင်း ပါဝင်ရမည့်အရေးကြီးသောကဏ္ဍတစ်ခုရှိသည်။ ကျွန်ုပ်တို့အားလုံးသည် ဟောပြောခြင်းလုပ်ငန်း၏အသွင်အချို့တွင် ပါဝင်နိုင်သည်။ (၁ တိ. ၁:၁၂) ယင်းကို ကျွန်ုပ်တို့မည်မျှအတိုင်းအတာအထိလုပ်ဆောင်ပါစေ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူများ အကျိုးခံစားကြရသည်။—၁ တိ. ၄:၁၆။

၄ တစ်ဦးစီသည်လည်း အခြားအရေးပါသောနည်းများဖြင့် ခရစ်ယာန်ညီအစ်ကိုအသင်းအပင်းကို အပြည့်အဝထောက်ကူနိုင်သည်။ ကျွန်ုပ်တို့သည် မှန်မှန်တက်ရောက်ခြင်းနှင့် အားတက်သရောပါဝင်ခြင်းဖြင့် အသင်းတော်အစည်းအဝေးများကို ထောက်ကူနိုင်သည်။ (ဆာ. ၁၂၂:၁၊ ၈၊ ၉) ကျွန်ုပ်တို့သည် အသင်းတော်စာရိတ္တသန့်ရှင်းနေစေရန် ကျွန်ုပ်တို့၏အပိုင်းကိုလုပ်ဆောင်နိုင်သည်။ နိုင်ငံတော်ခန်းမသန့်ရှင်းရေးတွင် ပါဝင်နိုင်သည်။ ကျွန်ုပ်တို့၏ငွေကြေးအခြေအနေအရ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ပေးနိုင်သည်။ ယောက်တိုင်းသည် လူသစ်များ၊ လူငယ်များနှင့် အသက်ကြီးသူများကိုပါ ကူညီပေးခြင်းဖြင့် လှိုက်လှဲပျူငှာသောမေတ္တာစိတ်ဓာတ်နှင့် စည်းလုံးမှုကို တိုးမြှင့်နိုင်သည်။—ကော. ၃:၁၂၊ ၁၄။

၅ ထို့ကြောင့် ‘ငါဘာလုပ်နိုင်သလဲ’ ဟူ၍ သင်မေးပါ။ သင်၏ကြိုးစားအားထုတ်မှုသည် အသေးအဖွဲဟုထင်ရမည်ဖြစ်သော်လည်း သင့်အပိုင်းကိုလုပ်ဆောင်ခြင်းအားဖြင့် ခိုင်ခံ့တက်ကြွပြီး ကျန်းခံ့သောအသင်းတော်တစ်ခုကို ဖြစ်စေပါသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့အားလုံးသည် ယေဟောဝါ၏နာမတော်ကိုဂုဏ်တင်ရာ၌ အရေးပါသောအပိုင်းတွင်ပါဝင်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ